💞22💞

2.1K 222 3
                                    

White in the red heart

                            💞22💞

      ပိုင်ရှီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှုပင်းခန့်ရဲ့ ဆွဲဆောင်မှုအားပြင်းလှသော လည်စေ့နဲ့ တည့်တည့်တိုးသည်။ မျက်လုံးကိုအသာပြန်မှိတ်လိုက်ပြီး မကြာလိုက် ရှုပင်းခန့်က နှုတ်ခမ်းကို ပြန်ခွာလိုက်၏။ ပိုင်ရှီး ကိုယ်ကနေ အနည်းငယ်ခွဲခွာနေတဲ့ စောင်ကို သာသာလေးဆွဲမပြီး ခြုံပေးသည်။

"ကိုကို.....ဒီနေ့အတွက်တကယ်တောင်းပန်ပါတယ်....ကိုကိုကျွန်တော့်အနားမှာအမြဲနေပေးရင်သိပ်ကောင်းမှာပဲ...ကျွန်တော်ကိုကို့ကိုတကယ်လိုအပ်လို့ပါ..."

       စကားအဆုံးသတ်တော့ ပိုင်ရှီးပါးပြင်ကို အနမ်းတစ်ပွင့် ထပ်၍ စွန့်ကျဲသွားလေ၏။ ထို့နောက် တံခါးကိုအသာလေးပြန်ပိတ်ကာ ထွက်သွားခဲ့သည်။ သူမသိလိုက်တာက ပိုင်ရှီး အစကနေအဆုံးထိ သတိရှိနေခဲ့တယ် ဆိုတာပင်။ ရှုပင်းခန့် ထွက်သွားတော့ ပိုင်ရှီး ဘေးတစ်စောင်းအနေအထား ပြောင်းလိုက်သည်။

      ရှုပင်းခန့် နမ်းသွားတဲ့ သူ့ပါးနဲ့နဖူးကို တစ်ခါစီ ပွတ်သပ်ကြည့်ရင်း ရင်ဘတ်ထဲက ခံစားချက်က ဘယ်လိုမှန်းကိုမသိ ကျင်ခနဲ ကျင်ခနဲ ဖြစ်ဖြစ်သွားသည်သာမက နှလုံးခုန်နှုန်းတွေကလည်း မြင်းရိုင်းတစ်ကောင် ခုန်ပေါက်နေသည့်နှယ် ထိန်းမရသိမ်းမရ ဖြစ်နေတော့သည်။ သူရှုပင်းခန့်အပေါ် ထူးခြားတဲ့ ခံစားချက်တွေများ ရှိနေပြီလား။

      အဲ့ဒီအတွေးနဲ့ပဲ ပိုင်ရှီး အိပ်ပျော်သွားခဲ့သည်။ အိပ်မောကျသွားပြီး မကြာလိုက်ပါ။ အိမ်မက်တစ်ခုထဲကို ဆွဲသွင်းခံလိုက်ရသည်။ မြူတွေဖုံးလွှမ်းနေတဲ့ တောင်ထိပ်တစ်နေရာ ဖြစ်သည်။ သူရပ်နေတဲ့ နေရာကလွဲရင် ပတ်ဝန်းကျင်တစ်ခုလုံးက မြူတွေနဲ့ ဖုံးလွှမ်းနေ၏။ လေအေးအေးလေးက စိတ်ကိုကြည်လင် လန်းဆန်စေပေမယ့် ပတ်ဝန်းကျင်ကို မသက်ာတာကြောင့် ထိုလေထုကိုလည်း အာရုံမစိုက်နိုင်ပေ။

       သူ့အနောက်မှ လူရိပ်တစ်ခု ဖြတ်သန်းလာတာ မြင်သောအခါ ပိုင်ရှီး ချာခနဲ လှည့်ကြည့်လိုက်ရာ အသက်၄၀အရွယ် အမျိုးသမီး တစ်ယောက်ဖြစ်နေသည်။ အရွယ်နုနေပုံထောက်ရင်တော့ သူမသည်လည်း ကျင့်ကြံခြင်း လမ်းစဥ်လိုက်သူ ဖြစ်လိမ့်မည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now