💞10💞

2.4K 270 2
                                    

ခိုနားခွင့်လေး

                     💞10💞

       အကြီးအကဲ သုံးယောက်နဲ့ တပည့်များသည် လင်းမုသန်း၏ စွာတေလန်နေမှုအောက် ရက်ရခက်ငိုရခက် ဖြစ်နေချေ၏။ လင်းမုသန်းက လူငယ်ပီပီ ခါးထောက်လျက် ရွှေယိကို ရန်တွေ့နေသည်။ တစ်ဖက်က ရွှေယိသည်လည်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေပြီ။

       လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် လင်းမုသန်းကို ဝံပုလွေတစ်ကောင်က သားကောင်ကို ခုန်အုပ်တော့မည်နှယ် စူးစူးဝါဝါး စိုက်ကြည့်နေ၏။ ကြာလာရင် အခြေအနေက ဒီထက်ဆိုးလာတာကြောင့် ရွှေအကြီးအကဲက ကြားဝင် ပြောလိုက်သည်။

"တော်ကြတော့....ပိုင်ရှီး....သူကငါတို့နဲ့ဆန့်ကျင်ဘက်ဆိုတာမင်းသိတယ်မဟုတ်လား..."
"သိပါတယ်...."

"အဲ့ဒါဆိုအခုအဲ့ကလေးကိုအခုချလိုက်...."
"အကြီးအကဲတို့...."

       အကြီးအကဲ သုံးယောက်က ပိုင်ရှီးကို စကားတစ်လုံးမှ မထွက်နဲ့ဟူသော အကြည့်ဖြင့် မျက်တောင်မခတ် ကြည့်နေရာ ပိုင်ရှီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားလေ၏။ ပိုင်ရှီး မချရင် ရွှမ်းကောနဲ့ဖန့်မင်က ရောက်လာ၍ ကောင်လေးငယ်ကို ဆွဲလုတော့မည်။

"ကိုကို.....ကျွန်တော်အောက်ဆင်းမယ်...."

       ရှုပင်းခန့် ပြောလာသောအခါမှ ပိုင်ရှီး ချပေးလိုက်သည်။ ရှုပင်းခန့်ကိုယ်ထဲက ယင်ဓာတ်ဟာ ဘယ်လောက်အားကောင်းပြီး အန္တရာယ်များလဲ သူသိပါသည်။ ဒါပေမယ့် သူကအခုမှ ကလေးပဲရှိသေးတယ် မဟုတ်ပါလား။

"လင်းအကြီးအကဲ....ပင်းအာကငယ်ပါသေးတယ်....သေချာပျိုးထောင်ပေးရင်သူသေချာပေါက်...."
"ပိုင်ရှီး.....အဲ့လိုကလေးမျိုးကလူကောင်းတစ်ယောက်အနေနဲ့ကြီးပြင်းလာမယ်လို့မင်းအာမခံနိုင်လား...."

"အာမခံတယ်...."
"မင်း...."

       ရှုပင်းခန့်က ပိုင်ရှီးအကျီလက်ကို ရမ်းလျက် ခေါ်လိုက်သည်။

"ကိုကို....."

       ပိုင်ရှီး ငုံ့ကြည့်လိုက်တော့ မျက်လုံးအဝိုင်းလေးနဲ့ သူ့ကိုမော့ကြည့်နေတဲ့ ကလေးမျက်လုံးလေးတွေ။ မျက်ထောင့်မှာ မျက်ရည်လေးတွေက တွဲခိုလျက်။ ပိုင်ရှီး ကောင်လေးငယ်လက်ကို ဆုပ်ကိုင်ပေးလိုက်သည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now