💞41💞

1.9K 210 4
                                    

Unicode
White in the red heart

                           💞41💞

"သူတို့ဘယ်မှာလဲ...."

      ဖန့်မင် လင်းမုသန်းအားအနားခေါ်ကာ တိုးတိုးတိတ်တိတ် ကပ်ပြောလိုက်တော့ လင်းမုသန်း မျက်လုံးလေးများ တောက်ပသွားပြီး အရက်အိုးပစ်ချကာ ဂါဝန်မလျက် တစ်ကျိုးတည်း ပြေးတော့သည်။ ကောင်းကင်ဂိုဏ်းမှာ ပိုင်ရှီးတို့တည်နေရာကိုသိတာ ရွှမ်းကောနဲ့သူပြီးရင် လင်းမုသန်းသာရှိ၏။

      ဖန့်မင် ပြေးထွက်သွားသော လင်းမုသန်းအား စိတ်မကောင်းစွာ ကြည့်နေမိသည်။ သူမလေး အဖေဖြစ်သူကြောင့် စိတ်ညစ်နေခဲ့တာ အတော်ကြာပြီလေ။

      လင်းမုသန်း ဓားထုတ်ကာ ဆောင်းနှင်းများကြား အံကြိတ်၍ ဖန့်မင်ပြောသောနေရာသို့ ရောက်သည်အထိ ဓားပျံစီးလာခဲ့သည်။ သူမ အိမ်သေးသေးလေး ရောက်သွားတော့ တွေးမိသည်။ ပိုင်ရှီး နေချင်တာ အခုလိုအိမ်သေးသေးလေးနဲ့ ချစ်ရသူလေးနဲ့။ သူမ တံခါးခေါက်ရန် ပြင်လိုက်သည်။

("အစ်ကိုပိုင်ကငါ့ကိုအတွေ့ခံပါ့မလား...")

      သူမ တံခါးမခေါက်သေးဘဲ အပြင်ကနေ အိမ်ထဲကအခြေအနေကို အရင်နားစွင့်ကြည့်သည်။

"အေးနေလား.....ကိုကို....ကျွန်တော်မီးဖိုပေးမယ်..."
"အင်း..."

"ကိုကိုကလေးလေးကတဖြည်းဖြည်းကြီးလာတယ်လို့ခံစားရတယ်မဟုတ်လား..."
"အင်း....ဗိုက်ထဲမှာကျောက်ခဲတစ်လုံးသယ်ထားရသလိုပဲ...."

       အမှန်တကယ် ပိုင်ရှီးဗိုက်ထဲက ကလေးကလေးလအရွယ်ရှိ ကလေးတစ်ယောက်ဖြစ်နေပြီမို့ အလေးချိန်ကို ခံစားနေရသော်လည်း ဗိုက်ကအနည်းငယ်သာ ပူလာသည်။ ခါးစည်းကြိုးကို လျော့ရဲရဲချည်ထားတာတောင်မှ ဗိုက်ပူလာတယ်လို့ မထင်ရပါ။

      အပြင်က လင်းမုသန်း ပြုံးမိသည်။ ပိုင်ရှီးက သူ့ဘဝနဲ့သူ သာယာနေပြီလေ။ သူ့ကိုမြင်ရင် အတိတ်ဆိုးကို ပြန်သတိရသွားမှာလည်း စိုးမိသည်။ ထို့ကြောင့် အသာလှည့်ပြန်ရန်သာ ဆုံးဖြတ်လိုက်သည်။

"ရောက်လာပြီပဲ....အထဲဝင်ပါအုံး...."

      လင်းမုသန်း ကျောခိုင်းလိုက်တုန်းရှိသေး ရှုပင်းခန့်က တံခါးလာဖွင့်ပေးသည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now