💞31💞

1.9K 209 2
                                    

White in the red heart

                          💞31💞

      ရှောင်လန်ပါးထက် ဒဏ်ရာတစ်ချက်ရသွားတော့ ရှောင်ထုံးအာ လက်အနည်းငယ်တုန်ယင်သွားသည်။ ရှောင်လန်သေချာပေါက် ရှောင်လိမ့်မယ်လို့ သူမထင်ခဲ့တာလေ။

"ထုံးအာ.....တောင်းပန်ပါတယ်....ငါအဆိပ်ခတ်ခဲ့တာမှန်တယ်...."
"ဝန်ခံပြီပေါ့...."

"ဒါပေမယ့်ငါဖြေဆေးဖော်ခဲ့ပြီးသား.....ရေသခင်မသာနောက်ထပ်အဆိပ်တစ်ခုထပ်မသုံးခဲ့ရင်တစ်ရွာလုံးကလူဘယ်နှယောက်မှသေမှာမဟုတ်ဘူး...."

      ထုံးအာ လက်တစ်ချက်တုန်သွားသည်။

"နောက်ထပ်အဆိပ်...."
"ဟုတ်တယ်....ငါသူတို့ကိုမကယ်နိုင်ခဲ့တာငါ့ထက်ပြင်းတဲ့အဆိပ်ကိုသူတို့သုံးခဲ့လို့ပဲ....ထုံးအာ....မင်းမယုံရင်ပိုင်သခင်လေးကိုမေးလို့ရတယ်....ဒီကိစ္စသူကိုယ်တိုင်ဖြေရှင်းပေးခဲ့တာ...."

      ရှောင်လန် ထုံးအာအနားသို့ တဖြည်းဖြည်း လျှောက်လာလိုက်ပြီး

"မင်းဒီကိစ္စတွေကိုဟိုရေသခင်မပြောလို့သိခဲ့တာမဟုတ်လား....ဒါဆိုအဲ့ဒီလူတွေကိုသူသတ်လိုက်တယ်ဆိုတာကောမပြောပြဘူးလား...."

      ရှောင်လန် ပြောတာသာ တကယ်အမှန်ဆို ရေသခင်မပြောခဲ့တာတွေက တစ်ဖက်သက်အပြစ်တစ်ခုတည်းကိုပဲ သူမကို ယုံစေခဲ့တာပေါ့။ ထုံးအာ ကြာပွတ်ကိုပြန်သိမ်းလိုက်ပြီး ပါးပြင်ပေါ်ကမျက်ရည်တွေကို အကြမ်းပတမ်း သုတ်ပစ်လိုက်သည်။

"တောင်းပန်ပါတယ်....အစ်မ.....ထုံးအာသေချာမသိခဲ့လို့ပါ..."
"ထုံးအာတောင်းပန်စရာမလိုပါဘူး....ဒီကိစ္စမှာအစကတည်းကအစ်အပြစ်မကင်းခဲ့တာပါ...လာ....အထဲရအောင်နော်...."

"အင်း...."

      နှစ်ယောက်သားနတ်ဆိုးနယ်မြေ အပြင်ဘက်ရှိ နေရာကနေ လက်တွဲ၍ ပြန်လှည့်သွားသည့်အခိုက်တွင် ရုတ်တရပ် ရှောင်ထုံးအာတစ်ယောက် ခြေထောက်နဲ့မြေကြီး မထိတော့ဘဲ တဖြည်းဖြည်း လေပေါ်မြောက်တတ်သွားသည်။ ရှောင်လန် လှည့်ကြည့်လိုက်တဲ့အခါမှာ လေထုတစ်ခုကသူ့အား အဝေးသို့ ရိုက်ထုတ်ပစ်လိုက်လေ၏။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now