အခန်း ၁၂

89 16 0
                                    

"ဟို​လေ ကျွန်​တော် အိမ်ပြန်လို့ရလား"

Hogjoong အရဲစွန့်ပြီး မျက်စိ​ရှေ့က ဆိုဖာ​ပေါ်မှာ ​ခြေချိတ်ထိုင်ကာ စာအုပ်ဖတ်​နေတဲ့ Yunho ကို ​မေးလိုက်သည်။

"ဒါက မင်းအိမ်မဟုတ်ဘူးလား"

သြဇာအပြည့်ပါတဲ့ အသံ​ကြောင့် သူခဏမင်သက်မိသွားသည်။ သူလည်း ဒီလူနဲ့ကျမှ ​မေ့​မောပြီး ကြည့်မိလိုက် မင်သက်သွားလိုက်နဲ့။ မဟုတ်​သေးပါဘူး သူဘာ​တွေဖြစ်​နေတာလဲ။

"မဟုတ်ဘူး​လေ။ ကျွန်​တော့်အိမ်က ကျွန်​တော့်သူငယ်ချင်းနဲ့အတူ​နေ​နေတဲ့အိမ်​လေ။ ကျွန်​တော် အလုပ်ပျက်​ပေါင်းလည်း များ​နေပြီ။"

ပြန်ခွင့်ရမလားဆိုတဲ့ ​မျှော်လင့်ချက်​လေးနဲ့ မျက်နှာကို အတတ်နိုင်ဆုံး ငယ်ထားပြီး ​​ပြောမိသည်။

"အလုပ်က​နေ ငါထုတ်လိုက်ပြီ။ ဒီမှာ မင်းအစ်ကိုရှိ​နေတာပဲ။ သူနဲ့​နေ​ပေါ့။"

​ပြောပြီး သူ့စာသူ ဆက်ဖတ်​နေသည်။ ငါရှင်ချင်တယ်​နော်။ အစ်ကိုနဲ့​နေဆို​ပေမယ့် နှစ်​တွေအကြာကြီး ခွဲပြီးမှ ပြန်​တွေ့ရတာ​လေ။ သူနဲ့ စိမ်း​နေတာကြီးကို။ ပြီး​တော့ Seonghwa ကိုလည်း လွမ်းတယ်။ လွမ်းတယ်ဆိုမှ သူငါ့ကို လူပျောက်မတိုင်ဘူးလား။ ခရီးကပဲ ပြန်မ​ရောက်​သေးတာလား။ ​နေပါဦး အလုပ်ထုတ်လိုက်ပြီလို့ ​ပြောလိုက်တာလား...အမ်

"အလုပ်က ထွက်လို့မရဘူး​လေ။ ကျွန်​တော်ပိုက်ဆံရှာဖို့လိုတယ်။"

"လိုသ​လောက်​ပြော"

"မဟုတ်ဘူး​လေ။ ကျွန်​တော့်လုပ်အားခနဲ့ ရတဲ့ပိုက်ဆံကို ​ပြောတာ။ ကျွန်​တော်အလုပ်လုပ်ချင်တယ်။"

ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး စားပွဲ​ပေါ်ချလိုက်ကာ ကျွန်​တော့်ကို လှမ်းကြည့်လာသည်။

"​ကော်ဖီသွား​ဖျော်​ပေး။ ပြီးရင် အိမ်သန့်ရှင်း​ရေးလုပ်ထား။"
​ပြောပြီး သူ့အခန်းထဲ သူပြန်ဝင်သွားသည်။

ဘာလဲ အခု သူ့ကို အိမ်အလုပ် လုပ်ဖို့​ပြောသွားတာလား။ ​ကောင်း​ရော။ ဟူး...​ပြော​နေတာ​တောင် ဘယ်​ရောက်သွားမှန်း မသိဘူး...သူ့စိတ်ချည်းပဲ။
------------------------------------------------------------
"​ဒေါက် ​ဒေါက်"

Everything I do, I do it For You (Unicode Only)Where stories live. Discover now