💞39💞

1.9K 206 5
                                    

White in the red heart

                            💞39💞

      နောက်တစ်နေ့သော နံနက်။

"ပင်းအာ......"

      ပိုင်ရှီး အစောကြီးထကာ နံနက်စာပြင်ထားသည်။ အရင်ကဆို မနက်ထဖို့ သူအအိပ်စက်နေတာနဲ့ နောက်ကျတတ်၏။ ဒီနေ့မနက်တော့ သူတတ်ကြွနေပါသည်။ သူ့ဘေးမှာ သူ့ကိုချစ်ခင်ကြင်နာပေးမယ့်သူ၊ တစ်သတ်လုံး အဖော်ပြုပေးမယ့်သူ၊ အချစ်ရဆုံးသူတစ်ယောက် ရှိနေပြီလေ။ မနက်အစောထပြီး ချစ်ရသူအတွက် နံနက်စာပြင်ထားပေးရတာကို ကြိုက်သည်။

      နံနက်စာက သူချက်တတ်သလောက်သာ ချက်ထားလိုက်၏။ သူက ရှုပင်းခန့်လောက် ဟင်းချက်မကျွမ်းဘူးလေ။ သူရှုပင်းခန့်ဆီကတောင် ပြန်သင်ယူရအုံးမည်။ စားပွဲပေါ်မှာ အသင့်ဖြစ်နေပြီမို့ သူအိပ်ခန်းထဲဝင်ကာ ကြည့်လိုက်တော့ မနေ့က ရွာသားနဲ့သေရည်အသောက်လွန်ပြီး အခုထိ အိပ်ရာကမထနိုင်သေးတဲ့သူလေး။

       ပိုင်ရှီး ခုတင်ဘေးတင်ပါးလွှဲ ထိုင်လိုက်ပြီး ရှုပင်းခန့်နှုတ်ခမ်းကို နမ်းလိုက်သည်။ ဒါသူမနက်တိုင်း လုပ်နေကျအလုပ်တစ်ခုမို့ ကျင့်ပါနေပြီ။

"ပင်းအာ......ထတော့....."
"ဟင်...."

      ရှုပင်းခန့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နိုးလာ၏။

"ကိုကိုနိုးနေပြီကိုး...."
"အင်း....ထတော့.....ကိုကိုမနက်စာပြင်ထားတယ်...."

"ထပြီ....."

      လက်နှစ်ဖက်ကိုဆန့်ကားကာ အကြောဖြေလိုက်ပြီး ဆန့်ထားသော လက်ကိုပိုင်ရှီးအား ဖက်၍ ပိုင်ရှီးရင်ခွင်သေးသေးလေးထဲ တိုးဝင်လေသည်။

"ကိုကို့ရင်ခွင်ကအနွေးထွေးဆုံးပဲ....."

       ပိုင်ရှီး ကလေးလေးလို ချွဲနေတဲ့ ခင်ပွန်းအသစ်စက်စက်ကလေးရဲ့ ကျောပြင်ကိုအသာပွတ်သပ်ပေးရင်း

"ထမင်းတွေအေးကုန်တော့မယ်...."
"ကောင်းပြီ....ကိုကိုအပြင်မှာစောင့်နေ....ကျွန်တော်လာခဲ့မယ်နော်....မွတ်.... "

      ပိုင်ရှီး နှုတ်ခမ်းကိုကြင်နာစွာ နမ်းပြီးမှ လွှတ်လိုက်သည်။ ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝလေးကို သူတို့စတင်နိုင်ခဲ့ပြီ။ မဆုံးနိုင်တဲ့ အချစ်တွေနဲ့ ဒီဘဝလေးမှာအသက်ရှင်ရတာ ရှုပင်းခန့်အနေနဲ့ ကျေနပ်နေမိပါပြီ။ အထူးသဖြင့် ချစ်ရသူတစ်ယောက် ရှိလာခဲ့တဲ့အတွက်ပေါ့။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now