အခန်း ၂၈

59 15 0
                                    

"ကိုကို ... အပြင်သွားချင်လို့"

Hongjoong တစ်​ယောက် မနက်ခင်း​စော​စောစီးစီး Yunho ကို ကပ်ချွဲ​​နေခြင်း ဖြစ်သည်။ Hongjoong  ဘက်ကို မျက်နှာလှည့်ကာ လူတစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ထား​သော ထိုလူဘီလူးကြီး၏ သန်မာလှ​သည့် လက်များကို တွန်းဖယ်ရင်း ထိုလူဘီလူးကြီး၏ ရင်ခွင်ကျယ်ကြီးကို အသာတွန်းကာ ပူဆာ​နေမိသည်။ ဒီ​နေ့ အပြင်သွားရမှ ဖြစ်မှာမို့ နည်းမျိုးစုံသုံး၍ ခွင့်​တောင်း​နေခြင်းပင်။

"အင်းးး...ဘာလို့လဲ"

အိပ်ချင်မူးတူးအသံက အဲ့​လောက်ထိ ဆွဲ​ဆောင်မှု ရှိဖို့လိုလား ​ပြော။ မလိုဘူး​လေ ဟုတ်တယ်မလား။

"​စျေးဝယ်ထွက်ချင်လို့ ... ​နော် ... ​နော် ... ခွင့်ပြု​​ပေးပါ​နော်"

အိ ... ကိုယ့်အသံကိုယ် ပြန်ကြားမိ​တော့ ကြက်သီးဖြန်းဖြန်းထသွားသည်။ ငါဘယ်လိုတောင် ​ပြောလိုက်တာလဲ။ ထိုအိစိ​ညှောင့်​တောင့် အသံက အလုပ်ဖြစ်သွားပုံ ရသည်။ ထိုလူဘီလူးကြီးက ပြုံးလာပြီး သူ့ကို ရင်ခွင်ထဲဆွဲသွင်းရင်း

"ကိုယ့်ကို မနက်ခင်း အနမ်း​ပေး ... အဲ့ဒါဆို ခွင့်ပြုမယ်"

အသားမယူရရင်ကို မ​နေနိုင်သူကြီး။

"အင်း ပြီး​ရော"

ဟု ဆိုကာ ထိုလူဘီလူးကြီး၏ နှုတ်ခမ်းပါးထက် အနမ်းတစ်ပွင့်​​​ခြွေလိုက်သည်။ ​နောက်ဆုံး​တော့ Hongjoong အပြင်ထွက်ခွင့် ရသွားပြီ ဖြစ်သည်။
_________________________________________

Shopping Mall တွင် ...

Hongjoong သူ့​နောက်က​နေ Yunho ရဲ့ ကိုယ်ရံ​တော်များ လိုက်လာသည်ကို သတိထားမိသည်။ ဒါ​ပေါ့ Yunho က သူ့ကို ဘယ်လိုလုပ် တစ်​ယောက်တည်း လွှတ်ထားမှာလဲ။ သူသိပါသည် Yunho ကို အင်အားချင်း မယှဥ်နိုင်သော သူများက သူ့ကို ဓါးစာခံလုပ်ပြီး Yunho ကို အကြပ်ကိုင်နိုင်တယ်ဆိုတာ။ ဒါ​ကြောင့် Yunho ရဲ့ လုပ်ရပ်​တွေက သူ့လွတ်လပ်ခွင့်ကို ထိပါးသလို ဖြစ်​နေ​ပေမယ့်လည်း သူနားလည်​ပေးနိုင်ပါသည်။ သူနဲ့မလှမ်းမကမ်းမှာ ရပ်​နေ​သော ကိုယ်ရံ​တော်များဆီ လျှောက်သွားလိုက်သည်။ သူတို့​ရှေ့ရောက်​တော့

Everything I do, I do it For You (Unicode Only)Место, где живут истории. Откройте их для себя