💞30💞

2K 215 5
                                    

White in the red heart

                         💞30💞

      နတ်ဆိုးသခင် ရှုပင်းခန့်သည် တင်ပျဉ်ခွေထိုင်လျက် ကျောက်ပြားကနေတစ်ဆင့် သန့်စင်သောရေအရင်းအမြစ်ကို စုပ်ယူကာ သူ့ခန္ဓာကိုယ်ကို အားဖြည့်နေသည်။ အသားတွေက နီရဲလိုနေပုံအရ နတ်ဆိုးသခင် ခန္ဓာကိုယ်သည် အပူဓာတ်တွေကို ပြင်ပသို့ထုတ်လွှတ်ကာ ဝေဒနာကို ကုသနေခြင်း ဖြစ်လိမ့်မည်။

     ရှုပင်းခန့် ပြန်လည်ကုစားခြင်း စွမ်းအင်သွင်းနေတာကို မနှောက်ယှက်ချင်တာကြောင့် သူအပြင်မှာသာ စောင့်နေရန် ဆုံးဖြတ်လိုက်လေသည်။

"ပင်းအာ.....ကိုယ်အပြင်မှာစောင့်နေမယ်...."

      ရှုပင်းခန့်အတွက် မတိုးမကျယ် လေသံဖျော့ဖျော့လေးဖြင့် ပြောပြီးနောက် သူအပြင်ကို ပြန်ထွက်လာခဲ့၏။ ရှောင်လန်ကဒူးကွေး အရိုအသေပေး၍

"ပိုင်သခင်လေး....သခင်မကြာခင်ကောင်းလာတော့မှာပါ...."
"အင်း....စကားမစပ်...ကျွန်မမီးဖိုချောင်ခဏသုံးလို့ရမလား...."

"ရှင်...."

      ရှောင်လန်က အံ့သြသွားသည့်ပုံဖြင့် ပိုင်ရှီးကို ပြူးကြည့်နေ၏။

"သူထွက်လာရင်စားဖို့တစ်ခုခုလုပ်ပေး ထားချင်လို့ပါ..."
"ကောင်းပါပြီ...ရပါတယ်....ကြွပါရှင်..."

"ကျေးဇူးပါ....."

      ပိုင်ရှီးက သူကိုယ်တိုင်မီးဖိုချောင်ထဲဝင်ကာ စွပ်ပြုတ်တစ်ခွက်လုပ်ရန် ပြင်ဆင်လေတော့သည်။ ဒါက သူဘဝတစ်လျှောက်မှာ မီးဖိုချောင်ထဲဝင်တာ သုံးကြိမ်မြောက်ပင်။ ပထမတစ်ခေါက်က လင်းမုသန်း အသဲအသန်ဖျားစဉ်ကဖြစ်ပြီး ဒုတိယတစ်ခေါက်ကတော့ သူကိုယ်တိုင် တစ်ခုခုလုပ်စားချင်လာ၍ ဖြစ်သည်။

      သူ့လက်ရာက ရှုပင်းခန့်လောက် မကောင်းနိုင်ဘူးဆိုတာ သိသော်ငြားလည်း သူရှုပင်းခန့်အတွက် ပြင်ဆင်ပေးချင်သည်လေ။ နတ်ဆိုးအစေခံလေးကတော့ မီးဖိုအပေါက်ဝမှာ ပြူတစ်ပြူတစ်နဲ့ ပိုင်ရှီးကို ချောင်းကြည့်နေကြသည်။

       နတ်ဆိုးနယ်မြေက မီးဖိုချောင်ကို သူ့အပိုင်မှတ်ကာ ကြိုက်သလို ခြယ်လှယ်နေသော သူ့အား တစ်ချို့နတ်ဆိုးမလေးများက သိပ်မကြိုက်ချင်ပေ။ သို့သော် ရှုပင်းခန့်၏အရှိန်အဝါကိုတော့ ကြောက်ကြသည်။ ပိုင်ရှီးကို မထိရဲတာ မီးလျှံလက်ဝါးကို ကြောက်ကြသောကြောင့်ပင်။ ခဏအတွင်း အော်ချိန်တောင်မရလိုက်ဘဲ ပျာကျသွားနိုင်သော မီးလျှံလက်ဝါးက နတ်ဆိုးသခင်ရဲ့ဒေါသထက် ပိုကြောက်ရသည်။

White in the red heart(ခိုနားခွင့်လေး )Complete Tempat cerita menjadi hidup. Temukan sekarang