💞17💞

2.2K 227 1
                                    

White in the red heart

                            💞17💞

        ရှုပင်းခန့် အနေနဲ့ဆို ဒီမြို့လေးကို အသာအယာ ကျော်ခွပြီးပျံတက်သွားလို့ရတယ်မဟုတ်ပါလား။ ဘာကြောင့်များ အပင်ပန်းခံပြီး လမ်းလျှောက်နေရတာလဲ။ အရှေ့မှ ရှုပင်းခန့်က ခြေတံရှည်ကို အားကိုးပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်နေရာ ပိုင်ရှီး အနောက်ကနေ ခပ်သွတ်သွတ်ကလေး ပြေးလိုက်ရသည်။ တကယ်ကို ခြေလှမ်းမြန်တဲ့ ရှုပင်းခန့်ပါ။

       အရင်က ခြေတံတိုတိုလေးတွေနဲ့ သူ့အနောက်ကနေ ပြေးလိုက်သူက အခုတော့ သူ့ရှေ့ကနေ သွားနေပြီး ပိုင်ရှီးကတော့ အနောက်ကပြန်လိုက်ရတဲ့ အဖြစ်ပါ။ တစ်လမ်းလုံးက လူမဟုတ်သော နတ်ဆိုးများက သူတို့နှစ်ယောက်ကို ငေးကြည့်နေ၏။ ငေးကြည့်ရုံနဲ့မရသေး ရှုပင်းခန့်ကို ခေါင်းလေးငုံ့၍ အရိုအသေပေးရသေးသည်။

       ပိုင်ရှီး သေချာကြည့်လိုက်တော့မှ သူအရပ်သည် ရှုပင်းခန့်၏နှုတ်ခမ်းလောက်သာ ရှိတော့ကြောင်း သတိထားမိသွား၏။

("ဒီကလေးအတော်လည်းထွားလာတာပဲ...")

'ဒုတ်....'

       တစ်ယောက်တည်း ခေါင်းငုံ့တွေးနေမိရာ အရှေ့မှာခြေစုံရပ်လိုက်သော ရှုပင်းခန့်နောက်ကျောကို ဝင်ကျုံ့တော့သည်။

"အင့်!"

      ရှုပင်းခန့် အနောက်ကိုလှည့်ကာ ပဝါတွေအောက် အရိပ်ကလေးသာ မြင်နေရတဲ့ မျက်လုံးအပြာလေးကို ငုံ့ကြည့်လိုက်သည်။ ပိုင်ရှီးက ဘာလဲဟူသော သဘောဖြင့်မျက်ခုံးပင့်ပြ၏။ သူမေ့နေတာက ပဝါတွေနဲ့ အုပ်နေတာကြောင့် ရှုပင်းခန့် သေချာမြင်ရမည်မဟုတ်ပေ။

"ဘာလို့လဲ....ပင်းအာ...."
"ကိုကိုလမ်းလျှောက်တာနှေးလိုက်တာ..."

"မင်းကအမြန်သွားနေတာကို..."
"အဟင့်....လာ...."

       ရှုပင်းခန့်က ပိုင်ရှီး၏ဖြူဖွေးနူးညံ့သော လက်ကလေးကို သူ့လက်ဝါးထဲ ဆုပ်ထည့်လိုက်သည်။ နွေးခနဲ ဖြစ်သွားတဲ့ လက်ချောင်းများနဲ့အတူ ပိုင်ရှီးနှလုံးသားကလည်း နွေးထွေးလာသလို ခံစားရသည်။ သူ့လက်ကိုဆုပ်ကိုင်ပြီး မြို့ပြင်ကို ဦးဆောင်ထွက်လာတဲ့ ရှုပင်းခန့်ကို ခိုးခိုးကြည့်ရသေး၏။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now