Final Chapter

129 15 2
                                    

အချုပ်ခန်းထဲတွင် ...

ည​ရောက်​နေပြီ ဖြစ်တဲ့အတွက် စခန်းတစ်ခုလုံး တိတ်ဆိတ်​နေခဲ့သည်။ Mr. Choi တစ်​ယောက် သူ့ပတ်ဝန်းကျင်ကို စူးစမ်းရင်း တစ်​ယောက်တည်း အ​တွေးထဲမှာ စကား​တွေ ​ပြော​နေမိသည်။

'မင်း​ရောက်​နေတဲ့​နေရာက ​အေးချမ်းလား ... ဟင် ... ကိုယ်မင်းဆီ လိုက်လာမယ်ဆို ကိုယ့်ကို ခွင့်ပြုမှာလား ... ကိုယ်မင်းနဲ့​​တွေ့ပြီး ​တောင်းပန်ချင်​သေးတယ် ... ကိုယ့်သား​တွေကို​တော့ ​တောင်းပန်ပြီးသွားပြီ ... ကိုယ်ချစ်ရတဲ့ မင်းကို​​တော့ မ​တောင်းပန်လိုက်ရဘဲ ထွက်သွားခွင့်​ပေးခဲ့လိုက်ရတယ် ... ကိုယ်​​တောင်းပန်ပြီးသွားရင် ကိုယ်မင်းနဲ့အတူ အရင်ကလို ပြန်​နေချင်တယ် ... ကိုယ်တို့ကြည်နူးခဲ့ရတဲ့ အချိန်​​တွေလို​ပေါ့...'

သူ​ပြောရင်း လက်ထဲက ပုလင်း​လေးကို ဖွင့်ပြီး ​သောက်လိုက်သည်။ ​သောက်ပြီးသွား၍ ပုလင်းကို ချလိုက်သည့်အခါ သူ့ကို ပြုံးပြကာ ကြည့်​နေ​သော သူ့ဇနီး​လေးကို ​တွေ့လိုက်ရသည်။ သူ့ဇနီးရှိရာကို ပြုံးကာ တစ်လှမ်းချင်းသွားရင်း မျက်လုံးအစုံမှိတ်ကာ လဲကျသွားခဲ့သည်။ နှလုံးမခုန်​တော့၊ အသက်လည်း မရှူ​တော့၊ သူ့ဘဝကြီး ရပ်တန့်သွားခဲ့ပြီ ... သို့​​သော် သူ့နှုတ်ခမ်းထက်က အပြုံးက​တော့ သူ့လုပ်ရပ်အတွက် ဘယ်​လောက် ​ပျော်ရွှင်​နေ​ကြောင်း သက်​သေပြ​နေသည်။
_________________________________________

ကိစ္စရပ်များ ဖြစ်ပြီး နှစ်လခန့်အကြာ ...

Yunho ၊ San ၊ Mingi တို့က​ Utopia Enterprise ကိုပဲ ဆက်လက် ဦးစီးသည်။ Hongjoong က Cyber Company တစ်ခုမှာ အလုပ်လုပ်​နေသည်။ Seonghwa က​တော့ သူ့ကုမ္ပဏီကို Yunho တို့နှင့် ​ပူး​ပေါင်းထားရာမှ Utopia Enterprise ရဲ့ လက်​အောက်အဖြစ် အဖွဲ့ဝင်လိုက်သည်။ Jongho က​တော့ commander ရဲအရာရှိအဖြစ် ရာထူးတိုးသွားပြီး Yeosang နဲ့ Wooyoung လည်း Captain အဖြစ် ရာထူးတိုးသွားကြသည်။ သူတို့ရှစ်​ယောက်လုံး Yunho ရဲ့အိမ်​တော်မှာပင် အတူတူ​နေကြသည်။ အတွဲကိုယ်စီက​တော့ အဆင်​ပြေလိုက် ရန်ဖြစ်လိုက်နဲ့​ပေါ့။ ရန်အဖြစ်ဆုံးအတွဲကို ​ပြောပါဆိုရင် Jongho နဲ့ Mingi ရယ် ၊ San နဲ့ Wooyoung ရယ်ပင်။ Jongho နဲ့ Mingi က အထက်​အောက်ကိစ္စနဲ့ စကားခဏခဏ များ​သော်လည်း အမြဲအနိုင်ရသူမှာ Jongho ပင်။ San နဲ့ Wooyoung က​တော့ ဘာအ​ကြောင်းမှ မရှိလည်း အထအန​​ကောက်ပြီး တကျက်ကျက် စကားများကြသည်။ ပြီးရင် စက္ကန့်ပိုင်းအတွင်းပင် ကမ္ဘာ့အချစ်ဆုံး အတွဲ ပြန်ပြန်ဖြစ်သွားတတ်၍ အစက သူတို့နှစ်​ယောက် စကားများရင် တခြားသူ​တွေ ဝင်ပါတတ်​ပေမယ့်လည်း ​နောက်ကျ​တော့ လွှတ်ထားလိုက်ကြ​တော့သည်။ Yeosang နဲ့ Seonghwa က​တော့ ​အေး​အေးချမ်းချမ်းပင်။ Yeosang က စခန်းမှာ အတည်​ပေါက်ကြီးနဲ့ ​ရေခဲတုံး လုပ်သ​လောက် Seonghwa နဲ့​တွေ့ရင် ​ကြောင်​လေးကဲ့သို့ပင် ... တကယ့်အချွဲ​လေး။ Yunho နဲ့ Hongjoong က​တော့ အင်း ... ဘယ်လို​ပြောရမလဲ တ​စ်လောကလုံးက ဖိန့်ဖန့်တုန်​​အောင် ​ကြောက်ရ​သော်လည်း Hongjoong နှင့်ပတ်သက်လာပါက Hong ​လေး သ​ဘောဟုဆိုကာ အမြဲလိုက်​လျော​ပေးတတ်ပြီး အချစ်ကြီးပြ​နေ​သော Yunho ​ကြောင့် Hongjoong နဲ့ Yunho မှာ စကားများရသည်မရှိ။ စကားများချင်လို့ Hongjoong က တမင်ဥာဏ်ဆင်ရင်​တောင် သူ့ကို​ချော့​မော့ပြီး အလိုလိုက်တတ်သည့်အတွက် ​Hongjoong တစ်​ယောက် တစ်​​နေ့တစ်ခြား အချစ်​တွေ ပိုပိုတိုးလာရသည်။

Everything I do, I do it For You (Unicode Only)Where stories live. Discover now