💞36💞

2K 204 3
                                    

White in the red heart

                          💞36💞

      ညနေစောင်းနေပြီ။ အရှေ့ကလမ်းကို ကြည့်တော့လည်း မြူတွေနဲ့ပိတ်နေပြီမို့ လ​ရောင်ကတောအုပ်ထဲရှိလမ်းကို မြင်အောင်လမ်းပြပေးနိုင်မည်မထင်။ ထို့ကြောင့် တောစပ်တွင် တစ်ညနားရန် ဆုံးဖြတ်လိုက်သည်။ နတ်ဆိုးလေးက ထင်းခြောက်အနည်းငယ်ကောက်ပြီး မီးဖိုသည်။ ထိုစဉ် ပိုင်ရှီးကလည်း ညစာအတွက် ပြင်ဆင်ရလေ၏။

      ချစ်ရသူနဲ့ တစ်လမ်းတည်းလျှောက် တစ်ဘဝထူထောင်ရတာ ပျော်ရွှင်စရာတော့ ကောင်းသားဟု ပိုင်ရှီး တွေးမိသည်။ ကောင်းကင်ဂိုဏ်းကို ကျောခိုင်းပြီး ရှုပင်းခန့်နောက်လိုက်လာရတာကို သူလုံးဝနောင်တမရပါ။ ရှေ့မှာရင်ဆိုင်ရမယ့် အန္တရာယ်တွေရှိလာပါကလည်း ကြောက်ရွံခြင်းကင်းမဲ့စွာဖြင့် ရှုပင်းခန့်လက်ကို သူမြဲမြဲကိုင်ထားမည်။ ထာဝရအတွက် ထိုလက်တစ်စုံကို သူကိုင်ထားရဲသည်။

"ကိုကို.....ဘာတွေတွေးနေတာလဲ...."
"အာ.....ကိုယ်တွေးနေတာ....အမေပြန်ပေါ်လာတဲ့အချိန်တုန်းကကိုယ်နဲ့ပထမဆုံးတွေ့တာကအိမ်မက်ထဲမှာ...."

      ထိုအရာကို ရှုပင်းခန့်လည်း သိသည်။ တစ်စုံတစ်ယောက်က တမင်ရည်ရွယ်၍ အိမ်မက်ကိုဖန်တီးကာ သူတို့နှစ်ယောက်ကို ပေးတွေ့စေခဲ့သည်။ အိမ်မက်ကို ဘယ်သူဖန်တီးလဲ ပိုင်ရှီး ယခုအချိန်ထိ အစရှာမရသေးပါ။ လှည်းပေါ်က ရေနွေးအိုးကိုသွားယူ၍ မီးဖိုပေါ်က ဝါးလုံးတွင်ညှပ်ကာ ရေနွေးတည်ထားလိုက်သည်။

"ကိုကို....."
"ဟင်.....ဘာလို့လဲ....ပင်းအာ...."

      ပိုင်ရှီး လှည့်ကြည့်လိုက်တော့ ရှုပင်းခန့်ကခေါင်းငုံ့လျက် တိတ်ဆိတ်နေသည်။

"ပင်းအာ....."
"အဲ့တာလင်းအဖိုးကြီးလုပ်တာ...."

"ဘာ...."
"ကိုကိုအဲ့ဒီအိမ်မက်မက်ပြီးကတည်းကကျွန်တော်လိုက်စုံစမ်းခဲ့တာ....ကိုကိုစိတ်ထိခိုက်သွားမှာစိုးလို့မပြောခဲ့တာ....ကိုကို...."

      ရှုပင်းခန့် ခေါင်းမော့ကြည့်လိုက်တော့ သူမျှော်လင့်ထားသလိုမဟုတ်ဘဲ ပိုင်ရှီးသည် မီးဖိုကိုထင်းအနည်းငယ်ထည့်ပြီး သူ့ဆီကို လျှောက်လာကာ သူ့ရှေ့မှာထိုင်သည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now