💞24💞

2.1K 220 1
                                    

White in the red heart

                             💞24💞

       နတ်ဆိုးလေးက ထပ်၍ စောင့်ဆွဲလိုက်သောအခါ ပိုင်ရှီးမှာ နတ်ဆိုးလေးမျက်နှာနားထိ တိုးကပ်သွားတော့သည်။ နှလုံးခုန်နှုန်းတွေက စည်းချက်မမှန်တော့ဘဲ ပေါက်ထွက်မတတ် ခုန်နေ၏။ ပိုင်ရှီး လက်သီးဆုပ်လေးနှစ်ခုကို သူ့ရင်ဘတ်ပေါ်တင်လျက် အရုပ်ကလေးလို ငြိမ်နေမိသည်။

      နတ်ဆိုးလေးက တမင်ပဲ လုပ်နေတာလား မသိပေမယ့် နတ်ဆိုးလေးရဲ့အငွေ့အသက်တွေ သူနှလုံးသားထဲထိ တိုးဝင်လာတဲ့ အချိန်မှာတော့ သူအိပ်ရာကနေတောင် မထချင်တော့ပါ။ ပိုင်ရှီးရဲ့ငွေရောင် ဆံနွယ်တို့က နတ်ဆိုးလေးရဲ့အသက်ရှူသံ လေအဝင်အထွက်အတိုင်း လှုပ်ရှားနေသည်။

      ရှုပင်းခန့် မျက်လုံးတစ်ဖက်ကို မသိဘာသာလေး ဇတ်ဆို ပွင့်လာသည်။ ပိုင်ရှီး၏ခေါင်းမိုး မျက်နှာကျက်ဆီအကြည့်လွှဲထားတဲ့ ပုံစံလေးက ချစ်ဖို့ကောင်းလွန်းသည်။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းကလည်း ရှုပင်းခန့်ကို လာပါနမ်းပါ ခေါ်နေသလားလို့ ထင်ရအောင် ဆွဲဆောင်မှုအားကောင်းသည်။

      ပိုင်ရှီး မြင်သွားမည်စိုးသောကြောင့် ရှုပင်းခန့် မျက်လုံးပြန်မှိတ်လိုက်သည်။ ပိုင်ရှီး မျက်နှာလှည့်လိုက်သည့်အခါ ရှည်လျားကော့ညွန့်နေတဲ့ နတ်ဆိုးလေးရဲ့မျက်တောင်တွေနဲ့ ဆုံတွေ့သည်။ အကြည့်တွေက မျက်လုံးကနေတစ်ဆင့် နှုတ်ခမ်းပါးလေးဆီ ဆင်းသက်သွားသည်။ လက်ညှိုးထိပ်လေးနဲ့ နတ်ဆိုးလေးရဲ့နှုတ်ခမ်းပါးကို လှမ်းတို့လိုက်၏။

      ရှုပင်းခန့် ရင်ထဲ ကျားရိုင်းတစ်ကောင် ဖြတ်ပြေးသွားသလို ထိတ်လန့်သွားရသည်။ သူမြတ်နိုးနေမိသူက သူ့နှုတ်ခမ်းကို လက်ထိပ်နဲ့လာထိနေတယ်တဲ့လား။ ပိုင်ရှီး ဇတ်ဆို လက်ကိုပြန်ရုတ်လိုက်ပြီး အပြင်ဘက်ကို လှမ်းမျှော်ကြည့်လိုက်သည်။

      ညနေစောင်းတော့မည် ဖြစ်သဖြင့် သူထရမည်။ ညစာအတွက် ဟိုမိန်းကလေးနှစ်ယောက်ကလည်း အားကိိုးမရလို့ သူ့အားကိုးရပေမည်။ ပိုင်ရှီး လှည့်ကာ ပြန်ကြည့်လိုက်တော့ နတ်ဆိုးလေးက သူ့ကိုမျက်လုံးဝိုင်းလေးနဲ့ ကြည့်နေလေသည်။

White in the red heart(ခိုနားခွင့်လေး )Complete Opowieści tętniące życiem. Odkryj je teraz