💞13💞

2.3K 249 4
                                    

ခိုနားခွင့်လေး

                    💞13💞

       ရှောင်လန် မျက်ဝန်းတွေက စိုးရိမ်မှုတွေ လွန်ကဲနေဆဲဆိုတာ ရှုပင်းခန့် သဘောပေါက်ပါသည်။ ရှောင်ထုံးအာဆိုတာက သူမ၏သမီးလို ကြီးပြင်းလာခဲ့တဲ့သူ၊ သူမရင်ခွင်ထဲ သူမအရိပ်အောက်မှာ ကြီးပြင်းလာတဲ့သူလေ။ တစ်ချိန်မှာ ရှောင်ထုံးအာ သူမအပေါ် နာကျည်းမုန်းတီးသွားမှာကို သူမလုံးဝ မလိုချင်ပါ။

"သခင်.....ဟိုလေ...."
"ကျစ်....စိတ်ပူမနေပါနဲ့....ထုံးအာကအဲ့တုန်းကအရမ်းငယ်သေးတယ်လေ....မှတ်မိမှာမဟုတ်ဘူး...စိတ်မပူနဲ့..."
"ဟုတ်...ဟုတ်ကဲ့..."

"ငါသွားတဲ့အချိန်ဒီကကိစ္စတွေအားလုံးကိုမင်းလက်ထဲအပ်ခဲ့တယ်....သေချာဆောင်ရွက်ပါ..."
"အမိန့်အတိုင်းပါသခင်...."

"သွားလို့ရပြီ..."
"ဟုတ်ကဲ့..."

      ရှောင်လန် ထွက်သွားသောအခါမှ အချိန်အကြာကြီး တည်ထားခဲ့တဲ့ရုပ်ကို အတိုးချပြီး ပြုံးလိုက်သည်။ ရှည်လျားသော ခန်းမဆောင်ထဲ ဟိုပြေးသည်ပြေးဖြင့် လိုချင်တဲ့မုန့်လုံးကြီး ရသွားသော ကလေးတစ်ယောက်လို ခုန်ပေါက်ပျော်မြူးနေလေ၏။

       နောက်တစ်နေ့သော နံနက်ရောက်သော် ချင်းမင်းရွာက အိမ်ဟောင်းလေးသို့ ရှုပင်းခန့်နှင့် ရှောင်ထုံးအာတို့ ခရီးနှင်လာခဲ့သည်။ ရွာသားများက ရှုပင်းခန့်ကို ကြောက်ရွံလေးစားကြသောကြောင့် အိမ်သန့်ရှင်းရေးနဲ့ လိုအပ်တာများကို ကူညီပေးကြ၏။ တစ်ချို့ကလည်း စားစရာများ လာပေးကြသလို တစ်ချို့က ချိုးရေများတောင် ခပ်ပေးကြသေးသည်။

"အစ်ကိုပင်း....အစ်ကို့အာဏာကမသေးပါလား..."

       နေ့လည်စာ ထမင်းစား စားပွဲမှ ထုံးအာက စကားလိုက်ခြင်း။ ရှုပင်းခန့် ညီမဖြစ်သူကို နွေးထွေးစွာ ပြုံးပြ၍

"အစ်ကိုအခုလိုအာဏာမရှိခင်တုန်းကဘယ်လိုနေခဲ့ရတယ်ထင်လဲ..."
"ဘယ်လိုနေခဲ့ရလဲ..."

"လမ်းဘေးခွေး....အဆင့်မရှိတဲ့ကျွန်တစ်ကောင်လိုပဲ..."
"အာ....ဘာလို့လဲ..."

"ထုံးအာကငယ်သေးတယ်....နားလည်မှာမဟုတ်ဘူး....ထမင်းစား..."
"ဟုတ်....ဒါနဲ့အစ်ကိုပိုင်ကဘယ်တော့လာမှာလဲဟင်....သူကလာလည်မှာလား..."

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now