အခန်း ၃

111 17 0
                                    

"Yeosang ​လေး ဟဲဟဲ"
Yeosang  သူ့ကို သွားဖြဲကာ စကားလာ​ပြော​နေ​သော သူငယ်ချင်းဖြစ်သူ Wooyoung ကို ကြည့်လိုက်သည်။ Wooyoung  နဲ့ သူနဲ့ဆိုတာ ​​မွေးကတည်းက အိမ်နီးချင်းဖြစ်သည့်အတွက် ​သွားအတူစားအတူ သူငယ်ချင်း​တွေ ဖြစ်သည်။ သူ့သူငယ်ချင်းက အမြဲ​ပျော်​ပျော်ရွှင်ရွှင်နဲ့ အပူအပင်ကင်းမဲ့စွာသာ ဘဝကို ဖြတ်သန်းသည်။ စိတ်ညစ်စရာကြုံလာရင်လည်း အကြာကြီးထိုင်ပြီး ​ငေး​မော​​တွေး​တော​နေတာမျိုးမလုပ်။ သူ့ကို​တော့ Wooyoung က ငယ်ငယ်ကတည်းက နိုင်သည်လို့ပဲ ဆိုရမလား။ Wooyoung ချွဲသမျှ သည်းခံပြီး အလိုလိုက်​ပေးတာသူဆို​တော့လည်း Wooyoung က အနိုင်ယူသည်လို့ မဆိုသာ။ သူကိုယ်တိုင်ကိုက အ​လျှော့​ပေးတာမလား။ အခုလည်း ဘာကို ဂျီကျဦးမည်မသိ။
"​ပြော"
"မင်းကလည်း အဲ့​လောက် စကားအရှည်ကြီး ပြန်မ​ပြောပါနဲ့ ​မော​နေဦးမယ်။"
တကယ်ပါ Wooyoung သူ့သူငယ်ချင်း Yeosang ကို နားကိုမလည်နိုင်။ သူနဲ့သိလာတာဖြင့် ​ပေါက်စကတည်းကကို အခုထိ ​"ပြော" "သွား" "စား" တစ်ခွန်းဆိုမှ တကယ်တစ်ခွန်းပဲ စကားကို ပြတ်​တောင်းပြတ်​တောင်းနဲ့ ပြီးရင် အမှန်အတိုင်း တည့်တိုးချည်း ​ပြောတတ်လွန်းလို့ Yeosang ဆို ​တော်​တော်များက ​ရှောင်သည်။ အမှန်တရားက ခါးတယ်​လေ ဘယ်သူကများ အမှန်အတိုင်း ကိုယ့်အပြစ်​တွေ ပြော​နေတာကို ငုတ်တုတ်ထိုင်နား​ထောင်နိုင်မှာလဲ။ သူ့သူငယ်ချင်း​လေးက အဲ့လိုသာ ပြတ်သားသာ သူ့ကို​တော့ အ​တော်ခင်ရှာပါသည်။ အလိုလိုက်သည်။ အမြဲအားကိုးရသည်။ အဲ့ဒါ​ကြောင့်လည်း Yeosang က ရဲလုပ်မယ်ဆို​တော့ သူပါ ရဲထဲဝင်ခဲ့တာ ဖြစ်သည်။ တကယ်​တော့ သူက ပစ်တာခတ်တာ​တွေထက် သီချင်းသံစဥ်​တွေကြားမှာ စည်းချက်ကျကျ က​နေရသည်ကို သ​ဘောကျသည်။ သူဝါသနာမပါဘဲ ဘာလို့ရဲလုပ်လဲဆို​တော့ သူ​ပြောသလို Yeosang ရှိလို့ပါ ဘာလို့လဲ​တော့မသိ Yeosang ကာကွယ်​ပေးတာကို သူ​ပျော်သည်။ Yeosang နဲ့အတူရှိ​နေရင် သူ့အတွက် လုံခြုံသည်ဟု စိတ်ကမှတ်ယူ​နေ​တော့လည်း စိတ်၏​စေစားရာအတိုင်းပဲ​ပေါ့။
"အဟမ်း ဒီလိုကွာ ငါတို့အခု​တ​လော အမှု​တွေ​ကြောင့် အလုပ်များ​နေရပြီး တစ်ခွက်တစ်ဖလား မချဖြစ်တာကြာပြီ​လေ အဲ့ဒါ​ကြောင့် ည​နေကျရင် ဟဲဟဲ သိတယ်မလား"
"အင်း"
Wooyoung တစ်​ယောက် Yeosang အ​ဖြေအ​ပေါ် ထူး​ထွေ မအံ့သြ​တော့ ဟုတ်တယ်​လေ အင်း တစ်လုံးရတာကို ​ကျေနပ်​နေသင့်ပြီ ​ခေါင်းညိမ့်မပြဘူး​လေ ဘာပဲဖြစ်ဖြစ် ည​နေကျရင်​တော့ သူလွမ်း​နေရတဲ့ က​လေး​တွေဆီ အလည်သွားရ​တော့မယ်။
_________________________________________
"ထိုင်​လေ Yeosang"
Wooyoung နဲ့ Yeosang တို့ နှစ်​ယောက် ထိုင်​နေကျ bar ဆီ ထွက်လာခဲ့သည်။ ​သောက်စရာအသီးသီးမှာပြီး​တော့ Wooyoung ဘာရယ်မဟုတ် တစ်ခြားဝိုင်းတစ်ခုကို လှမ်းကြည့်လိုက်သည်။ ဘုရား​ရေ အဲ့ဒါလူလား ​ချောလိုက်တာ။ သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်​နေတဲ့ ဝိုင်းမှာ ထိုင်ပြီး မိတ်​​ဆွေထင်ရဟန် သူ​တွေနဲ့ စကား​ပြော​နေသူကို ကြည့်ပြီး မှတ်ချက်​ပေးလိုက်ခြင်းပင်။ မျက်ဝန်းတစ်စုံက သိမ်းငှက်မျက်လုံးအတိုင်း အစွန်းနှစ်ဖက်မှာ ချွန်​ရေး​ရေးဖြစ်​နေသည်။ နှာတံ၊ နဖူးတို့က ထိုသူ၏ ​ယောကျ်ားပီသမှုကို ထပ်​လောင်း အားဖြည့်​ပေး​နေသည်။ စကား​ပြောလိုက်ရင် ​ရေး​ရေး​ပေါ်လာတဲ့ ပါးချိုင့်​လေးက သူ့စိတ်အာရုံကို ဖမ်းစား​နေသည်။ ​ချောရက်လိုက်တာ ဟမ် ​နေပါဦး အခုသူ​ယော​က်ျားတစ်​ယောက်ကို အစအဆုံးလိုက်ကြည့်ပြီး ​ချောတယ်​ပြော​နေတာလား သွားရှာပြီ မင်း​တော့ တစ်ခွက်​သောက်ပြီး မူး​နေပြီ ထင်တယ်။ တစ်ခွက်​မော့ရင်း ထိုသူဆီ အကြည့်ပြန်ပို့မိ​တော့ ထိုသူကို မ​တွေ့။ ဘယ်​ရောက်သွားတာလဲ Toilet သွားတာများလား။ စိတ်က​​တွေး​နေရုံရှိ​သေး
"Yeosang ​လေး ငါ Toilet ခဏ သွားလိုက်ဦးမယ်"
​နေပါဦး ငါက သူ့​နောက်လိုက်ပြီး ဘာလုပ်မှာလဲ သူနဲ့လည်း မသိဘဲနဲ့ ဟူး ငါဘာ​တွေဖြစ်​နေတာလဲ ​
တွေးရင်း ​လျှောက်ရင်း Toilet ထဲ ​ရောက်လာသည်။
အာ ​တော်ပါပြီ ကိုယ်နဲ့လည်း မသိဘဲနဲ့
Wooyoung အပြင်သို့ လှမ်းမယ်ကြံရုံရှိ​သေး အားသန်​သော လက်နှစ်ဖက်နဲ့ အခန်းငယ်တစ်ခုထဲ ဆွဲ​ခေါ်ခံလိုက်ရသည်။
"ဒုန်း"
'အ နာလိုက်တာ ဘယ်​ကောင်က ငါ့ကို' ဆိုပြီး ​တွေးကာ ​မော့ကြည့်လိုက်​တော့ 'သူ့ရဲ့ နတ်သား​လေး အမ် နတ်သား​လေးလို့ ငါ​တွေးလိုက်တာလား'
"ကိုယ့်​​နောက်လိုက်​နေတာလား" အသံခပ်ရှရှနဲ့ ​ပြောပြီး သူ့ရဲ့ နားတစ်ဝိုက်ကို ​လေပူ​တွေ မှုတ်ထုတ်သည် "ဟင် ​ဖြေ​လေ"
'ငြိမ်ငြိမ်​နေပါ ရင်ဘတ်ထဲက လိပ်ပြာ​​နေ​နေ ခူယား​ကောင်​နေ​နေ အား သူကဘာလို့ ငါနဲ့ အဲ့​လောက် နီးကပ်​နေရတာလဲ' သူအ​တွေးထဲကအတိုင်း သူ့ကို ချုပ်ထားသူ နတ်သား​လေးကို တွန်းထုတ်ဖို့ ကြံလိုက်သည် 'ဗု​ဒ္ဓေါ သူ့ရဲ့ ရဲသက်တမ်းတစ်​လျှောက်က အား​တွေ ဘယ်​ရောက်ကုန်တာလဲ ဒီလူတစ်​ယောက်​တောင် ပြန်မတွန်းနိုင်ဘူးလား' ​တွေးရင်း အားကုန်သုံးကာ တွန်းထုတ်ဖို့ ကြံလိုက်​​တော့ အားသန်လွန်းလှတဲ့ လက်တစ်ဖက်က သူ့ခါးကို လှမ်းဖက်လိုက်ပြီး ကျန်တစ်ဖက်က နံရံကို ​ထောက်လိုက်သည်။ အခုအ​​ခြေအ​နေက သူက ထိုနတ်သားရဲ့ ရင်ခွင်ထဲ ကွက်တိ နတ်သားရဲ့ အသက်ရှူသံမျှင်းမျှင်း​လေးက သူ့နားတစ်ဝိုက် ထိုက​နေ လည်ပင်းတစ်ဝိုက် ထိုက​နေ ​'တော်ပြီ​လေ ​ရှေ့မဆက်နဲ့​တော့​လေ' လို့​တွေးပြီး လွတ်​နေတဲ့ သူ့လက်နှစ်ဖက်နဲ့ ထိုသူရဲ့ ကျယ်​ပြောလှ​သော ရင်ဘတ်ကြီးကို တွန်းထုတ်​နေလိုက်သည်။
"ဟက် ဘာလို့ ကိုယ့်ကို အရမ်းတွန်း​နေတာလဲ ဘာလဲ Toilet ထဲ မို့လို့လား အဲ့ဒါဆို ကိုယ့်အိမ်လား မင်းအိမ်လား Hotel လား မင်း​လေး ကြိုက်တာ​ပြော....​လေ"
​နောက်ဆုံးစကားလုံးကို သူ့ရဲ့မျက်နှာနား ကပ်ပြီး တိုးညှင်းစွာ​ပြောလိုက်သည်။
'​နေပါဦး သူငါ့ကို ဘာ​ပြောလိုက်တာ ငါက ဘာဖြစ်သွားပြီလဲ' ​ဒေါသထွက်​​နေတဲ့ စိတ်အစုံနဲ့အတူ ထိုနတ်သား​ကို အားကုန်သုံး တွန်းထုတ်ပစ်လိုက်သည်။ ​ဒေါသ​ကြောင့် မျက်နှာတစ်ခုလုံး နီရဲလို့
"မင်း ဘာစကား​ပြောတာလဲ ငါ့ကိုဘယ်လို​ကောင် ထင်​နေလို့ အဲ့လို​ပြောရတာလဲ မင်း​နောက်လိုက်တာလဲမဟုတ်ဘူး ဒီ Toilet က မင်းပိုင်တာမို့လို့လား မင်း​နောက်လိုက်တယ် ​ပြောရ​အောင် ဖယ် ငါ့မျက်စိ​ရှေ့က​နေ"
​ပြောပြီး ထွက်လာခဲ့လိုက်သည်။ သူထွက်မလာခင် ထိုနတ်သားရဲ့ ပါးချိုင့်​လေးတစ်ဖက် ထင်း​နေ​အောင် နှုတ်ခမ်းပါး​လေးက အဖျားကို ​ကော့တက်သွားတာကို မြင်ဖြစ်​အောင် မြင်လိုက်သည်။ 'မင်းက နတ်သားမဟုတ်ဘူး နတ်ဆိုး'
ထွက်သွားသူကိုကြည့်ပြီး ပါးချိုင့်ပိုင်ရှင် အ​တွေးကမ္ဘာထဲ လည်ပတ်​နေလိုက်သည်။ 'စိတ်ဝင်စားဖို့​ကောင်းသားပဲ ရဲ​ပေါက်​လေး ဟက်' ထိုရဲ​ပေါက်​လေး ​ပြောသွား​သော ဒီ Toilet က မင်းပိုင်လို့လား ဆိုသည်ကို Toilet အပြင် bar တစ်ခုလုံးပါ ပိုင်​ကြောင်း ထိုရဲ​ပေါက်​လေး သိ​အောင် တစ်​နေ့​ပြောပြရဦးမည်။ ​စောင့်​နေပါ ကိုယ့်ကို။ မင်းဆီ ဆက်ဆက် အ​ရောက်လာခဲ့မှာမို့လို့။
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now