အခန်း ၇

86 15 2
                                    

မျက်နှာတစ်ခုလုံး နီရဲပြီး ​ဒေါသထွက်​နေတဲ့ ရဲ​ပေါက်ကိုကြည့်ပြီး သူပိုစချင်လာတယ်။ တကယ်ပါ ဘာ​လေးနဲ့တူမှန်းမသိဘူး။

သူ့ကို စိုက်ကြည့်​နေတဲ့ နတ်ဆိုး​ကြောင့် Wooyoung  ​ဒေါသထွက်​နေရာက​နေ တစ်ကိုယ်လုံး ကျင်လာသလိုလို ပူလာသလိုလို ဖြစ်လာတယ်။ ဘာလဲဟ ဒီ​ကောင်က ဘာလို့ငါ့ကို စိုက်ကြည့်နေရတာလဲ။

ထိုစဥ် စားပွဲ​ပေါ်ကို Americano တစ်ခွက် လာချ​ပေးသည်။ ​Americano ကြိုက်တဲ့ Wooyoung က စားပွဲ​ပေါ်  ခွက်​ရောက်တာနဲ့ သူ့ဘက်ဆွဲပြီး တစ်ငုံ​သောက်လိုက်သည်။ သူတကယ် ဒီအရသာကို ကြိုက်သည်...ခါးသက်သက်​လေး... ​နောက်တစ်ငုံ ထပ်​​သောက်မည်အလုပ်

"ဟို ဒီကအစ်ကို ဒီ Americano က ဒီအစ်ကို မှာထားတဲ့ဟာပါ အစ်ကို့အတွက်က ​​ဖျော်​နေတုန်းပါ"

အား...ရှက်လိုက်တာ ဘာလို့ ဒီနတ်ဆိုး​ရှေ့ကျမှ။ နတ်ဆိုး​ကောင်ကို လှမ်းကြည့်လိုက်​တော့ ပြုံးစိစိနဲ့ သူ့ကို မျက်စပစ်ပြ​နေသည်။ သူပြုံးလိုက်တာနဲ့ သစ္စာရှိတဲ့ ပါးချိုင့်နှစ်ဖက်က ​ပေါ်လာသည်။

"​နေပါ​စေ ​နောက်တစ်ခွက်လာမှ အစ်ကို ​သောက်​တော့မယ်။ အစ်ကို့ပစ္စည်းက သူ့ပစ္စည်းပါပဲ။ ဟုတ်တယ်မလား။"

​သူ့ကို ​မေး​ငေါ့ပြောပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည့် နတ်ဆိုး​ကြောင့် သူ့တစ်ကိုယ်လုံး ရှိန်းဖိန်းဖိန်း ဖြစ်လာကာ ပူကျစ်လာသည်။ ဘာဖြစ်တာလဲ ငါဖျားများဖျားချင်​နေတာလား။ ဒီနတ်ဆိုးက စကား​ပြောရင် အမြဲ​ရှေ့မလွတ်​နောက်မလွတ်နဲ့။ မသိရင် သူနဲ့ကိုယ်က ဘာလိုလို ညာလိုလို။ ဘာ... ဘာကို ဘာလိုလို ညာလိုလိုလဲ။ Jeong Wooyoung နင်စိတ်ထိန်းစမ်း။

သူ​ပြောလိုက်​တော့ သူ့ကို မျက်​စောင်းမမည်တဲ့အကြည့်တစ်ချက်​ပေးပြီး ​ခေါင်းငုံ့သွားတဲ့ ရဲ​ပေါက်​လေးကို ကိုင်​ပေါက်ပစ်ချင်စိတ်တဖွားဖွား။ အူယားလိုက်တာ​နော်။ ဘယ်လို​တောင် ချစ်ဖို့​ကောင်း​အောင် ​နေ​နေတာလဲ။ ဟူး... စိတ်ထိန်း...စိတ်ထိန်း။ သူက သူ့ကိုယ်သူ bisexual, gay, straight ဆိုပြီး သတ်မှတ်တာ​တွေထက် လူတစ်​ယောက်လို့ပဲ သတ်မှတ်တယ်။ လူတစ်​ယောက်ဖြစ်တဲ့အတွက် လူတစ်​ယောက်ကို ချစ်နိုင်တယ်။ ကြိုက်နိုင်တယ်။ သ​ဘောကျနိုင်တယ်။ ဒါပဲ...ပညတ်ချက်​တွေ ​ဘောင်​တွေကြားထဲမှာ သူမ​နေဘူး။ သူတင်မဟုတ် သူ့သူငယ်ချင်း​ Yunho၊ Mingi တို့ကလည်း သူ့အတိုင်းပဲ။ ဒါ​ကြောင့်လည်း စိတ်သ​ဘောထားချင်း တိုက်ဆိုင်တဲ့ သူတို့သုံး​ယောက်က အထက်တန်း​ကျောင်းသားကတည်းက အခင်အမင်မပြတ် တစ်​ယောက်ကို တစ်​ယောက် အား​ပေး​ဖေးမရင်း ခင်လာလိုက်တာ အခုချိန်ထိပဲ။ သူတို့သုံး​ယောက်ကိုဆိုရင် ဘယ်သူမှ လွယ်လွယ်နဲ့ လာမထိရဲ သုံး​ယောက်စလုံးက အိမ်ကို​ခြေစုံကန်ကာ ကိုယ့်ထူးကိုယ်ချွန်ပြီး ​နေရာတစ်​နေရာ​ရောက်​အောင် ကြိုးစားခဲ့ကြသူ​တွေချည်း။ တစ်​​​ယောက်ကို တစ်​ယောက် ​လေးစားသလို တစ်​ယောက်အကူအညီလိုရင် ကျန်တဲ့နှစ်​ယောက်က ကူညီဖို့ ဝန်မ​လေး။ တစ်​ယောက်မှား​နေရင် တစ်​ယောက်က ပြင်​ပေးဖို့ အသင့်ရှိ​နေသလို တစ်​ယောက်အတွက် တစ်​ယောက်က ​အနောက်က​နေအမြဲအားဖြည့်​ပေးတတ်ကြသည်။ သူတို့သုံး​ယောက်ခင်မင်မှုကို လူတိုင်းအားကျကြသည်။ လူတိုင်းက ​ကောင်းတာဆိုရင် အားကျတယ် ကြိုက်တယ် ဒါဓမ္မတာပဲမို့ သူတို့အတွက်​တော့ မထူးဆန်း။ သူ့အတွက် ထူးဆန်း​နေတာက သူ့ရဲ့​ရှေ့မှာ နီရဲတွတ်​နေတဲ့ ရဲ​ပေါက်က​လေး။ စ​တွေ့ကတည်းက သူ့စိတ်ကို အစိုးရသွားသည်။ သူအဓိပ္ပါယ်​ကောက်လွဲပြီး စကား​ပြောမှားခဲ့​တော့ ​ဒေါသထွက်သွားတဲ့ မာနမင်းသား​လေးကို သူစိတ်ဝင်စားသွားခဲ့သည်။ စိတ်ဝင်စားရုံလို့ သတ်မှတ်ခဲ့​ပေမယ့် အခု ပြန်​တွေ့​တော့ သူပိုင်ဆိုင်ချင်လာသည်။ တစ်​နေ့​ပေါ့...အဲ့တစ်​နေ့ကျရင် မင်းနှလုံးသားရဲ့ပိုင်ရှင်က ကိုယ်ဖြစ်လာရမယ်။ အဲ့​နေ့​ရောက်လာ​အောင်လည်း ကိုယ်တစ်လှမ်းချင်း လှမ်းရင်း အ​ရောက်လာခဲ့မယ်။ ​လောစရာမှ မလိုတာ...ဘာလို့ဆို ကိုယ်က မင်းကို မျက်​စေ့​အောက်က အ​ပျောက်ခံမှာ မဟုတ်လို့။ ​တွေး​နေရင်း သူ့မျက်စိ​ရှေ့က​နေ ထွက်သွားဖို့ ကြိုးစား​နေတဲ့ ရဲ​ပေါက်​လေး သူ့​ဘေးနား​ရောက်လာတာနဲ့ လက်ကို လှမ်းဆွဲလိုက်သည်။ မထင်ထားခဲ့တာမို့ထင်တယ် ကိုယ်ဟန်ပျက်ပြီး ကိုယ်တစ်ဝက်က သူ့ရင်ခွင်ထဲ ​ရောက်လာသည်။
"အခု​တော့ သွားခွင့်​ပေးလိုက်မယ်။ ​နောက်တစ်ခါဆို မရဘူး"

လက်ကိုဆွဲပြီး အသံခပ်သြသြနဲ့ သူ့နားနားကပ်ပြီး ခပ်တိုးတိုး​လေး ​ပြောရင်း နားကို ​လေနဲ့မှုတ်လိုက်သူ​ကြောင့် တစ်ကိုယ်လုံး​တောင့်တင်း ​အေးစက်သွားရသည်။ ​သြော်...သူလည်း အဲ့နတ်ဆိုးနဲ့ကျမှ ပူလိုက်​အေးလိုက်နဲ့ ​ဘယ်​တော့ အပူရှပ်မလဲ မသိဘူး။ ​​နေရခက်​လာတာ​ကြောင့် လက်ကို အတင်း​ဆောင့်ဆွဲလိုက်ပြီး နတ်ဆိုး​ရှေ့က​နေ မြန်မြန်ထွက်လာခဲ့လိုက်သည်။ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုပဲ သတိပြုမိပြီး ရင်ဘတ်ထဲက နှလုံးသား ခုန်​နေတာကို သတိမပြုမိဘဲနဲ့​ပေါ့။
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now