💞38💞

2K 212 10
                                    

Unicode
White in the red heart

                           38

       ပိုင်ရှီး သူ့ဘာသာသူသဘောပေါက်သွားပြီး နားရွက်လေးတွေရဲလာတော့ ကဗျာကယာ လက်ဖက်ရည်တစ်ခွက် အမြန်ငှဲ့သောက်နေလိုက်၏။ ရှုပင်းခန့်က မြင်းအစာကျွေးရန် ထွက်သွားစဥ် သူကတော့အထဲတွင် မီးဖိုခန်းရှင်းရန် ကျန်ခဲ့သည်။

       အခုကစပြီး သူကရှုပင်ခန့်ဟူသော နတ်ဆိုးသခင်တစ်ယောက်နဲ့ အတူနေရတော့မည်။ နတ်ဆိုးသခင်ပေမယ့် သူ့ရှေ့တွင်တော့ အပြစ်ကင်းစင်တဲ့ကလေးလေးပါပဲ။ သူမကြာခင် ပိုင်ဆိုင်ရတော့မယ့်လူလေ။ မီးဖိုခန်းက ဖုန်မှုန့်များရှင်းလင်းပြီးသောအခါ အချိန်လည်းမစောတော့ပြီမို့ ရေချိုးခန်းငယ်လေးထဲဝင်၍ ရေချိုးသန့်စင်လိုက်သည်။

      သူရေချိုးပြီးအထွက် ရှုပင်းခန့်နှင့် တည့်တည့်တိုးသည်။ သူ့ရဲ့ရေချိုးပြီးခါစ ဝတ်ရုံအပါးလေးအောက်မှ လှပပြေပျစ်သော ခန္ဓာကိုယ်ကို နတ်ဆိုးသခင်မှာ စူးစိုက်ကာကြည့်နေရင်း

"ကိုကိုရေချိုးပြီးပြီလား...."
"အင်း...."

      ရှုပင်းခန့် ဆံပင်တွေရေစိုနေတာ မြင်လိုက်တော့ ချောင်းစပ်ထဲ မြင်းရေတိုက်ရင်း ရှုပင်းခန့် ရေချိုးခဲ့ပြီဆိုတာ သိလိုက်သည်။

"ပင်းအာရေချိုးလာတာလား...."

      ရှုပင်းခန့် သူ့ကိုဇတ်ခနဲပွေ့ချီကာ ခုတင်ဆီသို့ခေါ်ဆောင်သွားပြီး အသာချပေးသည်။ ထို့နောက် သူ့နှုတ်ခမ်းတွေကို နမ်းရှိုက်လာသည်။ လက်တို့ကလည်း သူ့ခန္ဓာကိုယ်တစ်လျှောက် ပြေးလွှားပွတ်သပ်နေပြီး မျက်နှာအနှံ့အအနမ်းများ ချွေနေ၏။ ခဏရပ်ကာ ပိုင်ရှီးကို ကြည့်လိုက်တော့ သူ့ကိုကြင်နာစွာ ကြည့်နေတဲ့မျက်လုံးတွေနဲ့ ဆုံသည်။

"တောင်းပန်ပါတယ်ကိုကို....ကျွန်တော်စိတ်မထိန်းနိုင်တော့လို့ပါ.....ကိုကိုကအရမ်းလှနေတာကိုး....အင့်...."

      ပိုင်ရှီး ရှုပင်းခန့်လည်တိုင်ကို ဆွဲချကာ နှုတ်ခမ်းချင်းဖိကပ်နမ်းလိုက်သည်။ ရှုပင်းခန့် ပိုင်ရှီးလက်တို့ကို အတူတူပူး၍လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်က သူ့အဝတ်တွေကို ချွတ်နေ၏။ ပိုင်ရှီးကအခုမှရေချိုးပြီးခါစမို့ ခါးစည်းကြိုးလေး အသာဖြေလိုက်ရင် ပြီးပြီ။

White in the red heart(ခိုနားခွင့်လေး )Complete Onde histórias criam vida. Descubra agora