💞23💞

2.1K 221 3
                                    

White in the red heart

                          💞23💞

"အခုချက်ချင်းသွားစုံစမ်း...ငါသူ့အကြောင်းကိုအသေးစိပ်ကအစသိချင်တယ်..."
"အမိန့်အတိုင်းပါသခင်...."

      ရှောင်လန် နတ်ဆိုးသခင်ကို ဒူးထောက်အရိုအသေပေးပြီး တာဝန်ထမ်းဆောင်ရန် အမြန်ဆုံးထွက်သွားလေ၏။ ပိုင်ရှီးကိုယ်ထဲ သူကိုယ်တိုင်ထည့်ထားတဲ့ ဆေးစွမ်းကြောင့် ပိုင်ရှီး အန္တရာယ်ရှိနေရင် သူအလိုလိုသိနေပြီ။ မနေ့ညက ပိုင်ရှီး သာမန်မဟုတ်သော ပုံရိပ်ယောင်လိုလို အိမ်မက်ထဲဆွဲသွင်းခံလိုက်ရလို့ ရှုပင်းခန့် စိတ်ပူသွားရသည်။

      အိမ်မက်ကို သူ့မျက်လုံးကနေလည်း မြင်နေခဲ့ရသည်။ အကယ်၍ သူသာပိုင်ရှီးကို အော်မနှိုးခဲ့​လျှင် ပန်းယပ်တောင်မယ်က ပိုင်ရှီးကို အလွတ်မပေးဘဲ သတ်ပစ်လိုက်မလားတောင်မသိ။ တွေးရင်းနဲ့ နတ်ဆိုးလေးမှာ ဒေါသပုန်ထရတော့သည်။

'ဝုန်း'

      ပုလ္လင်ဘေးစားပွဲပေါ်က ပစ္စည်းတွေအားလုံးကို အနီရောင်လက်ဝါးကြီးနဲ့ ဆွဲရမ်းပစ်လိုက်သည်။ အသံနက်ကြီး နန်းဆောင်ထဲက ထွက်ပေါ်လာတော့ နန်းဆောင်ထဲဝင်ရန် ခြေလှမ်းစလှမ်းနေတဲ့ နတ်ဆိုးအရာရှိကွမ်းဝူမှာ ဝင်ရမလို လှည့်ပဲပြန်ရတော့မလို ဖြစ်နေတော့သည်။ မပြောမဖြစ် ပြောရမယ့်အကြောင်းက ရှိနေတာကြောင့် နန်းဆောင်ရဲ့တံခါးရွက်ကို ခေါက်လိုက်လေ၏။

'ဒေါက်....ဒေါက်...'

"သခင်...."
"ဝင်ခဲ့..."

       နတ်ဆိုးအရာရှိ ဝင်လာသောအခါ ရှည်လျားတဲ့ နန်းဆောင်ခန်းမထိပ်မှာရှိတဲ့ ရေနွေးခရားအိုးက တံခါးဝမှာ သနားစရာကောင်းအောင် ကန်ထုတ်ခံထားရပြီ။ နတ်ဆိုးအရာရှိကွမ်းဝူက ရေနွေးအိုးလေးကို ကောက်ယူလိုက်ပြီး နတ်ဆိုးသခင်ဆီ လျှောက်လာခဲ့သည်။

"သခင့်ကိုဂါဝရပြုပါတယ်..."
"ပြော....ဘာကိစ္စလဲ..."

"နတ်ဆိုးနယ်မြေတောင်ဘက်မှာကျူးကျော်နတ်ဆိုးတစ်ကောင်ရောက်နေတယ်...သူက...သခင်နဲ့တွေ့ချင်လို့ပါတဲ့..."

"ငါ?"
"ဟုတ်ကဲ့..."

"ဘာကိစ္စလဲ..."
"ငယ်သားလည်းမသိပါဘူး...သူက...သခင်ချထားတဲ့စည်းအပြင်ကနေတောင်းဆိုနေတာပါ..."

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now