💞34💞

1.9K 216 2
                                    

Unicode
White in the red heart

                       💞34💞

       နတ်ဆိုးသခင် အခန်းထဲပြန်ရောက်တဲ့အချိန်ထိ ပိုင်ရှီးသည် သူထားခဲ့တဲ့အတိုင်း အိပ်ပျော်နေဆဲ။ နတ်ဆိုးသခင် ညလယ်စာကို စားပွဲပေါ်ခဏတင်ထားလိုက်ပြီး ပိုင်ရှီး ရှိရာသို့ လာခဲ့သည်။ ပဝါကိုအသာလှပ်၍ ပိုင်ရှီးဘေးထိုင်လိုက်သောအခါ ပိုင်ရှီး မျက်ထောင့်ကမျက်ရည်စတွေကို တွေ့လိုက်ရသည်။ စိုစွတ်နေဆဲ မျက်တောင်တွေနဲ့ အိပ်ပျော်နေတဲ့ ပိုင်ရှီးက သူ့မျက်လုံးထဲ ဘာနဲ့မှနှိုင်းလို့မရအောင် လှပလို့နေ၏။

      သူကြည့်နေတုန်းမှာပဲ ပိုင်ရှီး မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်နဲ့ နိုးလာသည်။ ပိုင်ရှီး ထရန်ပြင်လိုက်တော့ နတ်ဆိုးသခင် တူထူပေး၍

"ကိုကို.....မျက်လုံးတွေစပ်နေသေးလား...."

      ပိုင်ရှီး နတ်ဆိုးသခင်ပေးသော ပဝါယူပြီး စိုစွတ်နေတဲ့မျက်တောင်တို့ကို သုတ်လိုက်သည်။

"အာ.....အရမ်းမပွတ်ရဘူးလေ....ကိုကိုရဲ့....နာကုန်တော့မယ်...."

      ပိုင်ရှီး လက်တစ်ဖက်က ပန်းယပ်တောင်မယ်၏ယပ်တောင်လေးကို ဆုပ်ကိုင်လျက် ပဝါကိုဆွဲယူသွားသော နတ်ဆိုးသခင်အား စောင်းကြည့်လိုက်သည်။

"ဘာလို့လဲ....အော်.....ကျွန်တော်ကိုကို့အတွက်ညလယ်စာလုပ်ပေးထားတယ်...ကိုကိုကြိုက်တဲ့ငါးပေါင်း....လာ....."

      နတ်ဆိုးသခင် ခေါ်ရာနောက် ဘာမေးခွန်းမှမမေးဘဲ လိုက်လာခဲ့၏။ စားပွဲမှာ မွှေးကြိုင်နေသော ငါးပေါင်းနဲ့စွပ်ပြုတ်တစ်ခွက်ကိုတွေ့တော့ ပိုင်ရှီးနှုတ်ခမ်းထက် ပြုံးရောင်သမ်းသွားသည်။ သူဘယ်လောက်ပဲ စိတ်ညစ်နေပါစေ ရှုပင်းခန့်ရဲ့ဂရုစိုက်မှုလေးက သူ့ကိုပြုံးလာစေတုန်းပဲ။

"ကိုကိုထိုင်....."

      ရှုပင်းခန့်က လက်ဖက်ရည်တစ်ခွက် အသင့်ငှဲ့ပေးပြီး တူတစ်စုံယူကာ ငါးအသားကိုနွှာယူလိုက်သည်။ ထို့နောက် သူကိုယ်တိုင် ခွံကျွေးနေ၏။

"ကိုကို......အာ......"

      ပိုင်ရှီး နှုတ်ခမ်းထဲ ငါးပေါင်းလေးဝင်သွားပြီးနောက် တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများ တောက်ပလာ၏။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now