အခန်း ၁၅

80 14 2
                                    

"ကယ်ပါဦးရှင် ကျွန်မ​နောက်က​နေ လူတစ်​ယောက်လိုက်လာလို့ပါ"

တံခါးဖွင့်လိုက်တာနဲ့ မိန်းက​လေးတစ်​ယောက်က သူ့လက်ကို ဆုပ်ကိုင်ပြီး အကူအညီ​တောင်းလာသည့်အတွက် Yeosang ဘယ်ညာကြည့်ရင်း လူလိုက်လာ၊မလာ ကြည့်လိုက်သည်။ မ​တွေ့​တော့မှ

"ဘယ်သူမှ မရှိပါဘူး"

"​ကျွန်မ​နောက် လိုက်လာတာ ​သေချာပါတယ်ရှင်။ ​စတိုးဆိုင်က​နေအပြန် လမ်းတစ်ဝက်​​​လောက် ရောက်ကတည်းက ကျွန်မ​နောက်က လိုက်လာတယ်ထင်တယ်။ ကျွန်မက အခန်း ၁၀၅ ကပါ။ အဆင်​ပြေရင် ကျွန်မအခန်း​ရှေ့ထိပဲ လိုက်ပို့​ပေးပါလားရှင်။ ကျွန်မတကယ်​ကြောက်​နေလို့ပါ။ ကူညီပါရှင်။"

အားနည်းသူကို ကူညီရမယ်ဆိုတဲ့ စိတ်က ​မွေးကတည်းရှိနှင့်​​နေပြီး ထမ်း​ဆောင်​နေတဲ့ တာဝန်ကလည်း ရဲဝန်ထမ်းဖြစ်သည့်အား​လျော်စွာ Yeosang သူ့အခန်းကို ​သော့ခတ်ပြီး ထိုမိန်းက​လေးကို သူ့အခန်းလိုက်ပို့​ပေးလိုက်သည်။

"ကျွန်မက တစ်​ယောက်တည်း​နေတာပါ။ ​မွေးကတည်းက တစ်​ယောက်တည်း​ပေါ့။ ​ပြောရရင် မိဘမဲ့​ပေါ့။ ကျွန်မ အစ်ကိုက ရဲမှန်း သိပါတယ်။ အစ်ကိုသာ သတိမထားမိတာ။ အစ်ကို ရဲဝတ်စုံနဲ့ ပြန်လာတာကို ကျွန်မ ခဏခဏ​တွေ့ဖူးပါတယ်။ အဲ့ဒါ​ကြောင့်လည်း အားကိုးပြီး အကူအညီ ​တောင်းလိုက်တာပါ။ ကျွန်မ​နောက်က လူလိုက်လာတယ်ဆိုတာလည်း တကယ်ပါ။ ကျွန်မရဲ့ အသိလား ဘာလား​တော့ ကျွန်မလည်း ​သေချာမမြင်ရလို့ မသိဘူး။"

လိုက်ပို့တဲ့ လမ်းတစ်​လျှောက် ထိုမိန်းက​လေး​ပြောတာကို နား​ထောင်ရင်း လိုက်လာခဲ့သည်။ ထိုမိန်းက​လေး အခန်း​ရှေ့​ရောက်​တော့

"သတိထား​ပေါ့။ တစ်​ယောက်တည်း ​နေတယ်ဆိုလည်း အပြန်ကို မိုးမချုပ်​စေနဲ့။ ဖြစ်နိုင်ရင် မိတ်​ဆွေတစ်​ယောက်​ယောက်ကို အကူအညီ​တောင်းကြည့်ပေါ့။"

"အဟင်း...ကျွန်မမှာ မိတ်​ဆွေရယ်လို့ မရှိပါဘူး။ ​မွေးကတည်းက တစ်​ယောက်တည်း ​နေလာတာများပါတယ်။ အ​ပေါင်းအသင်းဆိုတဲ့ သူ​တွေကလည်း သာတုန်းသာ ​ပေါင်းတာ နာလည်းနာ​ရော ​​​ပျောက်သွားလိုက်ကြတာများ"

Everything I do, I do it For You (Unicode Only)Where stories live. Discover now