💞29💞

1.9K 212 6
                                    

White in the red heart

                          💞29💞

      ပိုင်ရှီး သူတို့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတော့ အဆင့်မြင့်တပည့်ဆယ်ယောက်ထဲက တစ်ယောက်ကရှေ့ထွက်လာ၍ ရွှေအကြီးအကဲအား

"ရွှေအကြီးအကဲ....သူ့ကိုဒီအတိုင်းပဲလွှတ်ပေးလိုက်တော့မှာလား..."
"ဟုတ်တယ်...ဒီအတိုင်းမလွှတ်ပေးသင့်ဘူး...."

"ကျွန်တော်လည်းထောက်ခံတယ်....အကြီးအကဲတို့သူ့မှာကောင်းကင်ဂိုဏ်းကအခြေတည်ကျင့်ကြံခြင်းအမြုတေရှိနေသေးတယ်....အဲ့တာကိုဖျက်စီးပစ်ရမယ်...."

"ဟုတ်တယ်ဟေ့....အစ်ကိုပိုင်ကနတ်ဆိုးသခင်နဲ့နေတော့သူ့ကိုယ်မှာနတ်ဆိုးအငွေ့အသက်တွေမရှိဘူးလို့မပြောနိုင်ဘူး...."

"အဲ့တာမှန်တယ်...သူသာလူသားတွေကိုနတ်ဆိုးစိတ်နဲ့ထိခိုက်အောင်လုပ်ခဲ့ရင်ငါတို့ကောင်းကင်ဂိုဏ်းကိုပဲပြန်ထိမှာ..."

      တစ်ယောက်တစ်ပေါက် ထပြောလာရာ ရွှမ်းကော ဒေါသထွက်ကာ ထအော်တော့သည်။

"မတော်ကြသေးဘူးလား...."

       ဓားကရွှမ်းခနဲထိုးထည့်လိုက်ပြီး

"ရှီးအာကသူ့မိတ်ဆွေကြောင့်ခဏတာစိတ်ထိခိုက်သွားတာ....ကောင်းကင်ဂိုဏ်းထိခိုက်မယ့်အလုပ်မျိုးသူလုပ်မှာမဟုတ်ဘူး...."

      ထို့နောက် ပိုင်ရှီးနောက်သို့ ပြေးလိုက်သွားခဲ့သည်။ အဆင့်မြင့်တပည့်ကိုးယောက်လည်း တစ်ယောက်တစ်ပေါက်ပြောကာ ပြန်ထွက်သွားကြလေ၏။ ရွှမ်းကော လှေခါးထစ်များပေါ်ကနေ စိတ်ပျက်စွာ ဆင်းနေသော ပိုင်ရှီးလက်ကို ပြေးဆွဲ၍ သူ့ဘက်ကိုလှည့်လာအောင် စောင့်ဆွဲလိုက်သည်။

"ရှီးအာ.....မသွားပါနဲ့....နော်...."

      ပိုင်ရှီး သူ့လက်ကိုအသာရုန်းဖယ်ပစ်သည်။ အပြုံးတို့မရှိ၊ အသက်မဲ့သော မျက်လုံးတို့နှင့် ရွှမ်းကောကို မော့၍ကြည့်၏။ ထို့နောက် သူလက်ဝါးထောင်ပြသည်။ သူ့လက်ဝါးပေါ်ကသွေးစတွေကို ကြည့်ခိုင်းနေမှန်း ရွှမ်းကော သိသည်။

      သူချစ်ရတဲ့ ပိုင်ရှီးအနားကနေ ထိုနတ်ဆိုးကောင်ကို သူထွက်သွားစေချင်သည်။ ပိုင်ရှီးကို သူချစ်တဲ့စိတ်နဲ့ ပိုင်ရှီးအချစ်တွေကို ပိုင်ဆိုင်လိုတဲ့စိတ်နဲ့ နတ်ဆိုးသခင် သက်ညှာနေတာကို အခွင့်ကောင်းယူကာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now