💞8💞

2.4K 220 0
                                    

ခိုနားခွင့်လေး

                     💞8💞

        ကောင်လေးငယ်က ခေါင်းလေးငုံ့ကာ ပြောလာတော့ ပိုင်ရှီး သူ့ခေါင်လေးကို အသာလေးပွတ်သပ်ပေးရင်း

"မိန်းကလေးတိုင်းကအဲ့လိုမဟုတ်ပါဘူး...ဥပမာ...လင်းမုသန်း....သူမက...."
"မိန်းကလေးနဲ့တစ်နေရာမှမတူဘူး...."

"အာ....."

     ထိုစကားကို ကြားလိုက်ရတော့ ပိုင်ရှီးလည်း ပြောစရာပျောက်ရှသွား၏။ သူပြောတာလည်း မမှားပါဘူးလေ။ အရက်သောက်၊ ဒေါသကြီးတယ်၊ မိန်းကလေးတို့ လုပ်တတ်သော အရာများကို သူလည်းမလုပ်တတ်သူပါ။ ထိုစဥ် ရွှမ်းကောက ဓားပျံနဲ့အတူ ရောက်လာသည်။

"ပိုင်ရှီး....."
"အစ်ကိုရွှမ်း....."

        ပိုင်ရှီး မတ်တပ်ထရပ်လိုက်သည်နှင့် ရွှမ်းကောက ပြေးလာ၍ ဖက်ထားလိုက်၏။

"ပိုင်ရှီး.....မင်းအဆင်ပြေရဲ့လား...."
"ပြေပါတယ်...."

"သူက...."
"အော်....သူက...."

        ပိုင်ရှီး စကားတောင် မဆုံးသေးခင်မှာပင် ရွှမ်းကောသည် ရှုပင်းခန့်၏ နတ်ဆိုးအငွေ့အသက်တွေကို အာရုံခံမိသွားသည့်ပုံပင်။ မျက်လုံးတစ်စုံက စိုးရိမ်မှုတွေ သတ်ဖြတ်ချင်စိတ်တွေ ဖုံးလွှမ်းလာပြီး ဓားကိုရွှမ်းခနဲ ထုတ်လိုက်သည်။

"ကိုကို......"

        ရှုပင်းခန့် လျင်လျင်မြန်မြန်ပင် ပိုင်ရှီးအနောက်ကို ပြေးပုန်းလေ၏။

"အစ်ကိုရွှမ်း.....သူကငယ်သေးတယ်....ဘာဆိုဘာမှမသိသေးတဲ့ကလေးလေးပါ...ကျေးဇူးပြုပြီး...သူ့ကိုမခြောက်လန့်ပါနဲ့..."
"မင်းကမိစ္ဆာတစ်ကောင်ကိုကာကွယ်နေတယ်ပေါ့..."

"အစ်ကိုရွှမ်း.....သူကလူကောင်းပါ..."

        ရှုပင်းခန့်က ပိုင်ရှီးအကျီစကို ကျစ်နေအောင် ဆုပ်ကိုင်ထားသည်။ ပိုင်ရှီးသည်လည်း အရှေ့ကနေ တံတိုင်းသဖွယ် ကာပေးထားတာမို့ ရွှမ်းကော ဓားပြန်ချလိုက်ရသည်။ ပိုင်ရှီးကို အဓိပ္ပါယ်ဖော်မရသော မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပြီး

"တောင်းပန်ပါတယ်.....ကိုယ်မင်းကိုမကာကွယ်ပေးနိုင်ခဲ့ဘူး....အဲ့ဒီနေ့ကဘယ်လိုဖြစ်လို့...."
"မပြောပါတော့နဲ့...."

White in the red heart(ခိုနားခွင့်လေး )Complete حيث تعيش القصص. اكتشف الآن