💞35💞

2.1K 225 5
                                    

White in the red heart

                           💞35💞

      နံနက်ရောက်သော် ။ ပိုင်ရှီးကအရင်နိုးနှင့်ပြီး အိပ်ရာမှထကာ ကိုယ်လက်သန့်စင်နေသည်။ ပိုင်ရှီး ထသွားတော့ ရှုပင်းခန့်လည်း မနေနိုင် မထိုင်နိုင် အနောက်ကနေ ပြေးလိုက်သွားလေသည်။ ပိုင်ရှီးက သူ့ခါးတွင်ညှပ်ထားသော ယပ်တောင်လေးကိုယူ၍ အချိန်အတန်ကြာအထိ စိုက်ကြည့်နေသည်။

("ခဏလေးပဲပြန်တွေ့ရပေမယ့်....အဲ့ဒီအချိန်လေးကအနွေးထွေးဆုံးမေမေ့မေတ္တာကိုမြင်ရတယ်....အနွေးထွေးဆုံးအမှတ်တရပါပဲ....မေမေ.....")

      ပိုင်ရှီး မျက်နှာသစ်ပြီးပြန်လှည့်ထွက်တော့ တံခါးဝမှာ ရှုပင်းခန့်က လက်ပိုက်လျက်ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ပင်းအာ.....နိုးပြီလား....မျက်နှာသစ်....ခဏနေကိုယ်တို့ခရီးစထွက်ရအောင်..."
"ဟုတ်ကဲ့....ကိုကို...."

      ပိုင်ရှီးပြောစကားအတိုင်း သူမျက်နှာသစ်ရန် ဝင်မည်အလုပ်

"ခဏလေးကိုကို....."

      နတ်ဆိုးလေးက သူ့ခေါင်းကိုအနည်းငယ် ငုံ့ပေး၍

"နမ်း....."
"ဟင်...."

      နတ်ဆိုးလေး သူ့နဖူးသူလက်ညှိုးနဲ့ထောက်ပြရင်း

"ကျွန်တော့်နေ့သစ်တိုင်းကိုကို့အနမ်းနဲ့အစပြုချင်တယ်...."

       နတ်ဆိုးလေး စကားက သူ့ရင်ထဲကအပူတွေကို ငြိမ်းအေးသွားစေသည်။ သူအသိစိတ် ပြန်ကပ်လာတဲ့အခါမှာတော့ သူဟာနတ်ဆိုးလေးနဖူးကို နမ်းပြီးပြီ။ နတ်ဆိုးလေးက ပြုံး၍ သူ့နှုတ်ခမ်းကို ဇတ်ခနဲ ဖိနမ်းသွားပြီး ရေချိုးဆောင်ထဲ ဝင်သွားလေ၏။

      ခဏအကြာ ရှုပင်းခန့် ပြန်ထွက်လာတော့ ပိုင်ရှီးက ထမင်းပွဲအသင့်နဲ့ သူ့အလာကို စောင့်နေသည်။ သူအဝတ်လဲတာမပြီးသေး။ ဟင်းအနံ့တွေက ဆွဲဆောင်နေတာကြောင့် ခါးစည်းကြိုးတောင် မချည်ရသေးဘဲ ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။ စားပွဲပေါ်လက်ထောက်ကာ အနံ့ရှူပြီးမှ

"အွန်း.....အကုန်လုံးကျွန်တော်အကြိုက်တွေချည်းပဲ....ကိုကိုမှာထားတာလား..."
"အင်း..."

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now