💞43💞

1.9K 203 2
                                    

Unicode
White in the red heart

                              💞43💞

       နံနက်ရောက်သော်

"သခင်.....သခင်....."

       ရှောင်လန် စာရွက်တစ်ရွက်ကိုင်ကာ အပြေးအလွှားနဲ့ ရောက်လာသည်။ ရှုပင်းခန့် စာရွက်ကို ဖျတ်ခနဲဆွဲယူ၍ ဖွင့်ဖတ်လိုက်တော့ စာထဲတွင်

"အရိပ်မဲ့တောင်ကြားကိုလာခဲ့..  "

"ပိုင်သခင်လေးကိုဖမ်းထားတဲ့သူများလား..."
"အင်း...."

"ထောင်ချောက်ဖြစ်နေမှာစိုးရတယ်....ကျွန်မသွားလိုက်မယ်..."
"ရပ်စမ်း.....ငါ့ဘာသာသွားမယ်...."

      ရှုပင်းခန့် စာရွက်ကိုပစ်ချပြီး အရိပ်မဲ့တောင်ကြားဆီသို့ ထွက်လာခဲ့သည်။ အရိပ်မဲ့တောင်ကြားဆိုတာက ကောင်းကင်ဂိုဏ်း အနီးနားရှိ တောင်တစ်လုံးဖြစ်ကာ စွမ်းအင်ကျင့်ကြံသူများအတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်သည်။

      အရိပ်မဲ့တောင်ကြားက အိမ်ကလေးတစ်လုံးဆီ သူရောက်လာခဲ့သည်။ အိမ်ထဲတွင် ဘယ်သူမှရှိမနေ။ ထိုအစား စားပွဲတစ်လုံးနဲ့ လက်ဖက်ရည်ပွဲတစ်ခု၊ စာတစ်စောင်ရှိနေသည်။ ရှုပင်းခန့် စာကိုဖွင့်ဖတ်လိုက်တော့

"မင်းညနေထိစိတ်ရှည်ရှည်နဲ့စောင့်ရင်....ပိုင်ရှီးကိုငါခေါ်လာခဲ့မယ်...."

"တောက်စ်.....ရွှမ်းကော....မင်းထွက်လာရင်ငါမင်းကိုသတ်ပစ်မယ်...."

      စာရွက်အား ဆုပ်ချေကာ လွင့်ပစ်လိုက်သည်။ ညနေဆို ညနေပေါ့။ ညနေရောက်လို့မှ ပိုင်ရှီးကိုသူမတွေ့ရရင် တောင်တစ်ခုလုံးဖြိုချကာ ရှာပစ်လိုက်မည်။ သို့နှင့် အခန်းထဲ တောင်လျှောက်မြောက်လျှောက် လျှောက်ရင်း ပိုင်ရှီးအလာကို စောင့်နေလိုက်သည်။

      သူအပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ညနေစောင်းဖြစ်နေပြီ။ ပိုင်ရှီးက အခုထိရောက်မလာသေး။ သူအဲ့လောက်ထိ စိတ်မရှည်နိုင်တော့ပါ။ ဓားဆွဲထုတ်ကာ ဟန်ချက်ပြင်တုန်းရှိသေး တံခါးဖွင့်၍ လူတစ်ယောက် ဝင်လာသည်။

"မင်း....."

      တစ်ဖက်လူက အဖြူရောင်ဝတ်ရုံပါးပါးလေးကို ဝတ်ဆင်ထားလို့ ရင်အုပ်သားများအထိ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ရှုပင်းခန့်မျက်မှောင်ကျုံ့မိသည်။ သူလာတာက ပိုင်ရှီးကို လာခေါ်တာလေ။ ဒီကောင့်အလှကို လာကြည့်တာမှမဟုတ်ဘဲ။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now