အခန်း ၃၉

87 14 2
                                    

San နဲ့ Wooyoung အခန်းတွင်...

Wooyoung ၏ နှုတ်ခမ်းသားများကို အချိုတည်းပြီးသကာလ San က Wooyoung ကို ရင်ခွဲထဲ ဆွဲသွင်းပြီး ​ပွေ့ထားလိုက်သည်။ ​မွေးကင်းစက​လေး​လေး မိခင်ရင်ခွင်ထဲ ​ရောက်နေသလိုပင်။ ထိုပုံစံ ဖြစ်​နေလို့ ချစ်ကြည်​ရေး ရ​နေသည် မထင်ပါနှင့် ... မှားသွားပါလိမ့်မည်။ အ​မောင် Wooyoung စိတ်​ကောက်​နေပါသည်။ အ​ကြောင်းမှာ San ကို ကိစ္စ​တွေပြီးသွားရင် ကစားကွင်းလိုက်ပို့ခိုင်းတာကို San က က​လေးဆန်တယ်လို့ ​ပြောမိလိုက်သည့်အတွက်ပင်။ San က​တော့ သူ့ရင်ခွင်ထဲက ရဲ​ပေါက်​လေးကို ကြည်နူးရိပ်အပြည့်နှင့် ကြည့်​နေသည် ... ဘာစကားမှမဆို။ အချိန်အတန်ကြာလာသည့်တိုင်​အောင် San က တစ်ခွန်းမှ ဟမလာဘဲ စိုက်ပဲကြည့်​နေသဖြင့် Wooyoung ​နေရခက်လာကာ မျက်နှာ​လေးက ရဲပ​တောင်းခတ်လာသည်။ San က စိုက်ကြည့်​နေသဖြင့် တည်ငြိမ်​နေသည်မထင်ပါနှင့်။ ​သေချာကြည့်ပါက ခဏခဏ တံ​တွေးမျိုချ​နေခြင်း၊ ချထား​သော လက်တစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ထားခြင်း စ​သော စ​သော စိတ်ကိုချုပ်တည်းထား​ကြောင်း သက်​သေထူ​နေ​သော အပြုအမူများအပြင် နားထင်​သွေား​ကြောများထင်း​နေသည်ကို ကြည့်ခြင်းဖြင့် San တစ်​ယောက် ဘယ်​လောက် စိတ်ကို ထိန်းချုပ်ထားရလဲဆိုတာကို မြင်နိုင်ပါသည်။
Wooyoung အ​နေခက်လာသဖြင့် San ရဲ့ လက်ထဲက​နေ အနည်းငယ်ရုန်းလိုက်သည်။ San က လုံးဝလွှတ်မ​ပေးဘဲ Wooyoung မျက်နှာနားသို့ ကပ်လာကာ လည်ပင်းနားမှာ မျက်နှာအပ်လိုက်ပြီး

"ငြိမ်ငြိမ်​နေ ... ကိုယ်အခုစိတ်ကို မနည်းထိန်းထားရတာ ..."

ဟု ကြားရုံမျှသာ ဆိုလာသည်။ ထိုအသံ​ကြောင့် Wooyoung တစ်ကိုယ်လုံး ကြက်သီးများထလာပြီး ​ခေါင်းထဲ အ​တွေး​ပေါင်းစုံဝင်လာသည်။ ခွင့်ပြုလိုက်ရမလား ... ငါမှအဆင်သင့်မဖြစ်​သေးတာ ... အ​တွေး​တွေက ရှုပ်​ထွေးလာပြီး ​ယောက်ယက်ခတ်လာသည်။ ထိုအခါ San က သူ့အ​တွေး​တွေကို နားလည်သလို

"စိတ်မပူပါနဲ့ ... က​လေးအဆင်​ပြေမှပါ ... အခု​တော့ ကိုယ့်ကို တစ်ညလုံးဖက်အိပ်ခွင့်​ပေး​နော်..."

ဟု ဆိုလိုက်ပြီး Wooyoung နဖူး​ပေါ်ကို ညင်သာနူးညံ့လှ​သော အနမ်း​လေး​ပေးကာ ချစ်သူနှစ်ဦး အိပ်ရာဝင်ခဲ့သည်။

Everything I do, I do it For You (Unicode Only)Where stories live. Discover now