💞19💞

2.1K 221 6
                                    

White in the red heart

                         💞19💞

       ယွမ်အန်မြို့မှအထွက် ခါးချိတ်ကလေးများ ရောင်သောဆိုင်တစ်ဆိုင်အား ပိုင်ရှီး တွေ့လိုက်သည်။ ရောင်စုံအဆောင် ခါးချိတ်အစုံအလင်ကို တွေ့တော့ ရှုပင်းခန့်ကို ပြေးသတိရသွားတာနဲ့ ရှုပင်းခန့်ကို လက်ဆောင်အဖြစ် ဝယ်ပေးရန် ဆုံးဖြတ်လိုက်သည်။

"ဆိုင်ရှင်....ကျွန်တော့်ကိုအဲ့ဒီအနီရောင်အဆောင်လေးပေးပါ..."
"ကောင်းပါပြီ..."

        ဆိုင်ရှင်အမျိုးသားက အဆောင်တွေ အများကြီးထဲကမှ အနီရောင်ခါးချိတ်အဆောင်လေးတစ်ခုကို ယူ၍ ပေးလိုက်သည်။ ဆိုင်ရှင်က လက်ကလေးဆုပ်လျက် ပိုင်ရှီးကို မေး၏။

"ဇနီးသည်အတွက်လား..."
"ဟင်..."

"အော်....ကျုပ်ဆိုင်ကိုလာဝယ်တဲ့လူတော်တော်များများက...အနီရောင်ကိုရွေးကြတယ်...သူတို့ရဲ့ကြင်ယာဖက်အတွက်တဲ့.."
"အော်..."

      ပိုင်ရှီး ပြုံးလိုက်ပြီး

"အဲ့လိုမဟုတ်ပါဘူး..."
"အဟဲ....ဟုတ်ပါပြီ....ငွေငါးစကျပါတယ်..."

      ပိုင်ရှီး သူ့အိတ်ထဲကနေ ငွေငါးစထုတ်ပေးလိုက်သည်။ ထို့နောက် ချင်းမင်းရွာကလေးသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့၏။ တောလမ်းကလေးပေမယ့် လှည်းလမ်းကလေးဖြစ်တာကြောင့် လမ်းကဖြောင့်​ဖြူးပြီး ကျယ်ဝန်းသည်။ အဖြူရောင်ပိုးသားလွင့်လေးက သူ၏ငွေရောင်ဆံနွယ်ကဲ့သို့ပင် လေ၏ခေါ်ဆောင်ရာနောက် လွင့်ပါနေ၏။

      ထိုစဉ် သူ့အနားကို ဓားပျံစီး၍ အစိမ်းရောင်ဝတ်ရုံနဲ့ လူတစ်ယောက် ရောက်လာသည်။ ထိုသူ၏ မျက်နှာထက်တွင် ဖော်ပြမရသော ခံစားချက်တို့က နေရာယူထားသည်။

"အစ်ကိုရွှမ်း...."

      ပိုင်ရှီး အံ့အားသင့်စွာ ရွတ်ဆိုလိုက်သည်။ ရွှမ်းကော အနောက်တွင်လည်း ဖန့်မင်အတူ ပါလာ၏။ ရွှမ်းကော သွားရာနောက် လိုက်တတ်တာ ဖန့်မင်အကျင့်တစ်ခုပင်။

"ဖန့်မင်ကော...ပါတာပဲ...အစ်ကိုတို့ဘယ်သွားကြမလို့လဲ..."
"မင်းဆီကိုလာလည်တာ..."

White in the red heart(ခိုနားခွင့်လေး )Complete حيث تعيش القصص. اكتشف الآن