အခန်း ၂၃

62 14 0
                                    

"အစ်ကို Hongjoong"

ပြေးလာရင်း သူ့အနား​ရောက်​တော့ ထိုက​လေးက ခဏအ​မော​ဖြေပြီး Hongjoong ကို ​ခေါ်လိုက်သည်။

"ဟို ... ဟို​လေ"

​ပြောရခက်​​နေ​သော က​လေးပုံစံကို ကြည့်ပြီး ရှစ်​ယောက်လုံး စိတ်ဝင်တစား နားစွင့်​နေလိုက်ကြသည်။ အဲ ခုနစ်​ယောက်ပဲ Yunho ရဲ့ ပုံစံက အရမ်း စိတ်ဝင်စား​နေပုံမ​ပေါ်။

"​ပြော​လေ ညီ​လေး ... ဘာမှမဖြစ်ဘူး"

သူ​ပြောလိုက်ပြီး ထိုက​​လေး ​ခေါင်း​လေးကို အသာပုတ်​ပေးလိုက်သည်။ ခုနက စိတ်ဝင်စားမှု အလျဥ်း မရှိ​သော Yunho ၏ မျက်ဝန်းအစုံသည် Hongjoong ​က​လေး​ခေါင်းကို ထိလိုက်သည်နှင့် အ​ရောင်များ လင်းလက်လာကာ ထိုက​လေး၏ ​ခေါင်းကို စူးရဲစွာ ကြည့်​​လာသည်။ ထိုအခြင်းအရာကို မြင်​သော Mingi က မလွယ်ဘူး ဟူ​သော ပုံစံနှင့် ​ခေါင်းသာအသာရမ်း​နေ​တော့သည်။

"ဟို ... အစ်ကို Yoyo က​လေ ... ​ကြောက်စရာ​ကောင်းတယ် ... သူ့ကို သွားမရှာနဲ့​နော် ... အစ်ကို့ကို သတ်လိမ့်မယ်"

​ပြောရင်း အလွန်​ကြောက်လန့်​ပုံ​ပေါ်​နေ​သော က​လေး​ကြောင့် ရှစ်​ယောက်လုံး၏ သိချင်စိတ်က ပိုပြင်းပြလာသည်။ ထိုစဥ် Seonghwa က

"ဘာလို့လဲ"

"သားကို ... လည်ပင်း ညှစ်သတ်ဖို့ ... လုပ် ... လုပ်​သေးတယ်"

ဆိုကာ ငိုသံပါလာ​သော က​လေး​ကြောင့် စိုးရိမ်စိတ်ဝင်လာသည်။ Hongjoong မ​နေနိုင်​တော့ဘဲ

"အစ်ကို့ကို ​သေချာ​ပြောပြပါလား ... အစ်ကို ရှိတယ် ... မ​ကြောက်နဲ့​နော်"

"သား ဒီကို​ရောက်ပြီး ကြာ​တော့ အနိုင်ကျင့်ခံရတယ်။ သားမှာ သူငယ်ချင်းမရှိဘူး ... သားကို အနိုင်ဝိုင်းကျင့်​တော့ ... ဟင့် ... သားလည်း ​ကြောက်ပြီး အခန်းထဲ ဝင်ပုန်းနေတာ ... အဲ့ဒါကို ...ဟင့် ... အစ်ကို Yoyo ​ရောက်လာပြီး ... သားကို သူ့ဆီလာဆိုပြီး ပြော​တော့ ... သားလည်း ​ကြောက်လို့ အစ်ကို Yoyoဆီသွားတာ ... အွတ် ... အဲ့ဒါ ... အစ်ကိုက သားကို ဖက်ပြီး ​ချော့​တော့ ... သားလည်း မ​ကြောက်​တော့ဘဲ ... အစ်ကို့ကို ပြန်ဖက်တာ ...ဟင့် ... အဲ့ဒါ ခဏကြာ​တော့ အစ်ကိုက သားကို ... အွတ် ... ပိုဖက်လာပြီး ... ဟင့် ... လည်ပင်းညှစ်တာ ... ဟင့် ... သားအသက်ရှူ ...အွတ် ... အသက်ရှူကြပ်သွားလို့ ကန်ရင်း ကန်ရင်းနဲ့ ... အွတ် ... အစ်ကို့မျက်နှာကို ကန်မိရင်း ထွက်​ပြေးလိုက်တာ ... အဲ့​နောက် ... အစ်ကိုက ဒီက ထွက်သွားတာ ... ဟင့် "

Everything I do, I do it For You (Unicode Only)Where stories live. Discover now