💞27💞

2K 189 1
                                    

White in the red heart

                            💞27💞

      တူခွက်ထဲကနေ တူနှစ်ချောင်းကို ရှုပင်းခန့် လျင်လျင်မြန်မြန် ယူလိုက်ပြီး ပိုင်ရှီး လက်ထဲထည့်ပေးသည်။ ပိုင်ရှီး သူ့ကိုလှမ်းပြုံးပြတော့ သူလည်းပြန်ပြုံးမိသည်။ အပြုံးက လှလွန်းလို့ အဲဲ့ဒီအပြုံး သူများဆီပါသွားမှာတောင် စိုးကြောက်နေမိ၏။

      ခေါက်ဆွဲကိုတစ်မျှင်ချင်း ကောက်စားနေတဲ့ ပိုင်ရှီးကို ငေးနေမိရာ သူ့ခေါက်ဆွဲပန်းကန်က အေးလုနီးပါးဖြစ်နေပြီ။ ပိုင်ရှီး ခေါင်းမော့ကြည့်လိုက်တော့ နတ်ဆိုးလေးက သူ့ကိုကြည့်နေဆဲ။

"ပင်းအာ....စားလေ..."
"အင်း...."

      သူမစားခင် ပိုင်ရှီး နှုတ်ခမ်းဘေးပေနေတာကို လှမ်းသုတ်ပေးလိုက်သည်။

"ကိုကိုကကလေးကျနေတာပဲ..."
"အော်...."

      ပိုင်ရှီး ခါးမတ်ကာ နောက်ဆုတ်ရင်း သူ့နှုတ်ခမ်းကို အဝတ်တစ်ခုနဲ့ ကမန်းကတမ်း သုတ်ရသည်။ ရှုပင်းခန့်သာ သူ့နှုတ်ခမ်းကို ဒီထက်ပိုပြီး ထိတွေ့နေပါက သူ့နှလုံးသားတွေ ပေါက်ကွဲထွက်ကုန်တော့မည်။

      ရှုပင်းခန့်မှာ သူ့ကိုကြည့်၍ ပြုံးစစနဲ့ပြော၏။

"စားလို့ကောင်းလားကိုကို...."
"အင်း...."

"ကျွန်တော်ကဘာများလဲလို့...ဆက်ကပ်အဖွဲ့ရောက်လာတာကို....ဒါနဲ့ကိုကို...ဒါပြီးရင်ကျွန်တော်တို့ပွဲသွားကြည့်ကြမလား...."
"ပင်းအာသဘောလေ..."

"ကိုကိုစိတ်မပါရင်ကျွန်တော်မသွားဘူး..."

      သူစိတ်မပါရင် မလုပ်ဘူးတဲ့လား။ ချစ်ဖို့ကောင်းအောင်လည်း လုပ်တတ်တဲ့ နတ်ဆိုးသခင်ရဲ့ အပြုအမူလေးတွေကြောင့် အဖြူရောင်တိမ်တိုက်လေး ပိုင်ရှီးမှာ မကြာခင်ပဲ အချစ်နွံထဲ နစ်မြှုပ်တော့မည့်နှယ်။

"ကိုကို...."
"အင်း...."

"အင့်....လက်ဖက်ရည်သောက်အုံး...."
"အင်း..."

      နတ်ဆိုးလေးငှဲ့ပေးတဲ့ လက်ဖက်ရည်ကို ယူသောက်လိုက်၏။ ခေါက်ဆွဲစားပြီးတော့ နတ်ဆိုးလေးနဲ့သူ မြို့စျေးထဲ ပတ်လည်ခဲ့သည်။ ခေါက်ဆွဲစားတဲ့အချိန်လေးပဲ နတ်ဆိုးလေးက သူ့မျက်နှာကိုပဝါကို ချွတ်ခိုင်း၏။ ထို့နောက် ယွမ်အန်မြို့ရဲ့ညအလှကို အပေါ်စီးကကြည့်ရန် အိမ်အမိုးတစ်ခုပေါ် နတ်ဆိုးလေးက ခေါ်ဆောင်သွားသည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now