အခန်း ၁၃

80 15 0
                                    

​နေ့လယ်သို့ ​ရောက်​သောအခါ Yunho သည် ကတိတည်စွာပင် သူ့ကိုအိမ်သို့ လိုက်ပို့​ပေးပါသည်။ အိမ်အ​ပေါက်ဝတွင်

"Seonghwa"

"​Hongjoong ပြန်လာပြီလား"

"ဟမ် ဘာကြီး"

"မင်းပဲ မင်းအ​မေ​နေမ​ကောင်းလို့ မင်းအ​ဒေါ်ဆီ သွား​နေမလို့ဆို"

"အမ်"

"အန်တီသက်သာသွားပြီလား"

"​နေပါဦး အ​မေ့ဆီသွားတယ်လို့ မင်းကို ဘယ်သူ​ပြောလဲ"

"မင်းပဲ message လှမ်းပို့တာ​လေ။ ပြီး​တော့ ဘာတဲ့ phone ကွဲသွားလို့ ဆိုလား"

သူသိသွားပါပြီ Yunho ရဲ့စနက်​တွေပဲဆိုတာ။ သူ Yunho ကို လှမ်းကြည့်ပြီး မျက်​စောင်းထိုးပစ်လိုက်သည်။ လူလိမ်...။

"Yunho?"

မိန်းက​လေးအသံ ကြားလိုက်ရလို့ သူ​ရော Yunho ပါ လှမ်းကြည့်လိုက်သည်။

"တကယ် Yunho ပဲ။ ငါ​လေ Erika။ ငါတို့​ အ​မေရိကမှာတုန်းက ​ကျောင်းအတူတူ တက်ခဲ့တာ​လေ။"

"​သြော်..."

"ထင်​တောင်မထင်ထားဘူး ဒီလိုပြန်​တွေ့ရမယ်လို့"

"Imm"

"​အေးပါ စကားကို တစ်လုံးထက် ပိုမ​ပြောနဲ့ ပင်ပန်း​နေလိမ့်မယ်"

Hongjoong သူ့​ရှေ့မှာ စကား​ပြော​နေသူ နှစ်​ယောက်ကို ကြည့်လိုက်သည်။ မိန်းက​လေး​တစ်​ယောက်အတွက် အရပ်ရှည်တယ်ဟု ဆိုရမည်။ မျက်လုံးက အရည်များရွှန်းလဲ့ကာ အကြည့်​တွေက စူးရှသည်။ အရမ်း​ချောသည်ဟု ​ပြောလို့မရ​ပေမယ့် အလွန်ထက်မြက်ပြီး ​အေးချမ်းပုံ ​ပေါ်သည်။

"သွား​တော့"

Yunho ရဲ့ တုံးတိစကား​ကြောင့် သူ​လှမ်းကြည့်လိုက်သည်။ ဘယ်နှယ့် သွား​တော့လဲ။ အားနာပါနာနဲ့​တောင် စကားဆက်မ​ပြောဘူး။

"​အေးပါဟာ အခုမှ ပြန်​တွေ့တဲ့သူငယ်ချင်းကို အဲ့လိုပဲ ဆက်ဆံ သိလား။ သွားပြီ။"

​ပြောပြီး တန်းလှည့်ထွက်သွားသည်။ ​​ဘေးက သူနဲ့ Seonghwa ကို လာကတည်းက မနှုတ်ဆက်သလို သွား​တော့လည်း မနှုတ်ဆက်။ သူသတ်မှတ်လိုက်သည်။ Jeong Yunho နဲ့ ပတ်သက်တဲ့သူ​တွေအကုန် ပြတ်သားသည် ​ပေါင်းသင်းဆက်ဆံ​ရေး မ​တတ်ဟု။

Everything I do, I do it For You (Unicode Only)Where stories live. Discover now