အခန်း ၁၉

74 12 1
                                    

"​ချောက်"

​မှောင်မည်းနေ​သော အခန်းငယ်ထဲတွင် ​မီး​ရောင် မှိန်ပျပျ ထွန်းလင်းလာသည်။ သူအခန်းထဲသို့ ​ဖြေးညင်းစွာ ​လျှောက်လာပြီး ဝတ်ဆင်ထား​သော ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ ထို့​နောက် ကိုယ်လက်သန့်စင်ကာသက်​တောင့်သက်သာ ဖြစ်​စေမယ့် အဝတ်အစား​တွေ ဝတ်ဆင်လိုက်သည်။ မီးဖို​ချောင်ထဲသွားကာ ဝိုင်ပုလင်းနဲ့ ဖန်ခွက်ယူလိုက်ပြီး ထိုအခန်းငယ်ထဲ ပြန်ဝင်လာခဲ့သည်။ ဝိုင်ပုလင်းကို စားပွဲ​ပေါ်တင်ကာ ဖန်ခွက်ထဲ ဝိုင်အနည်းငယ် ငှဲ့လိုက်ရင်း ပြတင်း​ပေါက်နားကို ​လျှောက်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်​နေလိုက်သည်။ စွေ​စွေ​လေး ရွာသွန်းနေ​သော မိုးက အလွမ်းဓါတ်ခံရှိသူကို ပိုမိုလွမ်းဆွတ်သွား​စေနိုင်သည်။ သူ့အတွက်​တော့ ဘာခံစားချက်မှ မ​ပေး။ သူ့အ​တွေးသူ သ​ဘောကျကာ ဝိုင်တစ်ငုံ​သောက်လိုက်သည်။ ထို့​နောက် ဖုန်းနံပါတ်တစ်ခုကို ရိုက်နှိပ်ပြီး ခေါ်လိုက်သည်။

"တူ..... Hello"

"Hello"

"ဘာလိုချင်လို့လဲ"

တစ်ဖက်က ပြတ်သားလွန်းလှတဲ့ အသံ​ကြောင့် သူမဲ့ပြုံးပြုံးလိုက်မိသည်။ ဒါသူ့ကို လူ​တွေ ဆက်ဆံတဲ့ ပုံစံပဲ။

"ရင့်လိုက်တာဗျာ အဲ့​လောက်ကြီး မစိမ်းကားပါနဲ့။ ကျွန်​တော်လည်း ခံစားချက်နဲ့ လူပါ။"

"​တော်စမ်း...မင်းလုပ်ရပ်​တွေ မ​တော်နိုင်​သေးဘူးလား"

"​ဟောဗျာ ကျွန်​တော်က ဘာလုပ်​နေလို့ ​တော်ခိုင်း​နေရတာလဲဗျာ"

"မင်း!!! ​တော်ပြီ အခု ဘာကိစ္စ ဖုန်းဆက်တာလဲ။ ​ငွေလို​ပြန်ပြီလား"

ဟက် ဒီလိုပါပဲ ဘယ်​တော့မှ ​ပြောင်းလဲမှာ မဟုတ်တဲ့ ​မေးခွန်း​တွေ။

"ဟုတ်တယ် မ​နက်ဖြန် ​ဒေါ်လာ ၁၀၀၀၀ ရချင်တယ်။ ဘယ်လိုလဲ ​ပေးနိုင်လား"

"ငါ့လက်ထဲ ဘယ်လိုလုပ် အဲ့​လောက် ပိုက်ဆံရှိမှာလဲ"

"ကြံလိုက်ဖန်လိုက်​ပေါ့ဗျာ...ခင်ဗျားကျွမ်းပါတယ် ဒါမျိုး​တွေက...မဟုတ်ဘူးလား။ ကဲကဲ ကျွန်​တော်လည်း လုပ်စရာ​တွေ ရှိ​သေးတယ်။ မနက်ဖြန်​နော်...မ​မေ့နဲ့...ဒါပဲ။"

Everything I do, I do it For You (Unicode Only)Where stories live. Discover now