💞2💞

3.6K 384 8
                                    

ခိုနားခွင့်လေး

                      💞2💞

     ဆံပင်အနီနဲ့ ကောင်လေးအနားကို တိုးကပ်သွားပြီး မျက်နှာလေးကို သေချာပွတ်သပ်ကြည့်သည်။ ရှုပင်းခန့်လည်း ထိုလူစိမ်းကို အံ့အားသင့်စွာ မော့ကြည့်နေမိ၏။ ဒီလူနဲ့သူ အခုမှ တွေ့ဖူးတာ။ သို့ပေမယ့် သူ့မျက်လုံးတွေက ကြင်နာမှုတွေနဲ့ ပြည့်နေမှန်း ရှုပင်းခန့် ကောင်းကောင်းကြီးနားလည်သည်။

"ညီလေး....မင်းရန်ဖြစ်လာတာလား...."

       ဆံပင်အနီနဲ့ ကောင်လေးက ခေါင်းခါပြသည်။

"ဒါဆို......"
"ကျွန်တော်အရိုက်ခံလာရတာ...."

"အာ...."
"ကျွန်တော့်ကိုကျွန်တော့်အိမ်ကရိုက်ထုတ်လိုက်တာ...."

"အို.....အဲ့ဒါဆိုရင်တော့ငါတို့နှစ်ယောက်ကကံမကောင်းသူကြီးပေါ့...."
"အစ်ကို့ကဘယ်သူလဲ.... "

"ငါ့နာမည်ပိုင်ရှီး....."
"ကျွန်တော်ကရှုပင်းခန့်ပါ....အစ်ကိုဘာလို့အိမ်အမိုးပေါ်ကနေပြုတ်ကျလာတာလဲ..."

"တကယ်တော့.... ငါကန်ချခံလိုက်ရတာ..."
"ဟင်....ဘာလို့လဲ...."

"ငါ့အကြောင်းကမင်းလောက်စိတ်ဝင်စားဖို့ကောင်းမယ်မထင်ဘူး....လာ....ထိုင်....အစ်ကိုမင်းဒဏ်ရာတွေကိုဆေးလိမ်းပေးမယ်...မင်းအိမ်ကဘာလို့ရိုက်ရတာလဲ....အစ်ကို့ကိုရှင်းပြပါအုံး...."

       ဘုံကျောင်းပျက်ထဲက နေရာလွတ်တစ်ခုတွင် နှစ်ယောက်သား ထိုင်ချလိုက်သည်။ ရှုပင်းခန့်က သူ့အကြောင်းကို အစကနေအဆုံးထိ အကျဥ်းချုပ်အနေဖြင့် ပြောပြ၏။ ပိုင်ရှီးသည်လည်း သူ့လက်ချောင်းလေးတွေနဲ့ ရောင်ရမ်းနေတဲ့ ဒဏ်ရာပေါ် ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးသည်။

"ကျွန်တော့်မှာနတ်ဆိုးသွေးပါတာဟုတ်တယ်....ဒါပေမယ့်ကျွန်တော့်နှလုံးသားဖြူစင်ပါတယ်...ဘာလို့ကျွန်တော့်ကိုမလိုချင်ကြတာလဲ...."

"ဒါဆို....မင်းကအိမ်မပြန်တော့ဘူးလား...."
"ဟင့်အင်း...."

"ဘယ်သွားဖို့စဥ်းစားထားလဲ...."
"မသိဘူး...."

'ဂွီ......'

       ရုတ်တရပ် ရှုပင်းခန့် ဗိုက်က ထအော်တော့သည်။ ကောင်လေး၏ ဗိုက်လေးနှိပ်ကာ ခေါင်းငုံ့နေပုံလေးက အပြစ်ကင်းစင်သော ကလေးတစ်ယောက်လို။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now