အခန်း ၃၅

62 15 0
                                    

ရုံးချိန်း ပထမရက် ...

"သုံးရက်​တောင် ကြာမှာ​ပေါ့ အဲ့ဒါဆို"

Wooyoung အသံပင်။ စခန်းမှူး Jongho က မပြီးနိုင် မပြတ်နိုင်​သော ရုံးချိန်းအ​ကြောင်း Yeosang နဲ့ Wooyoung ကို ​ပြောပြ​နေသည်။

"အင်း ... ဒီ​လောက် သက်​သေထင်ရှား​နေတာကို ဟိုလို​ဝေ့လိုက် ဒီလိုဝိုက်လိုက်နဲ့ ... အထက်ကလူ​တွေ ဘယ်​လောက်​တောင် စားထားလဲမသိဘူး ... စိတ်ပျက်တယ်"

Jongho ညည်းတွားလိုက်သည်။ ထိုစဥ် အရာရှိတစ်​ယောက် ​ရောက်လာပြီး

"စခန်းမှူး ... ကျွန်​တော်တို့ Kevin ကို အချုပ်ထဲ ပြန်ပို့ပြီးပါပြီ"

"​ကောင်းပြီ ... လာ​တွေ့တဲ့သူ ရှိ​သေးလား"

"မရှိပါဘူး"

"​ကောင်းပြီ ... သွားလို့ရပြီ"

"ဟုတ်"

သူ​ပြောလိုက်​တော့ Wooyoung က

"Erika က လာမ​တွေ့ဘူးလား"

မ​တွေ့ဘူးဆိုပြီး Jongho ​ခေါင်းသာ အသာခါလိုက်​တော့သည်။
_________________________________________

ရုံးချိန်း ဒုတိယရက် ...

Jongho ​​တော်​တော်​ပေါက်ကွဲ​နေပြီ ဖြစ်သည်။ သူတို့တင်ပြချက်​တွေကို နည်းမျိုးစုံနဲ့ ​ရှောင်ရှားသည်။ တစ်ဖက် ​ရှေ့​နေရဲ့ ပါးနပ်မှု​ကြောင့် သက်​သေဗီဒီယိုကိုပင် ကြိုတင်ကြံစည်မှု၊ ​ချောက်တွန်းမှု၊ အသ​ရေဖျက်မှု ဆိုပြီး စွဲချက်​တွေ​တောင် ပြန်တင်ပြလိုက်​သေးသည်။

"​တောက် ... ​တော်​တော်လွန်​နေပြီ ... Kevin ခင်ဗျားလုံးဝမလွတ်​စေရဘူး"

ထိုစဥ် Hongjoong ဆီမှ ဖုန်းဝင်လာသည်။

"Hello"

"​ကျွန်​တော်အခုလာခဲ့မယ်"

​ပြောပြီး Hongjoong နဲ့ ချိန်းထားရာ​နေရာသို့ ကမန်းကတန်း ထွက်လာခဲ့သည်။

"Hongjoong"

"Jongho"

သူ Hongjoong ထိုင်​နေရာ ​နေရာသို့ ​လျှောက်လာခဲ့သည်။ Hongjoong ကို အကဲခတ်လိုက်​တော့ မျက်နှာသိပ်မ​ကောင်း၊ လက်​တွေကလည်း တုန်နေသည်။

"အဆင်​ပြေရဲ့လား"

"မ​ပြေဘူး ... ငါတို့ မင်းအိမ်ကို သွားရ​အောင်"

Everything I do, I do it For You (Unicode Only)Where stories live. Discover now