💞37💞

1.9K 216 14
                                    

Unicode
White in the red heart

                         💞 37💞

       ဆိုင်ရှင်လင်မယား ပြန်ထွက်သွားတော့ ရှုပင်းခန့်က စကားပြန်စ၏။

"ကိုကို...."
"ဘာလဲ...."

"စိတ်မဆိုးပါနဲ့နော်....ကျွန်တော်နမ်းတာသူတို့မမြင်ပါဘူး...."
"ကိုကိုစိတ်မဆိုးတာမလို့ပင်းအာထမင်းစားတော့နော်..."

"ဟုတ်...."

       ခေါင်းငုံ့ကာ ထမင်းဆက်စားနေ၏။ ထမင်းစားရင် စကားမများတတ်သော ပိုင်ရှီးက စကားတစ်ခွန်းမှမပြောတော့ ရှုပင်းခန့်လည်း ငြိမ်လျက်သာ ထမင်းစားနေလိုက်သည်။ ကမ္ဘာကြီးပျက်သွားမှာထက် ကိုကိုသူ့အပေါ် စိတ်ခုသွားမှာကို သူပိုစိုးရိမ်သည်။

       ထမင်းစားပြီးတော့ ငွေရှင်းကာ ခရီးဆက်လာ၏။ သည်တစ်ခါတော့ ပိုင်ရှီးသည် လှည်းထဲဝင်မထိုင်တော့ဘဲ ချစ်ရသူ နတ်ဆိုးလေးဘေး၌ ထိုင်ပေးသည်။ ထွက်မလာခင် ဆိုင်ရှင်လင်မယားက သူတို့အားမှာလိုက်သေး၏။ သည်တောထဲမှာ တောပုန်းဓားပြတွေရှိကြောင်း၊ သတိထားသွားကြပါရန်လည်း မှာလိုက်ပါသည်။

"ကိုကို....."
"ဟင်...."

"လာပြီ....."

"ရပ်စမ်း...."
"ရပ်လိုက်စမ်း...."

       ထွက်လာတာ လမ်းတစ်ဝက်လောက်ပဲရှိသေး တောပုန်းဓားပြဆိုတဲ့ဟာတွေက ရောက်ချလာပြီ။ အယောက်၃၀လောက်ရှိသည်။ အားလုံးက သူတို့မျက်နှာကို ဖုံးအုပ်ထားပြီး ရှုပင်းခန့်တို့လှည်းကို ဝန်းရံထားသည်။ ပိုင်ရှီးက ဆို၏။

"ကျွန်တော်တို့ကခရီးသွားတွေပါ....ရွှေငွေရတနာတွေမရှိပါဘူး....ကျေးဇူးပြုပြီး....သွားခွင့်ပေးပါ...."

"မပေးနိုင်ဘူး....မင်းတို့သွားချင်ရင်အဲ့ဒီလှည်းထားခဲ့..."
"အစ်ကိုကြီး....ကြည့်လိုက်....အလှလေး....တစ်ညလောက်တော့အစ်ကိုကြီးအတွက်အပန်းဖြေလို့ရလောက်တယ်...."

      ပိုင်ရှီး မျက်မှောင်ကျုံ့မိသွားသလို နတ်ဆိုးလေးသည်လည်း ဒေါသထောင်းခနဲ ထသွားရသည်။ လှည်းပေါ်မှ လွှားခနဲ ခုန်ဆင်းကာ ထိုစကားပြောသူအား အဝေးသို့လွင့်ထွက်သွားအောင် တစ်ချက်တည်း ထိုးချပစ်သည်။

White in the red heart(ခိုနားခွင့်လေး )Complete Where stories live. Discover now