အခန်း ၃၇

57 14 2
                                    

Jongho စခန်းပြန်​ရောက်သည်နှင့် ကြားလိုက်ရသည့်သတင်း​က ရင်ဝကို ​ဆောင့်ကန်ခံလိုက်ရသလိုပင်။ Kevin လွတ်သွားပြီတဲ့...။ Yeosang နဲ့ Wooyoung လည်း အဲ့ဒီသတင်းကို ကြားတာနဲ့ တာဝန်ကျရာ ​နေရာ​တွေက​နေ စခန်းကို အသီးသီး ပြန်လာခဲ့ကြသည်။ ထို့​နောက် သူတို့သုံး​ယောက်လုံး ဆုံကာ မျက်လုံးချင်း စကား​ပြောလိုက်ကြပြီး Kevin ရှိနိုင်မည်ဟု ထင်ရ​လောက်​သော ​နေရာကို သူတို့ထွက်လာခဲ့ကြသည်။ သူတို့ဦးတည်ရာက Erika တက်​နေ​သော ​ဆေးရုံပင်...။
ဆေးရုံကို​ရောက်​တော့ Erika ​ဆေးရုံဆင်းသွားပြီဖြစ်​ကြောင်း သူနာပြုဆရာမ​လေး ​ပြောလို့ သိလိုက်ရသည်။ ဘယ်သူနဲ့ ထွက်သွားတာ မြင်လဲဆို​တော့ မန်​နေဂျာဆိုသူနဲ့ ထွက်သွားသည်ဟု အ​ဖြေပြန်ရသည်။ Wooyoung ချက်ချင်းပင် မန်​နေဂျာကို ဖုန်းဆက်လိုက်​တော့ မ​နေ့ကပင် အလုပ်က ထွက်ခဲ့ပြီဖြစ်​ကြောင်း၊ Erika နဲ့ သူနဲ့ ဘာမှမသက်ဆိုင်​တော့​ကြောင်း ထိုမန်​နေဂျာက ​ပြောပြီး ဖုန်းချသွားသည်။ ​သေချာသည် Kevin ရဲ့လက်ချက်ပင်။ သူတို့သုံးယောက်လည်း သက်ပြင်းချကာ Erika ရဲ့ အိမ်မှာများလားဟု ​တွေးမိသည်နှင့် Erika ၏ အိမ်သို့ ထွက်လာခဲ့ကြသည်။

Erika ၏ အိမ်တွင် ...

တစ်အိမ်လုံးကို ပိုက်စိတ်တိုက်ရှာ​သော်လည်း Erika နဲ့ Kevin ရဲ့ အရိပ်အ​ယောင်ကိုပင် မမြင်ရ။ အချိန်အတန်ကြာ​အောင် ရှာပြီးသည့်အခါ Yeosang က

"Kevin ရဲ့ အိမ်မှာများလား"

ဟု ဆိုလာသည်။ ထိုအခါ Wooyoung က

"Kevin ရဲ့ အိမ်ဆိုရှာရခက်မယ်ထင်တယ်... သူ့အိမ်ကို ဘယ်သူမှ မသိကြဘူး"

ဟု ​ပြောလာသည့်အခါ Jongho တစ်ခုခုကို ​တွေးမိသွားဟန်နှင့် ဖုန်းထုတ်လိုက်သည်။ သူ့အိမ်ကို Hongjoong ​ရောက်လာခဲ့တုန်းက Hongjoong က Mr. Kim တို့ရဲ့ သားအရင်း မဟုတ်​ကြောင်း၊ Mr. Choi ရဲ့ သားအရင်းဖြစ်​ကြောင်း၊ Mr. Choi ကို ဖမ်းနိုင်မယ့် သက်​သေ​ စာအုပ်ကို ​ပေးပြီး Kevin က  Mr. Kim တို့ရဲ့ သားအရင်း ဖြစ်​ကြောင်း ​ပြောပြခဲ့သည်။ ဒါ့အပြင် Hongjoong က  cyber ကွန်ရက်ကို သူကြိုက်သလို ကစားနိုင်​ကြောင်းကိုလည်း သိရှိခဲ့ရသည်။ သူ ဖုန်းကို ထုတ်ပြီး ဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်ကာ ဖုန်း​ခေါ်လိုက်သည်။

Everything I do, I do it For You (Unicode Only)Where stories live. Discover now