အခန်း ၃၆

58 15 8
                                    

Yunho ၊ Mingi ၊ San တို့ Mrs. Kim ဆီကို လာခဲ့ကြသည်။

Mrs. Kim အိမ်တွင် ...

"ဘာကိစ္စရှိလို့လဲ"

Mrs. Kim က ဆိုလိုက်သည်။

"Kevin အဖမ်းခံထားရတာ သိတယ်မလား"

Mingi က ​မေးလိုက်သည်။

"သိတယ်​လေ"

ဟူ၍ Mrs. Kim က ​ဖြေသည်။

"​သြော် ... ဘယ်လိုမှ မ​နေဘူး​ပေါ့"

San က ​မေးလိုက်ခြင်းပင်။

"ဘာကို ဘယ်လို​နေရမှာလဲ ... ကျွန်မနဲ့မှ မဆိုင်တာ ... အ​နေသာကြီး"

Mrs. Kim က မျက်နှာတစ်ချက်မဲ့လိုက်ရင်း ဆိုလိုက်သည်။

"သားတစ်​ယောက်လုံး အဖမ်းခံရတာ ဘယ်လိုမှ မ​နေဘူး​ပေါ့ ... သား ... အရင်းကြီး...ကို​လေ"

Yunho က တစ်လုံးစီ ပီပီသသ ​ပြောလိုက်သည့်အတွက် Mrs. Kim မျက်နှာမှာ အံ့သြမှု၊ ထိတ်လန့်မှု​တွေ ဖြတ်​ပြေးသွားသည်။

"မင်း ... မင်း ... ဘယ်လိုသိတာလဲ"

Mrs. Kim က တုန်ရီစွာ ​မေးလာသည်။

"ဒီ​လောကမှာ ကျွန်​တော်သိချင်ရင် မသိရတာ ရှိလို့လား"

​ဘောင်းဘီကို ခါသလို လုပ်လိုက်ရင်း ​Yunho က ​ဖြေလာသည်။ ထို့​နောက် ဆက်၍

"ကဲ ... ကိုယ့်သားအရင်းအချာက လူသတ်သမားဖြစ်​နေ​တော့ ဘယ်လိုလဲ ... ခံစားချက်က... ဟက် ... လူသတ်သမားသားက လူသတ်သမားပဲ ဖြစ်တာ မဆန်းပါဘူး"

Yunho က ခနဲ့သလိုလို ​ထေ့သလိုလို ​ပြောလိုက်သည်။

"မင်းကြိုက်သလို​ပြော ... ​ပြောချင်သလိုသာ​ပြော ... အဲ့ဒါ သူ့ကိစ္စ ... ငါနဲ့မဆိုင်ဘူး"

Mrs. Kim က ​​ခေါင်းကို တခြားဘက်သို့ လှည့်လိုက်ပြီး ​ပြောလိုက်သည်။

"Wow wow wow ... နည်းနည်း​လေး​တောင် စိတ်မပူဘူးလား"

လက်ပိုက်ကြည့်​နေရင်းမှ Mingi က ဆိုလာသည်။ Mrs. Kim က ဘာမှပြန်မ​ဖြေ။ ထိုအခါ San က

"ကဲကဲ စိတ်မပူလည်း နည်းနည်း​လောက်တော့ လွမ်း​နေမယ်ထင်တယ် ... မပူပါနဲ့ ကျွန်​တော်တို့ စီစဥ်​​ပေးထားပါတယ်"

Everything I do, I do it For You (Unicode Only)Where stories live. Discover now