အခန်း ၃၈

68 14 2
                                    

ည​နေ ၆ နာရီ ဝန်းကျင်ရှိ​နေပြီ ဖြစ်လို့ Jongho တို့ သုံး​ယောက်လုံး Yunho ရဲ့ စံအိမ်​တော်ကို ပြန်လာခဲ့ကြသည်။

Yunho စံအိမ်​တော်တွင်...

ရှစ်​ယောက်လုံး စကားစမြည်​ပြောရင်း ညစာ အတူစား​​နေကြသည်။ သူတို့​ပြော​နေတဲ့ စကားဝိုင်းရဲ့ အဓိက ဇာတ်​ဆောင်က Kevin ပင်။ Kevin လုပ်ခဲ့တဲ့ မ​ကောင်းမှု​တွေ​ကို သူတို့မနှစ်မျို့​ပေမယ့်လည်း Kevin နဲ့ Erika တို့ရဲ့ ဘဝအမှန်ကို သိထားကြတဲ့အတွက် အနည်းနဲ့အများ​တော့ စိတ်မ​ကောင်းကြ​​ပေ။ ထိုစဥ် Yunho က

"Mrs. Kim အ​ခြေအ​နေ ဘယ်လိုလဲ"

​ဟု ​မေးလာသည်။ Wooyoung က ​

"အခု​လော​​လောဆယ်​တော့ အချုပ်ထဲပဲ ရှိ​နေ​သေးတယ်။ မနက်ဖြန် တရားရုံး​ရောက်ပြီး စီရင်ချက်ချမှ အ​​ခြေအ​နေသိရမှာ...။ ဒီတစ်​ယောက်တော့ မလွတ်​နိုင်​​လောက်ပါဘူး"

ဟု ဆိုလာ​သောအခါ Yunho က

"အကူအညီလိုရင်​ပြော ... ကျွန်​တော်တို့ သုံး​ယောက်နာမည်သာ ​ပြောလိုက် ... တုတ်တုတ်မျှ မလှုပ်နိုင်​စေရဘူး..."

ဟု ​ပြောကာ ​ဘေးနားက ဝိုင်ခွက်ကို ယူကာ တစ်ငုံ​မော့​သောက်လိုက်သည်။ ထမင်းသာ ငုံ့စား​နေ​သော Jongho က San ကို တစ်ချက်ကြည့်ပြီး

"Mr. Choi ကို မနက်ဖြန် ဝရမ်းနဲ့သွားဖမ်းမှာ"

ဟု ​​ပြောလိုက်သည်။ ထိုအခါ San က ဇွန်းနဲ့ခက်ရင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး

"အမြင့်ဆုံး အပြစ်ဒဏ်​လျှောက်​ပေး ... မဖမ်းခင် ​သေနတ်တစ်ချက်​ဖောက်လိုက်ရင် ပို​ကျေးဇူးတင်မိမယ်ထင်တယ်"

ဟု ​ပြောလိုက်သည်။ San ၏ စကား​ကြောင့် Yeosang စား​နေရင်း သီးသွားသည်။ ​ရေတစ်ငုံ​သောက်လိုက်ပြီး San ကို ကြည့်ကာ

"​နောက်​နေတာလား"

ဟု ​မေးလိုက်သည်။ သူတို့ရဲ​တွေက တရားခံက မရုန်းသ​ရွေ့ တရားခံမလှုပ်ရှားသ​ရွေ့ ပစ်ခတ်ခွင့်မရှိ။ ပစ်မယ်ဆိုရင်​တောင် အ​တော်ချင့်ချိန်ပြီးမှ ပစ်ရသည်။ Yeosang စကားကို

"​နောက်​နေတယ်ထင်လို့လား ..."

ဟု San က ပြန်​ဖြေလိုက်ရင်း Yeosang ကို စိုက်ကြည့်လိုက်သည်။ ထို့​နောက် ပါးချိုင့်​လေး​ပေါ်လာ​အောင် ပြုံးပြလိုက်ရင်း

Everything I do, I do it For You (Unicode Only)Where stories live. Discover now