💞14💞

2.3K 217 6
                                    

ခိုနားခွင့်လေး

                    💞14💞

        မိန်းကလေး ထပ်အော်လိုက်ခါမှ ကိုယ်ရံတော်လိုလူလည်း မရပ်ချင်ရပ်ချင်နဲ့ ဒေါသမျက်လုံးတွေနဲ့ တစ်ဖက်ကိုလွှဲသွားလေ၏။ ရှုပင်းခန့် သူ့စွမ်းအင်တွေနဲ့ ဆံပင်အရောင်ကို ပြောင်းထားတာကြောင့် သူမမမှတ်မိခြင်း ဖြစ်လိမ့်မည်။ သို့သော်လည်း ရှုပင်းခန့်မျက်လုံးတွေကိုတော့ အချိန်အတန်ကြာ စူးစိုက်ကြည့်နေခဲ့သည်။

       ထို့နောက် မျက်လုံးတွေကိုသွေဖယ်လိုက်ပြီး ထုံးအာကိုကြည့်၍

"ညီမလေး....အဆင်ပြေရဲ့လား...."
"ဟုတ်ကဲ့"

       စျေးရောင်းစျေးဝယ်လာသူ အများစုက မို့ဟန်ကိုကြည့်ကာ တိုးတိုး တိုးတိုးပြောကာ အဓိပ္ပါယ်ဖော်မရသော မျက်လုံးတွေနဲ့ ကြည့်သွားသေးသည်။ ထိုလူများကို မို့ဟန်၏ကိုယ်ရံတော်က သတ်ဖြတ်တော့မယ့် မျက်လုံးတွေနဲ့ ပြူးပြလိုက်သောအခါ လူများလည်း သူတို့ကိုရှောင်ဖယ်သွားကြလေ၏။

"မိန်းကလေးရဲ့အိမ်မှာတစ်ခုခုဖြစ်နေပုံပဲ...."

       ရှုပင်းခန့်က စပြောလာသည်။ မိန်းကလေးကပြုံး၍ စကားဆို၏။

"ဟုတ်ကဲ့....အမှုတစ်ခုပါ...ကျွန်မတို့ကောင်းကင်ဂိုဏ်းကိုအကူအညီတောင်းပြီးပြန်လာတာပါ...."
"ကောင်းကင်ဂိုဏ်းကဘယ်သူလာမယ်တဲ့လဲ..."

"သခင်လေးပိုင်ရှီး...."

("ကိုကို!")

"အော်....ခဏလေးနော်..."

       ရှုပင်းခန့်က သူ့ခါးကြားက မီးတောက်သဏ္ဍာန်ရှိ ကျောက်စိမ်းဆွဲပြားလေးကို ထုတ်ပေးကာ

"ဒါကျွန်တော့်ကိုကွမ်ရင်မယ်တော်ကျောင်းကဓမ္မဆရာတစ်ယောက်ကလက်ဆောင်ပေးလိုက်တာ....သရဲတစ္ဆေတွေကိုကာကွယ်ပေးတယ်လေ...."

       မို့ဟန်က ကျောက်စိမ်းဆွဲပြားလေးကို စိတ်ဝင်တစား ကြည့်နေ၏။ ကွမ်ရင်မယ်တော်ကျောင်း ဆိုသောနာမည် ကြားတော့ ထုံးအာက သူ့ကိုပြူးကြောင်ကြောင်လေး မော့ကြည့်လာသည်။ သူ့လိုနတ်ဆိုးတစ်ကောင်က ကွမ်ရင်မယ်တော်ကျောင်းကို ဘာအတွက် သွားမှာလဲ။ လိမ်တာကြီးက ကျွမ်းချက်ပဲ။ ထုံးအာတစ်ယောက်ထဲ နှာခေါင်းရှုံ့မိသည်။

White in the red heart(ခိုနားခွင့်လေး )Complete Donde viven las historias. Descúbrelo ahora