အခန်း ၁

350 25 0
                                    

"​ရှေ့ဆက်ဘယ်လိုလုပ်မယ်လို့စဥ်းစားထားလဲ"
Hongjoong တစ်​ယောက် သူငယ်ချင်းဖြစ်သူ Seonghwa ကို ​လှမ်းကြည့်လိုက်သည်။ 'မသိဘူး၊ သူတကယ်ဘာဆက်လုပ်ရမလဲ မသိ​တော့ဘူး။ ဘယ်အရာ​တွေက မှားယွင်း​နေတာလဲ။ ဘယ်ကစပြီး မှားခဲ့တာလဲ။ သူ့ကို တိုင်ပင်​ဖော် မရဘဲ အမြတ်ကြီးစားပါတယ်ဆိုပြီး နာမည်ကြီးတဲ့သူဆီကမှ ​ငွေ​ချေးခဲ့တဲ့ သူ့မိဘ​တွေလား။ ​ကျောင်းပြီးသွား​ပေမယ့် အခုထိ အိမ်ကို ဘာမှမ​ထောက်ပံ့နိုင်တဲ့ သူ့အပြစ်လား။ မ​နက်ဖြန် သန်ဘက်ပဲ အိမ်​ပေါ်က ​ဆင်း​ပေးရ​​တော့မယ့် သူတို့ရဲ့ အဖြစ်လား။'
Hongjoong တစ်ချက်ပြုံးလိုက်သည်။ ​လောကကြီးကို အရွဲ့တိုက်ချင်​နေတဲ့ ​လှောင်ပြုံး။
"မသိ​​သေးပါဘူးကွာ။ နည်းလမ်းရှာရမှာ​ပေါ့။ လိုရင်ကြံဆ နည်းလမ်းရတဲ့။ ရ​​အောင်ကြံရမှာ​ပေါ့။ ငါ့မိသားစုကို ငါပဲကာကွယ်ရမှာ​လေ။"
"မင်းအကူအညီလိုရင် ငါ့ကို​ပြောလို့ရတယ်​နော်။ ဘာအကူအညီပဲဖြစ်ဖြစ်​ပြော မင်းဘက်မှာ ငါတစ်​​ယောက်လုံး ရှိ​သေးတယ်ဆိုတာသာ မ​မေ့နဲ့။" သူငယ်ချင်းဖြစ်သူ Hongjoong ကို ကြည့်ပြီး Seonghwa ​လေးနက်​သော စကား​တွေကို ဆိုလိုက်သည်။ 'တကယ်ပါ သူ့သူငယ်ချင်းက စိတ်ဓါတ်ခိုင်မာသလိုနဲ့ ဘယ်​လောက်​တောင် အားငယ်လွယ်ပြီး နူးညံ့လည်းဆိုတာ သူအသိဆုံးပါ။ ဘာလို့ ဒီလိုကိစ္စ​တွေက သူ့သူငယ်ချင်းဆီမှာမှ လာဖြစ်ရတာလဲ။'
"​ကျေးဇူးပဲကွာ မင်းရှိ​နေလို့လည်း ငါမယိုင်လဲတာ​ပေါ့။ ကဲ အခု​​တော့ အိမ်ပြန်လိုက်ဦးမယ်။ ငါ့အ​မေက ငါ့ကို​စောင့်​နေရှာမှာ။ သွားပြီ။"
Seonghwa ကို နှုတ်ဆက်ပြီး Hongjoong တစ်​ယောက် အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်လမ်းတစ်​လျှောက်​တော့ 'ငါဘာဆက်လုပ်ရမလဲ၊ ဘယ်လို​ရှေ့ဆက်ရမလဲ၊ အ​ကြွေးကိစ္စကို ဘယ်လိုရှင်းရမလဲ' ဆိုတဲ့ လဲ​ပေါင်းများစွာ​​သော ​မေးခွန်း​တွေနဲ့ ပြည့်နှက်​နေခဲ့တယ်။
_____________________
"​တောက် မင်းတို့​တွေ ဒီ​လောက်​လေး​​တောင် အသုံးမကျဘူးလား လူ​လေးတစ်​ယောက်ကို ဖမ်းဖို့ အဲ့​လောက်​တောင် ခဲယဥ်းလား ဟမ် ​ပြောစမ်းပါ ​ပြော​တော့ အ​​တော်ဆုံး​တွေ ဂုဏ်ထူး​​ဆောင်​တွေပါဆို"
စခန်းမှူးကြီး Jongho ရဲ့ အသံသည် ​​ရှေ့တွင် သတိဆွဲကာ ရပ်​နေ​သော Wooyoung နဲ့ Yeosang တို့ကို တုန်လှုပ်သွား​စေဖို့ လုံ​လောက်သည်။
'တကယ်ပါပဲ ဒီစခန်းမှူးကလည်း သူ့အသံ​​အောင်​ကြောင်း သိပါတယ်ဆို အဲ့​လောက် ​အော်ဖို့ လိုလား ဘယ်သူက​ရော အဲ့​ကောင်ကို လွတ်​စေချင်မှာလဲ ဟို​ကောင် မလှိမ့်တစ်ပတ်လုပ်ပြီး သူတို့ကို ​ရောချသွားတာကျ မမြင်ဘူး သူတို့လွတ်သွားတာကျ အပြစ်​ပြောတယ်။ ငါတို့ဘဝ​လေးက သနား​ဖို့​ကောင်းလိုက်တာ​နော်'
တာဝန်ကျ အရာရှိတစ်ဖြစ်လဲ အရာရှိ Wooyoung ရဲ့ ရင်တွင်းစကားသံ​တွေပါ။ 'ဘာလို့ အပြင်ထုတ်မ​ပြောတာလဲဆို​တော့ သူအသက်နဲ့ကိုယ် အိုးစားမကွဲချင်​သေးလို့ပါ၊ ရှင်းပါတယ်။'
"ကျွန်​တော်တို့ကို ​နောက်ထပ်အခွင့်အ​ရေး တစ်ခါပဲ​ပေးပါ။ ဒီတစ်ခါ စခန်းမှူးကို စိတ်မပျက်​စေရပါဘူး။"
အရာရှိ Wooyoung ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ လုပ်​ဖော်ကိုင်ဖက်လည်း ဖြစ်သူ အရာရှိ Yeosang က တည်ကြည်​လေးနက်တဲ့ အသံနဲ့ ကတိစကားဆိုလိုက်​တော့မှ စခန်းမှူး Jongho ရဲ့ မျက်နှာက အနည်းငယ် ​ပြေ​လျော့လာတယ်။
"​ကောင်းပြီ။ မင်းတို့စကားနဲ့ မင်းတို့ရှိ​စေ။ ​​နောက်တစ်ကြိမ် ဒီလိုမျိုး ထပ်ဖြစ်လို့က​တော့ နှစ်​ယောက်လုံး ထု​ချေလွှာ တင်ရမယ်။"
သြဇာသံအပြည့်နဲ့ စခန်းမှူး Jongho ​က​ပြောပြီး ထိုအရာရှိနှစ်​ယောက်ကို မိမိတို့ ဌာနသို့ ပြန်​စေတယ်။
________________________
"အဟက် သတိ​ပေးထားတဲ့ ကြားထဲက​နေ အရဲစွန့်တယ်​ပေါ့ ငါဘယ်သူလဲ​ဆိုတာ မသိ​ဘူးလား ဒါမှမဟုတ် ​မေ့သွားတာလား။"
သြဇာအပြည့်အဝနဲ့ ခက်ထန်​နေတဲ့ အသံကို ကြားရပြီး​​​နောက်မှာ​တော့ ဒူး​ထောက်​နေရသူ အလွန်အမင်း တုန်လှုပ်သွားတယ်။ သူက မထိသင့်တဲ့သူကို သွားထိမိတာမလား။ ရည်ရွယ်ပြီး လုပ်တာဖြစ်​စေ မရည်ရွယ်ဘဲဖြစ်​စေ တိုက်ရိုက်ဖြစ်​စေ သွယ်ဝိုက်ပြီး ဖြစ်​စေ နည်းနည်း​လောက် သူ့ကို ထိမိတာနဲ့ အဆ​ပေါင်းများစွာ ပြန်လက်စား​ချေရမှ ​ကျေနပ်တဲ့သူ။ သူလည်း တမင်ရည်ရွယ်ပြီး လုပ်ခဲ့သည်မဟုတ်။ ​ပြောရလျှင် သူ့ကိစ္စကို မဟုတ်​ချေ။ သူ့သူငယ်ချင်းဖြစ်သူ​ကြောင့်သာ ဒီလူနဲ့ လာပတ်သက်ရခြင်း။ သူငယ်ချင်းဖြစ်သူကိုလည်း ဆက်သွယ်၍ မရ​တော့။ ​မွေးကတည်းက တစ်​ကောင်ကြွက် သူ့လိုလူကို ဘယ်သူကမှ တိုင်ချက်ဖွင့်မည် မဟုတ်သည့်အတွက် ရဲ​တွေကိုလည်း အားကိုးလို့ မရ​တော့။ ရှိ​စေ​တော့ သူ့ဝဋ်​ကြွေး​တွေ ဒီဘဝ ဒီမျှနဲ့သာ ​​ကျေပါ​စေ​တော့။ သူမျက်လုံးစုံမှိတ်လိုက်တဲ့အခါ "ဒိုင်း" ခနဲ ကြားလိုက်ရပြီး ပူထူသွားကာ အရာအားလုံးနဲ့ အဆက်အသွယ်ပြတ်သွား​ချေ​တော့သည်။"
___________________×××__________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now