💞7💞

2.6K 260 0
                                    

ခိုနားခွင့်လေး

                    💞7💞

"စာစစ်နေတယ်......အဟင်း....ပြောတော့ငါသက်သေရှာနေတာတဲ့...."
"မုသန်း....ဖေဖေ့ကိုမနှောက်ယှက်သေးနဲ့ကွာ..."

"ရတယ်....မနှောက်ယှက်ဘူး....သမီးသွားတာသုံးလတောင်မပြည့်သေးဘူး....အစ်ကိုပိုင်ကဒုက္ခနွံထဲကျသွားပြန်ပြီ...ဖေဖေမကူညီလည်းရတယ်....သမီးရှာမယ်....ဟွန့်...."

       စိတ်ဆိုးမာန်ဆိုးနဲ့ လင်းခန်းမဆောင်ထဲကနေ ထွက်သွားလေ၏။ လင်းအကြီးအကဲလည်း ခေါင်းခါလျက်သာ ကျန်နေခဲ့သည်။ သူ့သမီးကို သူသည်သာမက သူ့ဇနီးကလည်း လက်မြောက်ထားရ၏။ အဖေဆီကကော အမေ့ဆီကပါ ဘာအပြုအမူမှ အမွေယူမထား။

       အဖေနဲ့အမေက တည်ငြိမ်သလောက် သူမကတော့ စွာတေးလန်လေ။ ဓားပျံစီးကာ တောင်တန်းများပေါ် ဖြတ်သန်းလာခဲ့၏။ လက်ချောင်းနှစ်ချောင်းထုတ်၍ နားထင်နားထိကပ်လိုက်ကာ စိတ်ချင်းဆက်သွယ်မှုဖြင့် ပိုင်ရှီးကို လှမ်းခေါ်သည်။

"ဆရာတူအစ်ကိုကြီး...."

       တစ်ဖက်မှ ပိုင်ရှီးကလည်း ပြန်လည်ဖြေကြားသည်။

"မုသန်း.....ပြန်လာပြီလား..."
"ပြန်လာပြီလားလုပ်မနေနဲ့....အခုဘယ်မှာလဲ..."

"ငါ...."
"အမှန်တိုင်းမပြောရင်ညီမဟိုရေမကောင်းဆိုးဝါးမကိုသတ်မိတော့မှာနော်..."

"ငါချင်းမင်းရွာမှာ...."

        မုသန်းကိုက သရဲထက်ကြောက်ရသည်။ သူမက လုပ်မယ်ဆို တကယ်လုပ်တဲ့သူမျိုး။ အကြောက်အလန့်နည်းပါးသလို စွာတဲ့နေရာမှာလည်း ဘယ်သူမှမနိုင်။ ခဏကြာတော့ ထိုချင်းမင်းရွာထဲ မုသန်း ပေါ့ပါးစွာ ဆင်းလာခဲ့သည်။

        ပိုင်ရှီး ရှိသောနေရာကို ခန့်မှန်းကာ လာလိုက်တော့ ပိုင်ရှီးကသူမကို အိမ်ရှေ့ထွက်စောင့်နေ၏။ တောထဲက သစ်ကိုင်းခြောက်များနှင့် ခြံစည်ရိုးပြုလုပ်ထားတဲ့ အိမ်ခြံကလေးထဲ အဖြူရောင်ပိတ်သား လွင့်လွင့်လေးက ပိုင်ရှီးခန္ဓာထက် လွင့်မျောနေသည်။

        လက်နှစ်ဖက်က နောက်ပစ်လျက် ကောင်းကင်ပေါ်ကို မော့ကြည့်နေ၏။ သူ့လို အထက်တန်းစား ဂိုဏ်းဝင်တစ်ယောက်၊ အမြဲမြေနဲ့မထိဘဲ ကြီးပြင်းလာရသူက ဒီလိုနေရာမျိုးမှာ လာနေရတာ နည်းနည်းလေးတောင် အနေမကြပ်ဘူးလားလို့ မုသန်း အမှန်ပင် တွေးနေမိသည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now