💞6💞

2.8K 279 4
                                    

ခိုနားခွင့်လေး

                    💞6💞

"အင့်...."

       လွင့်ထွက်သွားသော သူမကို ပိုင်ရှီး ပဝါတစ်ချောင်းပစ်လွှတ်လိုက်ပြီး ဖမ်းချုပ်ထားလိုက်သည်။ သူမလို သာမန်မှော်မိစ္ဆာကို ဖမ်းဖို့ဆို ပိုင်ရှီး အများကြီး လှုပ်ရှားရန် မလိုပါ။ ခေါင်းစောင်းလျက် အနောက်ကပင်းအာကို

"အဆင်ပြေလား..."
"ဟုတ်..."

       ဟိုမိန်းကလေးကတော့ ပဝါဖြင့် တစ်ကိုယ်လုံးကို ရစ်ပတ်ခြင်း ခံထားရပြီး မြေပြင်ပေါ် လူးလိမ့်နေ၏။

"ကိုကို....သူက...."
"အင်းဆက်ကျဲသူ...."

"ဟင်....ဘာကြီးလဲ..."
"အဆိပ်တွေနဲ့ဖုတ်ကောင်ဖြစ်အောင်လုပ်တာလေ..."

"အော်....ဒါဆိုသူပေါ့...."
"သူလို့လည်းမဟုတ်သေးဘူး....သူ့နောက်ကွယ်မှာတစ်ယောက်ယောက်ရှိနေသေးတယ်..."

        ထိုသုံးသပ်ချက်ဆုံးတော့ ပဝါစအောက် ရုန်းကန်နေသော မိန်းကလေးလည်း ရပ်တန့်သွားသလို ရှုပင်းခန့်သည်လည်း နားလည်ရခက်သွားပုံပင်။ ဒီလိုမျိုးကိစ္စနဲ့ပတ်သက်ရင် ကောင်လေးငယ်က အတွေ့အကြုံနုသေးတာထက် မရှိသေးတာလို့ ပြောလျှင် ပိုမှန်လိမ့်မည်။

       ရှုပင်းခန့်တို့ မျက်စိရှေ့မှာပင် ထိုမိန်းကလေးသည် စုတ်ပြဲနေသော အဝတ်အစားမှ သစ်လွင်တောက်ပသော မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်၏။ မတ်တပ်ထရပ်လိုက်ကာ

"ကောင်းကင်ဂိုဏ်းကလို့မပြောရဘူးခဏလေးနဲ့ကျွန်မကိုဖော်ထုတ်နိုင်တာပဲ...."

       ပိုင်ရှီး နှုတ်ခမ်းလေးကို တွန့်ကွေးကာ ပြုံးလိုက်သည်။ ထို့နောက်တွင် သူကဆို၏။

"မင်းကိုဘယ်သူစေခိုင်းတာလဲ...ငါ့ကိုပြောပြ...မင်းအသက်ကိုငါချမ်းသာပေးမယ်...."

       သူမ၏ နီရဲရဲ နှုတ်ခမ်းသားတွေပေါ် အပြုံးလှလှလေးများ ဖြတ်ပြေးသွား၍

"ဟားဟားဟားဟား....ငါရှောင်လန်(အပြာရောင်လေး)တစ်ယောက်ထဲလုပ်တာ...ဘာလဲ....အပြစ်ပေးမလို့လား...."
"အကြောင်းပြချက်...."

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now