💞3💞

3K 350 4
                                    

ခိုနားခွင့်လေး

💞3💞

ပြောရင်း ထိုကလေးငယ်က သူ့ခါးကိုဖက်တွယ်လာတော့သည်။ သူလည်း နံရံကိုမှီလျက် အတိတ်တို့ကို ပြန်တွေးမိရင်း ရီချင်လာ၏။ ရင်ခွင်ထဲက ကလေးကိုငုံ့ကြည့်မိတော့ ပြုံးမိပြန်သည်။

("အပြစ်ကင်းတဲ့ကလေး....ဘယ်လိုများမင်းကံကြမ္မာက...")

"မေမေ......."

တစ်ခဏအကြာမှ ကြားလိုက်ရသော အသံကြောင့် တစ်ဖန်ငုံ့ကြည့်မိရာ ကလေးက အိမ်မက်ယောင်နေမှန်း သိလိုက်၏။ အိမ်မက်ထဲမှာ တွေ့ရတဲ့ မိခင်က သူပြောတဲ့အတိုင်း သူ့အပေါ်တင်းကျပ်တဲ့ မိခင်များလား။

ပြီးတော့

"ကိုကို......"

ပိုင်ရှီး ခေါင်းငုံ့ကြည့်လိုက်တော့ ကောင်လေးငယ်က သူ့ကိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ မော့ကြည့်နေ၏။

"ကိုကို.....ကျွန်တော့်အပေါ်ကောင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..."
"အဲ့လိုပြောစရာမလိုပါဘူးကွာ...."

"ကိုကို.....မအိပ်ဘူးလား...."
"အင်း....ငါအိပ်မပျော်လို့...."

"ကိုကို.....ဖုတ်ကောင်ဆိုတာဘယ်လိုမျိုးလဲ..."
"ပြောရခက်တယ်....တစ်ချို့ဖုတ်ကောင်တွေကအသိစိတ်ရှိသလို....တစ်ချို့ကလည်းမရှိဘူး...တစ်ချို့ကလူသတ်ဖို့ပဲသိတယ်....ဒါပေမယ့်တစ်ချို့ကျတော့လည်းလူနားမကပ်ကြဘူး..."

"မေမေကပြောတယ်....ကျွန်တော့်အဖေကနတ်ဆိုးတဲ့....ကျွန်တော့်ကိုယ်ထဲကနတ်ဆိုးသွေးကဖေဖေ့သွေးလား..."
"ငါလည်းအဲ့လိုထင်တယ်...."

"ကိုကိုညောင်းနေမှာပေါ့.... ကျွန်တော်အောက်ဆင်းမယ်လေ..."
"မိုးမတိတ်သေးဘူး.....ခဏနေအုံး...."

သို့နှင့် ခဏမနေဘဲ တစ်ညလုံး ထိုအတိုင်းသာ ဆက်သွားခဲ့ရသည်။ မနက်ရောက်တော့ မိုးလည်းတိတ်ပြီမို့ နှစ်ယောက်သား အပြင်ထွက်လာခဲ့၏။ ညကမိုးရွာထားတာမို့ မနက်ခင်း နေရောင်ခြည်က ယခင်နေ့တွေကထက် လှပနေသည်။

ပိုင်ရှီး လက်တစ်ဖက်ဆန့်ထုတ်လျက် လက်စွဲတော်ဓားဖြစ်သော ရွှဲတိ(ဆီးနှင်း)ကို ဆင့်ခေါ်လိုက်သည်။ ဘေးမှာဝင်ရပ်လိုက်သော ရှုပင်းခန့် သူဘာလုပ်နေလဲ သေချာကြည့်နေ၏။ ခပ်အေးအေး လေထုတစ်ချက် ဖြတ်တိုက်လိုက်ပြီးနောက် အဖြူရောင်ဓားတစ်လတ်က လျင်လျင်မြန်မြန်ပင် ပိုင်ရှီး လက်ထဲရောက်လာသည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now