အခန်း ၂၆

63 14 0
                                    

Jongho နဲ့ Mingi တို့ Kevin ၏ ရုံးခန်းသို့ ​ရောက်လာခဲ့ကြသည်။ ရုံးခန်းထဲတွင် ...

"Mr. Song က ဘာကိစ္စများလဲ"

သူတို့ကို မြင်​တော့ Kevin က ဆိုလိုက်သည်။ ထို Kevin ကို ကြည့်လိုက်​တော့ ထုံးစံအတိုင်း မျက်နှာဖုံးတပ်လျက်ပင်။

"ကျွန်​တော်တို့ AURORA စီမံကိန်းကို သိတယ်မလား ..."

Mingi က ​မေးလိုက်သည်။

"အဲ့စီမံကိန်းမှာ လူတစ်​ယောက်ဆုံးသွားတယ်"

"ကြားရတာ စိတ်မ​ကောင်းစရာဗျာ... ကျွန်​တော်ကူညီ​ပေးနိုင်တာ ရှိလို့များလား"

"ရှိတာ​ပေါ့ ... ဒါ​ပေမယ့် စီမံကိန်းနဲ့​တော့ မဆိုင်ဘူး"

​ပြောပြီး Mingi ထို Kevin ရဲ့ မျက်လုံးကို တည့်တည့်စိုက်ကြည့်လိုက်သည်။

"Kevin သိလား ... အဲ့လူက အလင်း​ရောင်​ဂေဟာမှာ ​နေဖူးတဲ့သူတဲ့"

"အလင်း​ရောင်​ဂေဟာ..."

မေးလာတဲ့ Kevin ​ကြောင့် Mingi ပြုံးလိုက်​သည်။ Okay ကစားချင်သပဆို ကစားတာ​ပေါ့။

"ဟုတ်တယ် အလင်း​ရောင်​ဂေဟာ။ ကျွန်​တော်တို့ စီမံကိန်းမှာ ဖြစ်တာဆို​တော့ ကျွန်​တော်တို့မှာ တာဝန်ရှိတယ်​လေ ... အဲ့ဒါ​ကြောင့် အလင်း​ရောင် ​ဂေဟာကို သွားစုံစမ်းခဲ့တယ် ... Kevin သိလား အဲ့မှာ ကျွန်​တော်သတင်းတစ်ခု ရခဲ့တယ်"

"ခဏ​လေး Mr. Song ​ပြော​နေတာ​တွေက ကျွန်​တော်နဲ့ မသက်ဆိုင်သလိုပဲ"

"​ဖြေး​ဖြေး​ပေါ့ ... ​မ​လောပါနဲ့ ... အဲ့သတင်းက ဘာလဲ မသိချင်ဘူးလား"

​ပြောရင်း Mingi ဆိုဖာကို မှီထိုင်​နေရာမှ အ​ရှေ့သို့ အနည်းငယ် ကိုင်းလိုက်သည်။ Kevin က ​ပြော​လေဆို​သော သ​ဘောနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြသည်။

"အဲ့​ဂေဟာ မီး​လောင်တုန်းက အလှူရှင်တစ်​​ယောက် ပေါ်လာတယ် ... အဲ့အလှူရှင်က နာမည်မ​ဖော်ဘဲ bank account က​နေ ​ငွေလွှဲလိုက်တာ ... အဲ့အလှူရှင်က ဘယ်သူလဲ သိလား"

Mingi ​ပြောရင်း Kevin ရဲ့ အပြုအမူကို အကဲခတ်​နေလိုက်သည်။

"ကျွန်​တော်​လေ အဲ့အလှူရှင်က ... အဲ့ဒါ ဆန်းလို့လား"

Everything I do, I do it For You (Unicode Only)Where stories live. Discover now