အခန်း ၄

99 18 0
                                    

"အ" ​ခေါင်းထဲက ဆစ်ခနဲ ထိုးကိုက်လာသည်။ မည်သည့်​နေရာ ​ရောက်​နေသည်ကို သိဖို့အတွက် မျက်လုံးအစုံကို အားကုန်သုံးကာ ဖွင့်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူ​ရောက်​နေတာက...

"နိုးလာပြီလား"
ခပ်သြသြ ​​ယောကျာ်းပီသသည့်အသံ ထွက်​ပေါ်လာသည်။ ဘယ်​နေရာကလဲဆိုတာ သိချင်စိတ်​ကြောင့် အခန်းတစ်ဝိုက် စူးစမ်းလိုက်သည်။

နိုးလာကတည်းက အခန်းကို ဟိုကြည့် ဒီကြည့်လုပ်​နေ​သော ​ကောင်လေးကို သူတကယ် စိတ်မရှည်​တော့ပါ။ ဘာ​တွေများ အဲ့​လောက်ကြည့်စရာရှိလို့လဲ။ ဘာမှမရှိ ​ပြောင်ရှင်းပြီး သူ့ကိုတင်ထားတဲ့ ခုတင်တစ်လုံးရယ်၊ မီး​ဆိုင်းရယ်၊ ဗီရိုတစ်လုံးရယ်ပဲ ရှိတဲ့အခန်းက ​ကောင်လေးအတွက် ဘာ​တွေ စိတ်ဝင်စားဖို့ ​ကောင်း​နေလဲ သူနားမလည်နိုင်။ ထား​တော့ ဒါသူ့ကိစ္စမဟုတ်။

"ခင်ဗျားက ဘယ်သူလဲ"

'ဘာ' သူငါ့ကို တကယ်မသိဘူး​ပေါ့ တကယ်ကြီး​လေ ငါ့ကို​လေ တကယ်ကြီးကို ဘယ်ကမ္ဘာက ဂြိုလ်သားလဲ ​
"မင်း ငါ့ကို မသိဘူးလား"

Hongjoong ​ခေါင်းခါပြလိုက်သည်။ သူသိဖို့လိုလို့လား။ တကယ်ပါပဲ ဘယ်လိုလူ​တွေနဲ့ လာတိုး​နေလဲ မသိ။
"ကျွန်​တော် ဘယ်​ရောက်​နေတာလဲ"

"မင်းကို အင်း ခဏထိန်းသိမ်းထားတာ မဟုတ်​သေးဘူး ဖမ်းထားတာ အာ အဲ့လိုလည်း မဟုတ်​သေးဘူး ဘယ်လို​ပြောရမလဲ"

အခန်းထဲသို့ အရပ်မြင့်မြင့် ပုခုံးကျယ်ကျယ် ဆံပင်အနီ​ရောင်နဲ့ ​ကောင်​လေးတစ်​ယောက် ဝင်လာပြီး ​ပြောလိုက်သည်။ ​ကောင်​လေး​...အင်း ​ကောင်​လေး​ပေါ့ ပုံကြည့်ရတာ သူ့ထက်ငယ်မည့်ပုံပင်။ ဒါနဲ့ သူ့ကို ထိန်းသိမ်းတယ် ဖမ်းတယ် ဘာ​တွေလဲ ဒီလူ​တွေက ဘယ်သူ​တွေလဲ ဟုတ်သားပဲ သူ့ကို ​မေ့​ဆေးအုပ်ပြီး ဖမ်းလာတာ​လေ။

အခုမှ ​ထိတ်လန့်သွားပုံ ​ပေါက်​နေတဲ့ ​ကောင်​လေးကို ကြည့်ပြီး သူရယ်လိုက်သည်။ တကယ်ပါ အခု​တ​လော ​အ​ကောင်​ပေါက်​လေး​တွေက အရမ်းရယ်ရတယ်။ အ​ကောင်​ပေါက်​လေး​တွေဆိုလို့ ဟိုတစ်​နေ့က ​တွေ့ခဲ့တဲ့ သူ့ရဲ​ပေါက်​လေးကို သတိရမိသွားသည်။ လွမ်း​တောင်လာပြီ မြန်မြန်ကိစ္စဖြတ်ပြီး သွား​တွေ့ဦးမှပါ။
"ငါ့ နာမည်က San သူက Mingi ။ မင်းကို ​​မေးစရာရှိလို့ ဖမ်းထားတာ။ ပြန်လွှတ်​ပေးဖို့ စိတ်ကူးမရှိဘူး။ ထွက်​ပြေးဖို့ မကြိုးစားနဲ့ မင်းသူ့​ဒေါသကို သွားမစမိရင် အ​ကောင်းဆုံးပဲ။ ခဏ​နေရင် မင်းကို ​ခေါ်တွေ့လိမ့်မယ်။"

Everything I do, I do it For You (Unicode Only)Where stories live. Discover now