💞45💞final

4.8K 321 33
                                    

Unicode
White in the red heart

                            💞45 💞(Final)

"ထျန်ဟုန်ဖုန်း....ထျန်ဟုန်ဖုန်း.....ကောင်းတယ်....လှတယ်ကိုကို...."
"နာမည်လေးနဲ့လိုက်အောင်ရဲရင့်ပါစေ...."

      မျက်လုံးလေးလေးလတ်နေတဲ့ သားဖြစ်သူရဲ့နဖူးကို အသာနမ်းရှိုက်လိုက်သည်။ ထိုအခါမှ ကလေးက ပြန်ငိုတော့သည်။ ပိုင်ရှီးနဲ့ရှုပင်းခန့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အတူတူပြုံးမိ၏။

       ရှုပင်းခန့်က ကလေးကိုနွားနို့ကျိုထားတာကို တိုက်နေချိန် ပိုင်ရှီး ပြန်လည်အိပ်ပျော်သွားသည်။ နတ်ဆိုးသခင် ကလေးတစ်ယောက်နဲ့ လိုဏ်ဂူထဲ အလုပ်ရှုပ်နေတော့၏။ ကလေးကိုချော့သိပ်ပြီး အိပ်ပျော်နေတဲ့ ပိုင်ရှီးဘေးအသာချပေးလိုက်သည်။

"ခဏစောင့်နော်ကိုကို...."

      ပိုင်ရှီးနဖူးပေါ်နမ်း၍ အခုမှအိပ်ပျော်သွားတဲ့ ကလေးကိုလည်း နမ်းပေးပြီး ထွက်သွားလေသည်။ ပိုင်ရှီး အားရှိအောင် တစ်ခုခုသွားဝယ်ပေးရမည်။ သူတို့နေသော တောင်ကြားနဲ့ မြို့ကသိပ်မဝေးပေ။ လူကြားထဲသွားတိုင်း သူ့စွမ်းအင်ကိုသုံးပြီး ဆံပင်ကိုအနက်ရောင် ပြောင်းသွားရသည်။

      ဒါတောင် ဆံနီမိစ္ဆာဆိုပြီး ကောလဟာလတွေကြားတိုင်း သူဒေါသထွက်ရသည်။ ရှုပင်းခန့် ထွက်သွားပြီးခဏကြာတော့ ပိုင်ရှီး နိုးလာခဲ့သည်။ ရုတ်တရပ် လိုဏ်ဂူဝမှ မသက်ာစရာ အရိပ်တွေ့လိုက်ရ၏။ ဘယ်သူမှ ဒီနေရာကိုမသိဘူးလေ။ တစ်စုံတစ်ယောက်က မျက်စိလည်လမ်းမှားပြီးရောက်လာတာလား ။

"မဟုတ်သေးဘူး...."

      တစ်ဖက်လူ၏ ချီစွမ်းအင်တွေကို သူခံစားမိသည်။ ထို့ကြောင့် ကလေးကိုအသာကောက်ပွေ့လိုက်ကာ ဓားဆွဲ၍ အသင့်ပြင်ထားလိုက်၏။ တစ်ဖက်လူက ပုန်းလျိုးကွယ်လျိုးနဲ့ လိုဏ်ဂူအဝထိ ဝင်လာလေပြီ။ လက်တစ်ဖက်ကလည်း စွမ်းအင်တို့ကို စုစည်းထားသည့်အပြင် ခြေလှမ်းတို့ကလည်း ရန်သူကိုတိုက်ခိုက်ရန် အသင့်ပြင်ထားသည့်နှယ် ပေါ့ပါးနေသည်။

      လူအရိပ်ထွက်လာတော့ ပိုင်ရှီး လှမ်းမေးလိုက်သည်။

"ဘယ်သူလဲ....."

You've reached the end of published parts.

⏰ Last updated: Jan 14, 2023 ⏰

Add this story to your Library to get notified about new parts!

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now