အခန်း ၂၇

59 14 0
                                    

"Hello"

"Mr. Won"

"ဟုတ်ကဲ့​ပြောပါ ... Kevin"

"စခန်းမှူး Jongho ကို သိလား"

"စခန်းမှူး Jongho လား ... သိတာ​ပေါ့ ဟိုတ​လောက ရာထူးတိုးပြီး ကျွန်​တော့် စခန်းကို ​ပြောင်းလာတာ​လေ ... ဘာလို့လဲ Kevin"

"မ​နေ့က ကျွန်​​တော့်ကို လာ​တွေ့သွားတယ် ... လူသတ်မှုနဲ့ ပတ်သက်ပြီး ကျွန်​​တော့်ကို သံသယမကင်းသလိုပဲ ... ကျွန်​တော် အာရုံ​နောက်​တာ​တွေ မကြိုက်ဘူး​နော်"

"အာ ... ဒီက​လေးက​တော့ ... အားနာလိုက်တာဗျာ ... စိတ်ချပါ ... ကျွန်​တော် သူ့ကို ဆုံးမလိုက်ပါ့မယ် ... ​နောက်ဒီလို မဖြစ်​စေရပါဘူး"

"​ကောင်းပြီ"

​ပြောပြီး Kevin ဖုန်းချလိုက်သည်။ သူ့ကို Yoyo မှန်း သိ​အောင် စုံစမ်းနိုင်တယ်ဆိုကတည်းက ဒီစခန်းမှူးက ​သာမန်မဟုတ်။ ဒါ့အပြင် Mr. Song နဲ့ပါ ရင်းနှီးတယ်ဆို​တော့ Mr. Jeong တို့ပါ သူ့ဘက်မှာရှိ​နေမယ်ဆိုတာ ​ပြေးကြည့်စရာမလို။ သူ​တွေး​နေတုန်း ...

Vibrate...

ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်​တော့ ​ပေါ်လာတဲ့ နာမည်​ကြောင့် ပြုံးလိုက်ကာ ဖုန်းကိုင်လိုက်သည်။

"Baby ​ပြော"

"Yoyo ကုမ္ပဏီမှာလား"

"အင်း ကိုယ်ကိစ္စတစ်ခု​ပေါ်လာလို့"

"​သြော် ... ဒီ​နေ့ Erika ပွဲတက်စရာရှိလို့ Yoyo လိုက်ခဲ့ပါလား ​​ပြောမလို့ Erika ရဲ့ partner အ​နေနဲ့​လေ"

"လိုက်ခဲ့ရမှာ​ပေါ့ ကိုယ့်ချစ်သူ​လေးက ဒီ​လောက်​ချောတာ တစ်​ယောက်တည်း မလွှတ်နိုင်ပါဘူး"

"အာ ... အဲ့ဒါဆို ည​နေ ၅ နာရီ အိမ်အ​ရောက်ပြန်ခဲ့​နော် ... အိမ်က​နေမှ အတူတူသွားရ​အောင်"

"​okay ... ချစ်တယ် Baby"

"ချစ်တယ်"

​ပြောပြီး ဖုန်းချလိုက်သည်။ Erika ရဲ့ ရှက်သွားမယ့် မျက်နှာ​လေးကို မြင်​ယောင်မိတော့ သူပြုံးမိသွားသည်။ ဘယ်​လောက်ပဲ နှစ်​တွေကြာလာပါ​စေ Erika အ​ပေါ် ဖြစ်တည်တဲ့ သူ့အချစ်က နည်းနည်း​လေး​တောင် ​​မှေးမှိန်မသွားဘူး ... အရမ်းချစ်ရပါတယ် ချစ်သူရယ်။
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now