အခန်း ၂

136 21 0
                                    

"သား​ရေ လုပ်ပါဦး သားအ​ဖေ...သားအ​ဖေ​လေ..."
"အ​မေ အ​မေ သတိထားပါဦး အ​ဖေဘာဖြစ်လို့လဲ"
အိမ်​ပြန်​ရောက်ရောက်ချင်း အ​မေဖြစ်သူက မျက်ရည်စက်လက်နဲ့ Hongjoong ကို ဖက်လာပြီး
"သားအ​ဖေ ဆုံးပြီတဲ့"
"ဗျာ"
'မဖြစ်နိုင်ပါ မနက်ကတင် သူနဲ့ ဖုန်း​ပြောခဲ့​သေးတာမလား ​လောကကြီးက​တော့ သူ့ကို ရက်စက်ပြီနဲ့တူတယ်'
Hongjoong တို့ မိသားစုက အချမ်းသာကြီး မဟုတ်​​ပေမယ့်လည်း ဖခင်ဖြစ်သူရဲ့ ​​ကျောက်​ရောင်းဝယ်​ရေး လုပ်ငန်း​ကြောင့် ​ပြေလည်ခဲ့သည်ဟု ဆိုရမည်။ ထိုသို့ ​ပြေလည်​နေခဲ့​သော မိသားစုက ​နေ့ချင်းညချင်း အ​​ကြွေးတွေ ပတ်လည်ဝိုင်း​နေ​ကြောင်း ကြားခဲ့ရ​တော့ Hongjoong လက်မခံနိုင် ဖြစ်ခဲ့ရသည်။ မိခင်ဖြစ်သူကို ​သေချာ​မေးကြည့်​တော့ ​ကျောက်အ​ရောင်းအဝယ်လုပ်ရင်း တစ်ဖက်က လိမ်တာခံလိုက်ရလို့ ဝယ်လက်ကို ပြန်ဆပ်ဖို့အတွက် ​ငွေ​ချေးခဲ့ရသည်တဲ့။ သူ့ဖခင်လို နှစ်​ပေါင်း နှစ်ဆယ်​ကျော်ကြာ ​ကျောက်အ​ရောင်းအဝယ်လုပ်ခဲ့သူက လွယ်လွယ်နဲ့ အလိမ်ခံရသည်ကို သူ မယုံကြည်နိုင်ခဲ့။ အခုလည်း မနက်ကတင် သူနဲ့ ဖုန်း​ပြော​နေခဲ့တာကို ဆုံးပြီတဲ့လား။ မိခင်ဖြစ်သူကလည်း ဝမ်းနည်းပူ​​ဆွေး​နေသည့်အတွက် ဖခင်ဆုံးရသည့်အ​ကြောင်းရင်းကို ​သေချာ​​မေးမြန်းလို့မရ​သေး။ 'သူ့အသက် ၂၃ နှစ်ရှိပြီ။ အလုပ်က မရှိ။ အခု​နေ အိမ်​ပေါ်ကဆင်းဆို သူတို့သားအမိနှစ်​ယောက် ဘယ်သွား​နေရမလဲ။ အ​မေ့ ညီမအပျိုကြီးဆီ သွား​နေလို့ရ​ပေမယ့် ထိုအ​ဒေါ်ဖြစ်သူနဲ့ သူနဲ့ကလည်း တစ်စက်မှ မျက်နှာချင်းဆိုင်လို့မရ။ အ​မေ့ကို အ​ဒေါ်ဖြစ်သူထံ ထားခဲ့ပြီး သူအလုပ်ထွက်ရှာရင်း သူ့သူငယ်ချင်း Seonghwa အိမ်မှာ ​နေဖို့ အကူအညီ​တောင်းရမည်။ Seonghwa က တစ်​ယောက်တည်း သက်သက်အိမ်ခွဲ​နေတဲ့သူမို့ အဆင်​ပြေနိုင်သည်။ ဖခင်ရဲ့ အသုဘကိစ္စအတွက်လည်း သူစီစဥ်ရမည်။ ​နေ့ချင်းညချင်း မိသားစုကို ဦး​ဆောင်ရ​တော့မယ့် အ​ခြေအ​နေသို့ ​ရောက်သွားပြီ ဖြစ်တဲ့အတွက် သူယခင်ကထက် ပိုကြံ့ခိုင်မှ ဖြစ်​တော့မည်။'
"သားအ​ဖေက အိမ်ပြန်လာတဲ့လမ်းမှာ ကားမ​တော်တဆဖြစ်ပြီး အဲ့​နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတာတဲ့။ အ​မေ့ကို ခုနကပဲ ရဲစခန်းက အ​ကြောင်းကြားလာတာ။ ဘယ်လိုလုပ်ကြမလဲ သားရယ်။ အ​မေတို့ဘဝ​တော့..."
"အ​မေ သားတစ်​ယောက်လုံး ရှိ​ပါ​သေးတယ် ကျွန်​တော့်ကို ယုံတယ်မလား အ​မေ အားလုံးအဆင်​ပြေသွား​စေရမယ်။ သားကတိ​ပေးပါတယ်။"
အ​မေ့ကို ဖက်ထားရင်း မျက်ရည်မကျမိ​အောင် သူထိန်းထားရသည်။ သူ့အ​မေမှာ အားကိုးစရာဆိုလို့ သူပဲ ရှိ​တော့တာကို သူကပါ စိတ်​ပျော့​နေလို့ မဖြစ်။ သူ​တောင့်ခံနိုင်ရမည်။ သူ့အ​မေအတွက်။ သူတို့ဘဝ​ရှေ့​ရေးအတွက်။
_________________________________________
​မှောင်မည်း​နေ​သော အခန်းထဲဝယ် မီး​​ရောင်မှိန်ဖျဖျ​လေးသာ ထွန်းညှိထားသည်။ ပြတင်း​ပေါက်​ရှေ့တွင် မားမားမတ်မတ် ရပ်​နေ​သော လူသဏ္ဌာန်။ မြင့်မား​သော အရပ်၊ ကျစ်လျစ်​တောင့်​တင်း​သောကိုယ်ထည်တို့ကို ထိုအ​မှောင်ရိပ်က အလုံးစုံ မဖုံးကွယ်နိုင်။ ထိုအခန်းကို မီးဖွင့်လိုက်ပြီး ထိုသူကို ​သေချာကြည့်လိုက်ပါက စူးရှ​တောက်ပ​နေ​သော မျက်ဝန်းတစ်စုံ၊ ​ဖြောင့်စင်း​နေ​သော နှာတံ၊ ​ပြေပြစ်​နေ​သော နဖူး၊ ထိုပြီးပြည့်စုံခြင်းများထဲ ချန်လှပ်မထားခဲ့သင့်​သော တစ်ဖက်သို့ ​ကွေးညွန့်တက်​နေ​သော နှုတ်ခမ်းပါး။ လက်နှစ်ဖက်ကို ​ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ညကြည့်မှန်​ပြောင်းနဲ့ ကြည့်မှသာ မြင်နိုင်​သော ပတ်ဝန်းကျင်ကို စူးရဲ​နေ​သော မျက်ဝန်းတစ်စုံနဲ့ အကဲခတ်နေသည်။ ​သေချာအနီးကပ်ကြည့်ပါက ပတ်ဝန်းကျင်ကို ကြည့်​နေ​ဟန်တူပေမယ့် အခြားတစ်​နေရာသို့ စိတ်​ရောက်​နေသည်ကို ​တွေ့နိုင်သည်။ ထိုသူသည်ကား မည်သူမျှ ရန်မစရဲလို​သော မြင်သူတိုင်း တုန်လှုပ်ထိတ်ပြာ​ကြောက်ရွံ့​စေတတ်​သော Jeong Yunho...
_________________________________________
ဖခင်ဖြစ်သူ၏ စျာပနပွဲကို သူငယ်ချင်း Seonghwa ၏ အကူအညီဖြင့် ပြီးစီး​အောင် ​ဆောင်ရွက်နိုင်ခဲ့သည်။ မိခင်ဖြစ်သူကိုလည်း သူ့အ​ဒေါ်ထံ ​သေချာ​တောင်းပန်၍ ​နေ​စေခဲ့သည်။ သူက​တော့ အ​ကြွေးနဲ့ အသိမ်းခံလိုက်ရ​​သော အိမ်ကို စွန့်ခွာကာ Seonghwa ရဲ့ တိုက်ခန်းသို့ လိုက်လာခဲ့သည်။ ​တော်​သေးသည် သူ့တွင် Seonghwa ရှိ​သေးသည့်အတွက်  အသက်ရှူ​ချောင်​သေးသည်ဟု ဆိုရ​ပေမည်။

၁ လခန့်အကြာ

ယခုဆို စတိုးဆိုင်တွင် အ​ရောင်းဝန်ထမ်းအလုပ်ရခဲ့ပြီ ဖြစ်သည်။ ည​နေခင်း တာဝန်ကျသည့်အတွက် ဆိုင်ပိတ်ချိန် ၇ နာရီထိ သူ​နေ​ပေးရသည်။ Seonghwa က​တော့ အလုပ်ကိစ္စနှင့် တခြားမြို့သို့ ​တစ်ပတ်သွားရသည်။ မနက်ဖြန်ဆို ပြန်​ရောက်ပြီ ဖြစ်သည်။ Hongjoong သူ့မိခင်ဖြစ်သူနှင့် အဆက်အသွယ် အမြဲလုပ်ဖြစ်သည်။ သူ့အ​ဒေါ်က​ အစ်မလုပ်သူကို​တော့ ​ချစ်ရှာသည်။ လို​လေ​သေးမရှိ တတ်နိုင်သ​လောက် ဂရုစိုက်​ပေးသည်။ သူ့ဘဝကြီး ​ရေစုန်​မျောပြီ ထင်ခဲ့​သော်လည်း ထင်သ​လောက် မဆိုးခဲ့၍ ကံကြမ္မာက သူ့ကို နည်းနည်း​တော့ သက်ညှာ​ပေးသည် ထင်ပါသည်။ ၇ နာရီထိုး၍ ဆိုင်ပိတ်ပြီး သူ့အိမ်သို့ လမ်း​လျှောက်ပြန်ခဲ့​လေသည်။ အိမ်နဲ့က ၃ လမ်း​ကျော်သာ ကွာသည်မို့ သိပ်မ​ဝေးလှ။ အိမ်သို့ ​ရောက်ခါနီး​လေ​လေ အ​နောက်က လူတစ်​ယောက် လိုက်လာသည်ဟု ထင်မိသည့်အတွက် ​ခြေလှမ်းသွက်သွက် လှမ်းမိသည်။
'ဟူး ​တော်​သေးတယ် အိမ်​ရောက်ပြီ။'
အိမ်တံခါး​သော့ဖွင့်​နေတုန်း အ​နောက်မှ ပုဝါနဲ့ နှာ​ခေါင်းကို အုပ်ခြင်းခံရသည်။ ရုန်းပါ​သော်လည်း အားမမျှသည်က တစ်​ကြောင်း၊ စိမ်းရွှင်ရွှင်အနံ့​ကြောင့် မူး​နောက်လာသည်က တစ်​ကြောင်း အား​လျှော့လိုက်ရာ အရာအားလုံး အ​မှောင်အတိကျသွား​တော့သည်။
_________________________________________

Everything I do, I do it For You (Unicode Only)Donde viven las historias. Descúbrelo ahora