💞4💞

3K 339 1
                                    

ခိုနားခွင့်လေး

                     💞4💞

      ကောင်လေးငယ်က ခေါင်လေးငုံ့လျက် ဖြေလာသည်။ ပိုင်ရှီး သူ့ခေါင်းလေးကို အသာပွတ်ပေးပြီးနောက် ကုန်သည်ကြီးဘက် လှည့်လိုက်၏။

"သူကိုယ်ပေါ်ကအဝတ်အစားကကျွန်တော်ပိုင်ရှီးကိုယ်တိုင်ဝယ်ပေးထားတာပါ....."

       ကုန်သည်ကြီးလည်း မျက်နှာပျက်ကာ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဖြစ်နေတော့သည်။ ပိုင်ရှီးက ခပ်ပြုံးပြုံးပင် စကားဆက်လိုက်၏။

"ဒီကလေးဘယ်သူ့ဆီကမှမခိုးဘူးဆိုတာကျွန်တော်ယုံတယ်....သူသာခိုးခဲ့ရင်ဒီအချိန်ထိဒီမြို့မှာရှိနေမှာမဟုတ်ဘူး....သူထွက်ပြေးလောက်ပြီပေါ့....မဟုတ်ဘူးလား....ကုန်သည်ကြီး...."
"ဟုတ်....ဟုတ်ပါတယ်...သခင်လေးပြောတာမှန်ပါတယ်....ကျုပ်သေချာမစစ်ဆေးမိဘူး..."

"ဖြစ်တတ်ပါတယ်.....ကုန်သည်ကြီးဆီမှာသူ့ကိုခေါ်ထားရတာအခက်အခဲဖြစ်ရင်...စိတ်မပူပါနဲ့..."
"ဘာလို့လဲ..."

"ကျွန်တော်သူ့ကိုမွေးစားမှာမလို့ပါ...."
"ဟင်!"

        လူအုပ်ကြီးကလည်း လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ပိုင်ရှီးက ထပ်၍ စကားတက်လိုက်၏။

"ရမလား..."
"ရပါတယ်....ရပါတယ်....ခေါ်သွားပါ...."

       သို့နှင့် ပိုင်ရှီးသည် ကောင်လေးငယ်၏ လက်ကိုဆွဲ၍ မြင်းဆီသို့ လျှောက်သွားလိုက်သည်။ ကောင်လေးငယ်ကို သူ့အရှေ့မှာ ထားလိုက်ပြီး သူကအနောက်ကနေ မြင်းကြိုးကိုင်လျက် ချင်းမင်းရွာသို့ ခရီးနှင်လာခဲ့၏။

       မြို့ကထွက်လာပြီးနောက် တောလမ်းအတိုင်း ဆက်လာခဲ့သည်။ ဖြောင်းဖြူးနေသော ထိုလမ်းထက် မြင်းတစ်ကောင်နှင့် သူတို့နှစ်ယောက်ထဲသာ။

"ကိုကို......ကိုကိုတကယ်ပဲကျွန်တော့်ကိုခေါ်ထားမလို့လား..."
"အင်း..."

"ဒါပေမယ့်.....ကိုကိုကကောင်းကင်ဂိုဏ်းကလေ....ကျွန်တော်က...."
"ငါသုံးနှစ်အတွင်းပြန်ဖြစ်မယ်မထင်ဘူးမင်းကိုတစ်နေရာရာမှာအခြေချနိုင်အောင်လုပ်ပေးခဲ့မယ်....ငါမပြန်ခင်...."

"ကိုကိုပြန်ပြီးရင်ပြန်မလာတော့ဘူးလားဟင်..."

        ပိုင်ရှီး ပြုံးရုံသာ ပြုံးလိုက်သည်။ ဘာစကားမှ ပြန်မပြောတော့ချေ။ သို့နှင့် ညနေစောင်းရောက်သောအခါမှ ချင်းမင်းရွာသို့ ရောက်ခဲ့သည်။ ပိုင်ရှီး ထင်ထားတဲ့အတိုင်း ရွာငယ်လေးပါပဲ။ အိမ်ခြေ၅၀လောက်သာ ရှိလိမ့်မည်။ ဆန်စပါး ပေါများသော ရွာကလေး၊ ညဆိုမီးပုံပွဲ အမြဲကျင်းပသော ရွာကလေးက ယခုဆို ညနေစောင်းရောက်ပြီဆိုတာနဲ့ တံခါးပိတ်ကာ အိပ်ကြတော့သည်။

White in the red heart(ခိုနားခွင့်လေး )Complete Tempat cerita menjadi hidup. Temukan sekarang