အခန်း ၈

81 14 0
                                    

Hongjoong သူ့အ​​မေဆီသွား​နေတဲ့လမ်းမှာ သူတို့မိသားစုနဲ့ Jeong Yunho ဘယ်လိုပတ်သက်တာလဲဆိုတာကို အသည်းအသန်​တွေး​တော​နေမိသည်။ မ​နေ့ညကတည်းက စဥ်းစားလာတာ အခုထိ အ​ဖြေရှာမရ​သေး။ ကားရပ်သွားလို့ အပြင်ကို ကြည့်လိုက်​တော့ သူ့အ​မေအိမ် ​ရောက်​နေပြီ ဖြစ်သည်။ အိမ်ကို ဘယ်လိုသိတာလဲဆိုပြီး ထူး​ထွေအံ့သြမ​နေ​တော့...ထိုလူက Jeong Yunho မလား။

"အ​မေ"

"Mr. Jeong ကြွပါ။ သားအ​ပေါ်တက်ပြီး သွားနားနှင့်။ အ​မေသူနဲ့ စကား​​ပြောလိုက်ဦးမယ်။"

"​နေပါ​စေ။ သူလည်း နား​ထောင်သင့်တာ​ပေါ့။ ငါ့နားမှာပဲ​နေ ဘယ်မှမသွားနဲ့။"

"ဟင်း..."

Jeong Yunho ကို ပြန်မ​ချေပနိုင်သည့်အတွက် အ​​မေ့ရဲ့ သက်ပြင်းချသံကို ကြားလိုက်ရသည်။ တကယ်​တော့ သူလည်း မသွားချင်ပါ။ ကိစ္စ​တွေကို သူလည်း သိချင်သည်။ သူလည်း မိသားစုဝင်တစ်​ယောက်ပဲ​လေ။ ဒါ​ကြောင့် ဘယ်မှ မသွားဘဲ Jeong Yunho နားကို အသာ​လေး တိုးကပ်သွားလိုက်သည်။ အဲ့ဒီမှာ စတာပဲ။ Jeong Yunho ရဲ့ မျက်နှာကို အနီးကပ်မြင်​နေရတဲ့ သူ့အတွက် တကယ်အဆင်မ​ပြေလှ။ ​​ဖောင်း​ဖောင်း​လေး ဖြစ်​နေတဲ့ ထိုလူ့ပါး​တွေကို သူတကယ်ဆွဲဖျစ်ပစ်ချင်သည်။ ကိုက်ပစ်ချင်သည်။ လူလည်း သူ့နား​ရောက်မှ ​ခွေးစိတ်​ပေါက်သွားလားမသိ...။ သူတို့အိမ်ထဲ ​ရောက်​တော့ သူ Jeong Yunho နားပဲ ထိုင်မိသည်။ ဘာလို့လည်း မသိ။ ထိုသူရဲ့အနားမှာဆိုရင် လုံခြုံတယ်လို့ ခံစားရသည်။ ထိုအရာက သူ​ပျောက်ဆုံးနေတဲ့ အရာတစ်ခုလိုပင်။

"ဘာလို့ဒီကိုလာလဲ Mrs. Kim သိမှာ​ပေါ့"

"ကျွန်မမှာ ရှင့်ကို ​ပြန်ဆပ်စရာ ပိုက်ဆံအလုံအ​လောက် မရှိ​သေးဘူး။ အဲ့ဒီအတွက် ကျွန်မကို အချိန်နည်းနည်း​လောက် ​စောင့်​ပေး​စေချင်ပါတယ်။"

"​ခဏ အ​ကြွေးကိစ္စလာတယ်ထင်​​နေတာလား"
မျက်ခုံးတစ်ဖက်ကို ပင့်တင်ရင်း ​လှောင်ရိပ်သန်း​နေတဲ့ အပြုံးနဲ့ ​မေးလိုက်သည်။

တကယ်ပါ အဲ့ Jeong Yunho ဆိုတဲ့ လူက ​​လှောင်ပြုံးပဲ ပြုံးတတ်တာလား။ Hongjoong သူ့အ​မေကိုတစ်လှည့် Jeong Yunho ကို တစ်လှည့် ကြည့်​နေလိုက်သည်။ သူနားလည်တဲ့ကိစ္စဆိုလို့ ဘာမှမပါ။

Everything I do, I do it For You (Unicode Only)Where stories live. Discover now