💞40💞

2K 206 6
                                    

Unicode
White in the red heart

                             💞40💞

       ပန်းယပ်တောင်မယ်နဲ့ ပိုင်ရှီးတို့ ဇာတ်လမ်းပြီးကတည်းက လင်းမုသန်းတစ်ယောက် အရက်တွေခဏခဏဆိုသလို သောက်လာသည်။ တပည့်ငယ်လေးတွေရဲ့ အတွေ့အကြုံရအောင် ညဥ့်အမဲလိုက်သောအခါတွင်လည်း လိုက်မသွားတော့ပေ။ စီနီယာတစ်ယောက်အနေနဲ့ မိမိ၏ဂိုဏ်းတူ ညီလေးညီမလေးများကို သင်ပြပေးပြီး မိမိကအကြီးအကဲ၏သမီးအနေနဲ့ စံပြဖြစ်နေရမယ့်အစား သူမကတော့ နေ့တိုင်းအရက်သောက်နေသည်။

       လင်းအကြီးအကဲ ဘယ်လောက်ပဲ ဆိုဆုံးမပါစေ သူမခေါင်းထဲမဝင်ပါ။ အသစ်ဝင်လာသော တပည့်များက လင်းမုသန်း အနားဆိုမကပ်ရဲကြ။ သူမကအနားလာသူမျှသမျှ အော်ငေါက်လွှတ်သည်။ နီးစပ်ရာနဲ့ ကောက်ပေါက်သည်။ ထို့ကြောင့် သူမအနားဆို မသွားကြပေ။

       ထိုအ​ကြောင်းကို သိသော်လည်း မိန်းကလေးတစ်ယောက်ကတော့ သူမအနားကို ချဥ်းကပ်လာလေသည်။ ပန်းနုရောင် ဝတ်ရုံကလွင့်နေသည်။ သူမလက်တစ်ဖက်က ဓားကိုဆွဲမြဲစွာ ကိုင်ထား၏။

       သူမက လင်းမုသန်းရှိရာ သစ်ပင်ကြီးတစ်ပင်အောက်သို့ လျှောက်လာသည်။

"လင်းမိန်းကလေး...."

       ပန်းနုရောင် မိန်းကလေးက နှုတ်ဆက်လေ၏။

"ဘာလာလုပ်တာလဲ...."
"ကျွန်မရှုပင်းခန့်ရဲ့အစ်မဝမ်းကွဲပါ...."

      လင်းမုသန်း အရက်အိုးမြှောက်မည်ဆဲဆဲမှ ကြားရတဲ့စကားကြောင့် သူမဘက်ကိုလှည့်ကြည့်လိုက်သည်။ ချောမောလှပတဲ့ မိန်းကလေးက လင်းမုသန်းအား ကြည့်နေ၏။

"နင်ကချူမို့ဟန်လား...."
"ဟုတ်ပါတယ်....ကျွန်မမောင်လေးအကြောင်းတစ်စွန်းတစ်စတော့ကြားခဲ့ပါတယ်....ဒါပေမယ့်..."

"နင်ဘာသိချင်တာလဲ..."
"သူတို့အခုဘယ်မှာလဲ...."

       လင်းမုသန်း အရက်တစ်ငုံမော့ပြီးနောက်

"ဒီမှာမရှိတော့ဘူး....ထွက်သွားပြီ....."

       သူမအားကြည့်နေသော ချူမို့ဟန်အား မော့ကာကြည့်၍ ဆက်ပြောသည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now