အခန်း ၃၂

53 13 0
                                    

"Lucy က ဘယ်လိုဖြစ်ပြီး..."

Yeosang ​မေးလာသည်ကို ပြန်​ဖြေစရာ Wooyoung မှာ အ​ဖြေမရှိ။

"အ​လောင်းသွားစစ်ကြမလား"

သူ​မေးလိုက်​တော့ Yeosang က

"မစစ်နဲ့ဦး သူမ​နေ့က ဘယ်​တွေသွားခဲ့တယ် ဘယ်သူနဲ့​တွေ့ခဲ့တာဆိုတာ အရင်လိုက်ရ​အောင်"

ဟု ဆိုလာသဖြင့် သူလည်း သ​ဘောတူပြီး Yeosang နဲ့အတူ Lucy အ​ကြောင်း စုံစမ်းခဲ့သည်။ သူတို့စုံစမ်းချက်အရ သိရတာက Lucy က Kevin နဲ့အတူ bar တစ်ခုမှာ ​တွေ့ပြီး သူ့အိမ်ကိုအတူပြန်သွားသည်ဟု သိရသည်။ အဲ့ဒါ​ကြောင့် Lucy ရဲ့အိမ်က အဝင်အထွက် CCTV ကို စစ်ကြည့်​တော့ Kevin နဲ့အတူ အိမ်ထဲဝင်သွားတာ ​တွေ့ရပြီး ၃ နာရီ​လောက် ကြာ​တော့ Kevin ပြန်ထွက်သွားသည်ကိုလည်း ​တွေ့ရသည်။ ထို့​နောက်တွင် မည်သည့်လှုပ်ရှားမှုမှ မ​တွေ့ရ။ ဒါဆို Lucy က အိမ်က မထွက်ခဲ့ဘူးလား။ သူ​သေဆုံးချိန်ကလည်း Kevin သွားပြီးမှ ဖြစ်တာဆို​တော့ Kevin ကိုလည်း သွား​မေးလို့မရ။ ဒါ့အပြင် သက်​သေမပါဘဲ သွားမထိရဟု သတိ​ပေးခံရထားသည် မဟုတ်​လော။ Wooyoung တစ်​ယောက် Jongho ဆီ ဖုန်းဆက်လိုက်သည်။

"Hello"

"Hello ... စခန်းမှူး ... Lucy ရဲ့အ​​လောင်းကိုဘယ်မှာ​တွေ့တာလဲ"

"သူ့အိမ်မှာ​တွေ့တာ ... ဒီမနက် အရာရှိ Won က Lucy ကို သူ့ဆီ​ခေါ်ခဲ့ဖို့ လူလွှတ်ရင်း ​တွေ့တာတဲ့"

"Ah ... ဟုတ်ကဲ့ ... ကျွန်​တော်တို့ အ​ကြောင်းထူးတာနဲ့ အ​ကြောင်းပြန်ပါ့မယ်"

​ပြောပြီး Wooyoung ဖုန်းချလိုက်သည်။ ထို့​နောက် Yeosang ဘက်ကို လှည့်ပြီး

"အိမ်မှာပဲ ​​တွေ့တာတဲ့ အ​လောင်းကို ... ဘယ်အချိန် လူသတ်သမားက ဝင်သတ်သွားတာလဲ ... CCTV မှာလည်း ​ခြေရာလက်ရာ မကျန်ဘူး"

Wooyoung ​ပြောလိုက်ရင်း

"ကွင်းဆက်လူသတ်မှုနဲ့ဆိုင်မယ်ထင်လား"

သူ​မေးလိုက်​တော့ Yeosang က

"အ​လောင်းကို သွားကြည့်ရ​အောင်"

ဟု ​ပြောလာသဖြင့် သူလည်း ​ခေါင်းညိတ်ပြကာ ရင်ခွဲရုံသို့ ထွက်လာခဲ့သည်။

Everything I do, I do it For You (Unicode Only)Место, где живут истории. Откройте их для себя