💞28💞

1.9K 213 3
                                    

White in the red heart

                            💞28💞

       အပေါက်ဝကနေ သူ့ကိုလှမ်းကြည့်နေသူတစ်ယောက် ရှိနေတာကိုတော့ သူသတိမထားမိခဲ့။ ရွှမ်းကောကပါ ဝင်ပြောလာတော့ ချူသခင်မမှာ ဒေါသပိုလို့တောင် ထွက်လာသေးသည်။

"ဒါကောင်းကင်ဂိုဏ်းရဲ့တရားမျှတမှုတဲ့လား....ဟင်.....အသုံးမကျတဲ့ဟာတွေ...."

      ပိုင်ရှီး အကြီးအကဲတို့အား ဂါဝရထပ်ပြုလိုက်ပြီး

"အကြီးအကဲတို့....ကျွန်တော်ချူသခင်လေးကိုလုံးဝထိခိုက်အောင်မလုပ်ခဲ့သလို....ပင်းအာလည်းမသတ်ခဲ့ပါဘူး..."

      ဖုန်းအကြီးအကဲ ရှေ့ထွက်လာကာ မည်းမှောင်နေသော မျက်နှာထားနဲ့ ပိုင်ရှီးကို ငုံ့ကြည့်လာ၏။ ပိုင်ရှီး ထိုမျက်လုံးတွေရဲ့သဘောကို နားလည်ပါသည်။ ဖုန်းအကြီးအကဲ ဒေါသထွက်နေပြီ။ အဓိကအကြောင်းအရင်းကတော့ သူနတ်ဆိုးသခင်နဲ့ ပတ်သက်နေသည်သာမက ကာပေးနေတာကြောင့်ဆိုတာ ထုတ်ပြောရန်တောင် မလိုပေ။

"ပိုင်ရှီး.....မင်းကနတ်ဆိုးသခင်နဲ့မိတ်ဆွေဖွဲ့ရုံတင်မကဘူး....အခုတော့အမှုသည်ကိုပါထိခိုက်အောင်လုပ်နေတယ်...."

      ရွှမ်းကော ပိုင်ရှီးရှေ့ကကာရပ်လိုက်သည်။ ပိုင်ရှီးဆီလာသမျှ အရာတွေ၊ ပိုင်ရှီးကိုထိခိုက်စေမယ့် အရာတွေကို သူပဲအရင် ခံစားပေးမည်။ သူအရင် ထိပ်တိုက်တွေ့ဆုံချင်သည်။

"ဖုန်းအကြီးအကဲ....တစ္ဆေသားအမိဘယ်လိုသေခဲ့ရလဲဆိုတာသိပါတယ်နော်....သူတို့ရဲ့ဥပဒေနဲ့ဆိုတရားရုံးမှာအပြစ်ဝန်ခံရမယ်မဟုတ်လား...အခုတော့သူတို့ကတရားရုံးကိုအသိမပေးတဲ့အပြင်ကောင်းကောင်းနေကောင်းကောင်းစားနေနိုင်တယ်....သေသွားတဲ့သားအမိကိုနည်းနည်းလေးတောင်စာနာခဲ့ရဲ့လား..."

      နောက်ဆုံးစကားလုံးများ ပြောချိန်၌ ရွှမ်းကောမျက်လုံးတို့က ချူသခင်မကို စေ့စေ့ကြည့်နေ၏။ ချူသခင်မ၏ တုန်လှုပ်ခြောက်ခြားနေသော ပုံစံက ရွှမ်းကောစကားတွေက အမှန်တွေဆိုတာကို ထောက်ပြနေသည့်နှယ်။ ဖုန်းအကြီးအကဲ သက်ပျင်းချ၍

"ဒါပေမယ့်အသက်ကိုတော့မနှုတ်သင့်ဘူးလေ....."
"ကျွန်တော်မသတ်ဘူး...."

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now